ဆရာတော်လူကားစ် ဒေါင်ဇေက လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်အဖြစ် တာဝန်ယူပြီ

ဆရာတော်လူကားစ် ဒေါင်ဇေက လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်အဖြစ် ဇွန်လ (၂၄) ရက်နေ့မှစပြီး စတင်တာဝန်ယူလိုက်ပြီ ဖြစ်သည်။


ဆရာတော်ဖိလစ်ဇေဟာင်းသည် အသက် (၇၅) နှစ်ပြည့်ပြီဖြစ်သောကြောင့် ကက်သလစ်သာသနာတော်၏ကာနွန်ဥပဒေအရ၊ လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်အဖြစ် (၂၂) နှစ်တိုင် ဦးဆောင်ခဲ့ပြီးနောက် ဇွန်လ (၂၄) ရက်နေ့က အနားယူလိုက်ပြီဖြစ်သည်။ ဆရာတော်ကြီးသည် မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် အမှုတော်ကိုထမ်းဆောင်ရင်း၊ လားရှိုးကက်သလစ်ဆရာတော်ကြီးချားလ်စ်ဘိုကို ဆက်ခံရန်အတွက် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က လားရှို်းကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်တော်မူလိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဆရာတော်ဖိလစ်ဇေဟာင်းကို ဆက်ခံမည့် ဆရာတော်အဖြစ် ရဟန်းတော် လူကားစ်ဒေါင်ဇေ Lucas Jeimphaug Dau Ze ကို ရွေးချယ်တော်မူလိုက်သည်။

ဆရာတော်ဖိလစ်ဇေဟာင်းက ဆရာတော်ကြီး လူကားစ်ဒေါင်ဇေ Lucas Jeimphaug Dau Ze အား လားရှိုးဂိုဏ်းအုပ်ဆရာတော်အဖြစ် သိုးထိန်းတာဝန်လွဲအပ်ခြင်းကို ကိုဗစ်ကာလဖြစ်ခြင်းကြောင့် ရဟန်း သီလရွင်အနည်းငယ်နှင့်သာသနာ့အကျိုးတော်ဆောင်အချို့များကိုသာ ဖိတ်ခေါ်ပြီး ဇွန်လ (၂၄) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။ ဂျိုးဇက်ကုန်ဇမှုန်း

947  Views
Previous: ဆရာတော်ဖိလစ်ဇေဟာင်းသည် လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်အဖြစ်မှ အနားယူပြီ
Next: ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ရန်ကုန်) ကို သြဂုတ်လ (၃) ရက်နေ့မှစတင်ဖွင့်လှစ်ရန် စီစဉ်နေ