ကမ္ဘာ့ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် သန်းထောင်ပေါင်း ၁.၂၂၈ ရှိနေပြီဟု ဗာတီကန်ရုံးတော်မှ ထုတ်ပြန်

22-b

ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် တကမ္ဘာတစ်ဝှမ်းလုံးတွင် သန်းထောင်ပေါင်း ၁.၂၂၈ (နှစ်စဉ် ၁.၁၄% တိုးတက်နေ) ရှိနေပြီဟု ဗာတီကန်နန်းတော်၏ ၂၀၁၂ ခုနှစ်၏ ှStatistical Yearbook of the Church စာရင်းဌာနမှ ထုတ်ပြန်လိုက်သည်။

၎င်းအစီရင်ခံစာအရ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကက်သလစ်ရဟန်းများ၊ ရာသက်ပန်ဦးပဉ္စင်းကြီးများနှင့် သစ္စာသုံးပါးခံ သူတော်စင်များ၏ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် သိသာစွာ တိုးတက်များပြားလာခဲ့သော် လည်း သစ္စာသုံးပါးခံအမျိုးသမီး သူတော်စင်များနှင့် ရဟန်းဖြစ်သင်ကျောင်းသားများ၏ ဦးရေသည် ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်အကုန်တွင်၊ ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာ ဝင်ဦးရေသည် သန်းထောင်ပေါင်း ၁.၂၂၈ (သန်းပေါင်း တစ်ထောင့်နှစ်ရာနှစ်ဆယ်ရှစ်) သို့ရောက်နေရာ တစ်နှစ်လျှင် သိန်းပေါင်း တစ်ရာ့လေးဆယ် (၁.၁၄%) တိုးတက်နေခြင်းကို ညွန်းပြနေသည်။ ၎င်း၊ ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းထောင်ပေါင်း ၁.၂၂၈ (သန်းပေါင်း တစ်ထောင့်နှစ်ရာနှစ်ဆယ်ရှစ်) သည် ကမ္ဘာ့လူဦးရေ၏ ၁၇.၅ % ကိုသာ ကိုယ်စားပြုနေသေးသည်။ ကမ္ဘာ့လူဦးရေ၏နှစ်စဉ်တိုး တက်နှုန်းသည် ၁.၀၉% ဖြစ်သည်။

၎င်းဗာတီကန်နန်းတော်၏ စစ်တမ်းကောက်ယူချက်ထဲတွင် ကက်သလစ်ခရစ်ယာန်ဘာသာဝင် လူဦးရေပေါင်း သိန်းပေါင်းလေးရာရှစ်ဆယ် (၄.၈ သန်း) မပါဝင်နိုင်ဟု ခန့်မှန်းထားကြောင်း၊ ထိုသို့မပါ ဝင်နိုင်ရခြင်းမှာ တရုတ်နိုင်ငံနှင့်မြောက်ကိုး ရီးယားနိုင်ငံတို့က ဗာတီကန်ရဟန်းမင်းကြီးရုံးတော်သို့ တိကျသော လူဦးရေကိန်းဂဏန်းများကို မပို့ပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဗာတီကန်က ထုတ်ပြန်လိုက် သည်။

၎င်းကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေစာရင်းထဲတွင် လူဦးရေအများဆုံးရှိသော တိုက်သည် အမေရိကတိုက် ဖြစ်ပြီး ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေ၏ ၆၃.၂% ကို ကိုယ်စားပြုနေပြီး အာရှတိုက်သည် ကမ္ဘာ့ကက်သလစ် ခရစ်ယာန်ဘာသာဝင်ဦးရေအနည်းဆုံးရှိသော တိုက် ဖြစ်ကာ ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေ၏ ၃.၂% ကိုသာ ကိုယ်စားပြုနေသေးသည်။

ကက်သလစ်ခရစ်ယာန်သာသနာတော်သို့ ဝင်ရောက်လာသော ၂၀၁၂ ခုနှစ်အတွင်းတွင် ဆေးကြောခြင်း ခံယူသော ကလေးနှင့်လူငယ်များ၏ စာရင်းသည် သန်းပေါင်း ၁၆.၄ (တစ်ရာခြောက်ဆယ်လေး သန်း) ရှိသည်ဟု ဖော်ပြထားသည်။ တကမ္ဘာလုံးရှိကက်သလစ်ဆရာတော်ကြီးများ၏ ဦးရေမှာ ၅၁၃၃ ပါး၊ ကက်သလစ်ရဟန်းများ၏ဦးရေသည် ၄၁၄၃၁၃၊ ရာသက်ပိုင် ဦးပဉ္စင်းကြီးများသည် ၄၂၁၀၄ ပါး၊ သစ္စာသုံးပါးခံအမျိုးသားသူတော်စင်ဦးရေမှာ ၅၅၃၁၄ ပါး၊ သစ္စာသုံးပါးခံအမျိုးသမီး သူတော်စင်ဦးရေမှာ ၇၀၂၅၂၉ ပါးတို့ ရှိကြသည်ဟု ဖော်ပြထားသည်။ ကက်သလစ်ရဟန်းဖြစ်ကျောင်းသား (ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီသင်ကြားနေသူများ) လောင်းဦးရေမှာ ၁၂၀၆၁၆ ဖြစ်သည်။

၎င်းထုတ်ပြန်ချက်အရ၊ ကက်သလစ်ရဟန်းများ၏ဦးရေသည် အာရှတိုက်တွင် ၁၃.၇% ဖြင့်တိုးတက်မှု အများဆုံး၊ ဖရိကတိုက်တွင် သာမန်တိုးတက်နေခြင်းများ ရှိနေသော်လည်း အမေရိကတိုက်၊ ဥရောပနှင့်ပင်လင်ကျွန်းများနိုင်ငံများတွင်မူ အနည်းငယ် ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။ ၀၀၄ ဂျိုးဇက်

1570  Views
Previous: ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဂျာမဏီနိုင်ငံ၏ အထောက်အပံ့ ယူရို ၇သန်း ရရှိ
Next: ရဟန်းမင်းကြီးဖရန်စစ်နှင့်အော်သဒေါ့အသင်းတော်ခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံခြင်း