ဆရာတော်ဆိုတေးရိုဖာမောသည် ကျန်းမာရေးမကောင်းသောကြောင့် ဆရာတော့်တာဝန်မှ အနားယူတော်မူ

ဆရာတော်ကြီး ဆိုတေးရို

ဧပြီလ ၂၆၊ ဗာတီကန်

လွိုင်ကော်ကက်သလစ်ဆရာတော်ဆိုတေးရိုဖာမောသည် ကျန်းမာရေးမကောင်းသောကြောင့် ရဟန်း မင်းကြီးအား ကာနွန်ဥပဒေ ၄၀၁၊ အပိုဒ်ငယ် ၂ အရ အနားယူခွင့်လျှောက်ထားရာ ရဟန်းမင်းကြီးက ဆရာတောဆိုတေးရိုဖာမော၏ စာကို လက်ခံကာ ဆရာတော့်တာဝန်မှ အနားယူခွင့်ပြုလိုက်သည်။

ဆရာတော်ကြီးသည် မြန်မာနိုင်ငံကက်သလစ်စာပေ ထွန်းကားတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်ခဲ့သူ ဖြစ်တော်မူပြီး မြန်မာနိုင်ငံကက်သလစ်ကျမ်းစာအုပ်ကိုလည်း မြန်မာလိုဘာသာပြန်ဆိုထုတ်ဝေရာတွင် အဓိကတာဝန်ယူလုပ်ကိုင်တော်မူခဲ့သည်။

ထိုကဲ့သို့သော လုပ်ငန်းများအကြားတွင် သူ၏ အနားယူသွားခြင်းသည် မြန်မာပြည်ကက်သလစ် စာပေလောက ရှင်သန်နိုင်ရေးတွင် ထိုးနှက်မှုတစ်ရပ်အဖြစ် သုံးသပ်အပ်ပါသည်။

1564  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်နှင့်အော်သဒေါ့အသင်းတော်ခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံခြင်း
Next: ကျောထောက် နောက်ခံရှိ၍ ဥပဒေချိုးဖောက်မှု ဆက်တိုက်ကျူးလွန်တာလားဟု ရာဇာမင်းယာဉ်လိုင်းအပေါ် မေးခွန်းထုတ်လာ