လူများကို တိုက်မိမည်စိုး၍ ဓါတ်တိုင်ကို ဝင်တိုက်လိုက်ရသည့်ယာဉ်တိုက်မှု လှည်းတန်း၌ ဖြစ်ပွား

27-b

အောင်ကျော်ဟိန်း

မေလ (၂၃) ရက် ရန်ကုန်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးလမ်း၌ မေလ (၂၂)ရက် ညနေ (၁၄း၅၀) အချိန် ခန့်က ခရီးသည်တင်ယာဉ်ဘရိတ်ပေါက်ပြီး လှည်းတန်းကုန်းဆင်းဘေး ကျောင်းရှေ့မှတ်တိုင်အနီး ဓါတ်တိုင်ကို ဝင်ရောက်တိုက်မိမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရှိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်မှာ အဓိပတိ ပါရီမီ (အဝါ) ယာဉ်လိုင်းဖြစ်ပြီး ဓါတ်တိုင်ကို ဝင်ရောက်တိုက် မိ သောကြောင့် ဓါတ်တိုင်ကျိုးပြီး လျှပ်စစ်မီးလေးနာရီအကြာခန့် ပြတ်တောက်ခဲ့ကြောင်း အခင်းဖြစ်နေရာ ၌ သိရှိရသည်။

ကမာရွတ်မြို့နယ် ၊လှည်းတန်းဈေးလမ်းအတိုင်း ၊ကြည့်မြင်တိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ် ဘက်သို့ ယာဉ်မောင်းနိုင်ဝင်းအောင် (၂၆-နှစ်) ၊ တောင်ဥက္ကလာပနေသူ မောင်းနှင်လာ သည့်1G———-အဓိပတိ အဝါရောင်ယာဉ်ဖြစ်သည်။

ဖြစ်စဉ်မှာ အဆိုပါ ခရီသည်တင်ယာဉ်သည် 2G——တိုရိုတာ လတ်ဆတ်ခဲရောင်(ကိုယ်ပိုင်) ယာဉ်အား အနောက်မှဝင်ရောက်တိုက်မိပြီး ကားရပ်သွားကြောင်းနှင့် ကားမှာ ဘရိတ်ပေါက်၍ ဆက်လက် မမောင်းနှင်နိုင် တော့ကြောင်း ယာဉ်မောင်းမှ ယာဉ်ထိန်းရဲများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ကားဘရိတ်ပေါက် သွားသည့်အခါ ယာဉ်ထိန်းရဲမှ ကားကို ရွှေ့လို့ရမလားဟုဆိုကာ စမ်းမောင်း ခိုင်းကြောင်းနှင့် ယာဉ်မောင်းမှစမ်းမောင်းရာတွင်အနည်း ငယ်ရွှေ့လို့ ရသောကြောင့် ဖြေးဖြေး ချင်း ရွှေ့သည့်အခါတွင် ဘရိတ်ပေါက်ကာ လူများကို ဝင်တိုက်မိမည်ဆိုးသောကြောင့် ဓါတ်တိုင်အားဝင် တိုက်လိုက်ရခြင်းဖြစ်ကြောင်း ယာဉ်နောက်လိုက်က ပြောသည်။

ကျွန်တော်တို့ ဖြေးဖြေးချင်းရွှေ့ကြည့်တယ်။ အဲဒီအချိန်မှာ ဘရိတ်ကလစ်သွားပြီး ကျွန်တော်ရော၊ ရဲရော၊ ဂျမ်းတုံးတွေလိုက်ခုတယ်။မရဘူး ၊ဂျမ်းတုံးပေါ်ကျော်တက်ပြီး ယာဉ်မောင်းက ဘရိတ်လစ် သွားပြီ ဘေးကို ၊ဘေးကိုအော်ပြီး လူတွေကို ဝင်တိုက်မှာစိုးလို့ လမ်းပေါ်ဆွဲတင်ပြီးဓါတ်တိုင်ကို ဝင်တိုက် လိုက်ရတယ်။ ဟု ယာဉ်နောက်လိုက်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဓါတ်တိုင်ကျိုးပြီး လျှပ်စစ်မီး လေးနာရီအကြာ လှည်းတန်းလမ်းမနှင့်ပေ (၅၀)လမ်း၊ လှည်းတန်းလမ်းသွယ်(၄-၅-၆-၇)လျှပ်စစ်မီးပျက်တောက်ခဲ့သည်ဟု ကမာရွတ်မြို့နယ်၊ လျှပ်စစ် အရေးပေါ်ဌာနမှ အလိုင်းမင်းတာဝန်ခံ ကိုသန့်ဇော်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ နိုင်ဝင်းအောင်အား ကမာရွတ်မြို့နယ်၊ ရဲစခန်း က ယာဉ် (ပ) ၄၀/၂၀၁၄ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိသည်။

1525  Views
Previous: အခမဲ့ပညာရေးစနစ်မှ မည်သည့်ကောက်ခံငွေကိုမဆို အရေးယူမည်
Next: HIV ဝေဒနာဖြင့် သေဆုံးသူများအတွက် ဘာသာကြီးလေးခုမှ ပြည်မြို့၌ ဆုတောင်းပွဲပြုလုပ်