ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ်သီအိုဒိုမက်ကားရစ်အား ဆရာတော်အဆင့်မှ သာမန်ကက်သလစ်ဘာသာဝင် အဆင့်သို့ အဆင့်လျှော့ ဒါဏ်ပေး

၂၀၁၉ ခုနှစ်၊ ဖေဖဝါရီလ ၁၆ ရက် CNA

ရဟန်းမင်းကြီးဖရန်စစ်က ကလေးသူငယ်များအား လိင်စော်ကားခြင်း၌ နာမည်ကြီးသော အမေရိကန် နိုင်ငံမှ ဝါရင့်သော ကာဒီနယ် သီအိုဒို မက်ကားရစ်အား အပြစ်ဒါဏ်အဖြစ် ဆရာတော်နှင့်ရဟန်းအဖြစ်မှ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၌ ရုတ်သိမ်းတော်မူ လိုက်သည်။ ထို့သို့ ရုတ်သိမ်းလိုက်ခြင်းကြောင့်၊ ကာဒီနယ် သီအိုဒို မက်ကားရစ်သည် သာမန်ကက်သ လစ်ဘာသာဝင်အဆင့်သာ ရှိတော့မည် ဖြစ်သည်။

သီအိုဒို မက်ကားရစ် အသက် (၈၈) သည် အမေရိကန်နိုင်ငံ ဝါရှင်တန် ဂိုဏ်းချုပ် ဆရာတော် အငြိမ်းစား နှင့် ကာဒီနယ် အငြိမ်းစားလည်း ဖြစ်သည်။ သူသည် အမေရိ ကန်နိုင်ငံ၏ ကက်သလစ်သာသနာတော်၊ သံတမန်နှင့် နိုင်ငံရေး အသိုင်းအဝန်းတွင် အလွန် ဩဇာရှိသော ရဟန်းဖြစ်သလို ကမ္ဘာအဝှမ်းနှင့် ဗာတီကန် အဆင့်အထိ လွှမ်းမိုးမှုကြီး သူလည်း ဖြစ်သည်။

ဗာတီကန်နိုင်ငံ၏ ယုံကြည်ခြင်းနှင့်ဆိုင်သောအယူဝါဒဆိုင်ရာဝန်ကြီးဌာနက တင်သွင်းသည့် ကက်သလစ် သာသနာတော် ပြစ်မှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ကာဒီနယ်မက်ကားရစ်အား နောက်ဆုံးတွင်မူ  ရဟန်း အဖြစ်မှ ရုတ်သိမ်းရန် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းနှင့်ဆိုင်သော အယူဝါဒဆိုင်ရာ ဝန်ကြီးဌာန၏ စုံစမ်း စစ်ဆေးရေးအရ မက်ကားရစ်သည် ]]အာပတ်ဖြေခြင်းစက္ကရမင်တူးကို အသုံးချ ခုတုံးလုပ်၍ မြူဆွယ်ခြင်း၊ အသက်မပြည့်သူများနှင့် အသက်ပြည့် လူကြီးများ အပေါ် ခရစ်ယာန်တို့၏ ပညတ်တော် အမှတ် (၆) ဖြစ်သည့် လိင်မှုကိစ္စ ကျူးလွန်ခြင်း၊ အခွင့်အာဏာအား အလွဲသုံး စားပြုသည့် သက်သေများ}} တွေ့ရသည့်အတွက်ဟု ဗာတီကန်နိုင်ငံ၏ ပြန်ကြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ကက်သလစ်သာသနာတော်၏ ပြစ်မှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ရဟန်း အမတ် မက်ကားရစ် သည် ခိုင်မာသော သက်သေများဖြင့် ပြစ်မှု ထင်ရှားသည့် အတွက် စီရင်ချက် ချခဲ့ခြင်းဖြစ်ကာ ခုံရုံးဖွဲ့ အမှုစစ်ရန် မလိုအပ်တော့ဟု သတ်မှတ်သည်။

ရဟန်းမင်းကြီးဖရန်စစ် ကိုယ်တိုင်က ကာဒီနယ် မက်ကားရစ် အမှုတွဲ စီရင် ဆုံးဖြတ်ချက်အား  အတည်ပြု သောကြောင့် တရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပိုင် ဖြစ်ရာ ကာဒီနယ် မက်ကားရစ်သည် အပြစ်ဒါဏ်ကို ကျခံရန် သာ ရှိတော့သည်။ ကက်သလစ် သာသနာတော်၏ ပြစ်မှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းအရ သူသည် သာသနာတော်မှ မည်သည့်ထောက်ပံ့ကြေးကို ရရှိမည်မဟုတ်တော့ပေ။

ကုန်ဇမှုန်း

869  Views
Previous: သန်လျင် ပေါ်တူဂီဘုရားကျောင်း ပထမဆုံး မြေသန့်မင်္ဂလာ ပူဇော်ပွဲ ပြုလုပ်
Next: ယခင် အစိုးရ၏ စီမံကိန်းများ ဖျက်ချင်တိုင်း ဖျက်မရဟု အတိုင်ပင်ခံ ပြော ကလေးမြို့တွင် ဒေသခံ လူထုနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်