ရဟန်းမင်းကြီးဖရန်စစ်က ကာနွန်ဥပဒေ ပုဒ်မ (၂၃၀) ကိုပြင်ပြီး ကက်သလစ်အမျိုးသမီးများအား တရားထောက်သိက္ခာနှင့်ကျမ်းစာဖတ်သိက္ခာတို့ကို တရားဝင်ခံယူခွင့်ပြုလိုက်တော်မူ

ရဟန်းမင်းကြီးဖရန်စစ်က ကာနွန်ဥပဒေ ပုဒ်မ (၂၃၀) ကိုပြင်ပြီး ကက်သလစ်အမျိုးသမီးများအား တရားထောက်သိက္ခာနှင့်ကျမ်းစာဖတ်သိက္ခာတို့ကို ခံယူခွင့်ပြုလိုက်တော်မူသည်။ ရဟန်းမင်းကြီး က ၎င်းဥပဒေပြင်ဆင်ချက်နှင့်ကက်သလစ်အမျိုးသမီးများအား တရားထောက်သိက္ခာနှင့် ကျမ်းစာဖတ်သိက္ခာ တို့ကို ခံယူခွင့်ပြုသော Spiritus Domini, ““ဘုရားသခင်၏ဝိညာဉ်တော်”” ဟူသော အမိန့်စာကို ဇန်နဝါရီလ (၁၁) ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ၂၀၂၀ ခုနှစ်အထိ ကက်သလစ်သာသနာတော်တွင် အသုံးပြုနေသော ကာနွန်ဥပဒေ ပုဒ်မ (၂၃၀) တွင် သာမန်ဘာသာဝင်အမျိုးသားများ Lay men ဟု အနက်ရသော ဝေါဟာရ အား သာမန်ကက်သလစ်ဘာသာဝင်အမျိုးသားနှင့်အမျိုးသမီးများ Lay persons ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

 

မူရင်းဥပဒေစာသားမှာ၊ ““ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ချမှတ်ထားသော အရည်အချင်းနှင့် အသက်အရွယ်တို့ကို ပိုင်ဆိုင်ထားသော သာမန်ကက်သလစ်ဘာသာဝင် အမျိုးသားနှင့် အမျိုးသမီးများသည် ဝတ်ပြုကိုးကွယ်ခြင်းတို့၌ တရားထောက်ခြင်းနှင့် ကျမ်းစာဖတ်ခြင်းအမှုတော်တို့ကို ခံယူရရှိနိုင်သည်။ သို့သော် ကက်သလစ်သာသနာတော်သည် ၎င်းအမှုတော်ကို ဆောင်သူများအား ထောက်ပံ့ကြေးများကို ပေးကမ်းမည် မဟုတ်”” ဟု အတိအလင်း ပြဌာန်းထားသည်။

Can. 230 §1. Lay persons who possess the age and qualifications established by decree of the conference of bishops can be admitted on a stable basis through the prescribed liturgical rite to the ministries of lector and acolyte.

Nevertheless, the conferral of these ministries does not grant them the right to obtain support or remuneration from the Church.

တကယ်တော့၊ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်သာသနာတော် များစွာတို့တွင် အမျိုးသမီးများအား တရားထောက်ခြင်းနှင့် ကျမ်းစာဖတ်ခြင်းတို့အမှုတော်ကို ထမ်းဆောင်နေကြသော်လည်း ဥပဒေအရက တရားဝင် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်၊ တရားထောက်သိက္ခာနှင့် ကျမ်းစာဖတ်သိက္ခာတို့သည် ကက်သလစ်ရဟန်း သိက္ခာကို ခံယူကြရမည့် ကက်သလစ်ရဟန်းလောင်းများအတွက် သိက္ခာငယ်များ ဖြစ်ကြသည်။ ထို့ကြောင့် ကက်သလစ်အမျိုးသမီးများသည် ရဟန်းမဖြစ်နိုင်ဟု ကက်သလစ်သာသနာတော်က သွန်သင်ပိတ်ပင်ထား သည် ဖြစ်ရာ၊ ၎င်းသိက္ခာငယ် (၂) ခုကိုပါ ကက်သလစ်အမျိုးသမီးများသည် ခံယူခွင့် မရရှိခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ရဟန်းမင်းကြီးဖရန်စစ်က ကာနွန်ဥပဒေ ပုဒ်မ (၂၃၀) ကိုပြင်ပြီး ကက်သလစ် အမျိုးသမီးများအား တရားထောက်သိက္ခာနှင့်ကျမ်းစာဖတ်သိက္ခာတို့ ခံယူခွင့်ကို ခွင့်ပြုလိုက်တော်မူသည်။

1357  Views
Previous: Pope Francis opens ministries of lector and acolyte to Catholic Women:
Next: ညောင်လေးပင်မြို့ရှိ (၁၁၉)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော်ကြီးအား (ဖေဖော်ဝါရီလ ၅ ရက်မှ ၁၄ ရက်နေ့အထိ) အထိကျင်းပမည်