အခမဲ့ပညာရေးစနစ်မှ မည်သည့်ကောက်ခံငွေကိုမဆို အရေးယူမည်

26-b

ချမ်းငြိမ်း


၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည့် အခမဲ့အလယ်တန်းပညာရေးတွင် ကျောင်သားဦးရေအလိုက် ရန်ပုံငွေများချထားပေးမည်ဖြစ်သည့်အတွက် ကျောင်းအပ်နှံစဉ် ငွေကြေးကောက်ခံပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းသိရသည်။

လာမည့်ပညာသင်နှစ်အတွင်း အလယ်တန်းအဆင့်ပညာရေးအတွက် ကျောင်းလခ၊ မိဘဆရာအသင်း၊ အားကစားကြေး၊ စာကြည့်တိုက်ရန်ပုံငွေနှင့် စာရေးကိရိယာကြေးများအပါအဝင် မည့်သည့် အလှူငွေ မျှ ကျောင်းသားမိဘများထံကောက်ခံမည်မဟုတ်ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

 “ငွေကြေးကောက်ခံမှုတွေရှိလာရင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ကနေ ရုံးချုပ်က တာဝန်ရှိသူတွေက မှန်၊မမှန် စိစစ်ပြီး ကျောင်းအုပ်ရဲ့လုပ်ဆောင်မှု အပြစ်အကြီးအသေးပေါ်မူတည်ပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ပုံငွေများကို မူလတန်းအဆင့်အတွက် ကျောင်းသားဦးရေ(၁၀၀)အောက်ကို သုံးသိန်း၊ ကျောင်းသား ဦးရေ(၄၀၀)အထက်ကို ခုနှစ်သိန်းရန်ပုံငွေများချထားပေးပြီး ကျောင်းလခ၊ကျောင်ဝင်ကြေး အခမဲ့ အပြင် ဗလာစာအုပ်(၆)အုပ်နှင့် ကျောင်းသားတစ်ဦးကိုငွေကျပ်(၁၀၀၀)ထောက်ပံ့မည်ဖြစ်သည်။

ထို့ပြင် ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်မှ စတင်ကာ အလယ်တန်းအဆင့်ပညာရေးတွင် ကျောင်းသား ဦးရေ(၅၀၀) အောက်ကို ကျပ်သုံးသိန်းမှငါးသိန်း၊ကျောင်းသားဦးရေ(၁၅၀၀)အထက်ကို ကျပ်ခြောက် သိန်းအထိ ပညာရေးဝန်ကြီးဌာနမှ ရုံးလုပ်ငန်းများအတွက် ရန်ပုံငွေများ ချထားပေးပြီးဖြစ်သည်ဟု သိရှိရသည်။

“ အစိုးရက မတောင်းရဘူးဆိုပေမယ့် ကလေးတွေကျောင်းအပ်တဲ့အခါ ကျောင်းသားတွေ ထိုင်ခုံဖိုး ဆိုပြီး တောင်းတယ၊် ပြီးရင်ဗလာစာအုပ်နဲ့ခဲတံနည်းနည်းပေးပြီး စာအုပ်နဲ့ခဲတံဖိုးဆိုပြီး လည်း တောင်း တယ်၊တစ်နည်းမဟုတ် တစ်နည်းနဲ့တောင်းနေတာပဲ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အခမဲ့ပညာသင်ကြားရေးအစီအစဉ်ကို မူလတန်းအတွက် ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်မှ စတင် ခဲ့ပြီး အလယ်တန်းပညာသင်ကြားရေးစနစ်ကိုယခုစာသင်နှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

1531  Views
Previous: နဝဒေးတံတားအောက်၌ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ပြည်မြို့ခံတို့ ဆန္ဒထုတ်ဖော်
Next: လူများကို တိုက်မိမည်စိုး၍ ဓါတ်တိုင်ကို ဝင်တိုက်လိုက်ရသည့်ယာဉ်တိုက်မှု လှည်းတန်း၌ ဖြစ်ပွား