ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး (ဒီချုပ်အစိုးရခန့်အပ်ခဲ့သော သံအမတ်ကြီး) ဦးကျော်မိုးထွန်းက တပ်မတော်၏အာဏာသိမ်းမှုကိုဆန့်ကျင်ရန်အပါအဝင် အချက်ခြောက်ချက်ကို ကမ္ဘာသို့တောင်းဆိုသောမိန့်ခွန်းပြောကြားသွား

တပ်မတော်၏အာဏာသိမ်းမှုကို ပြင်းထန် စွာရှုတ်ချကြောင်း ကမ္ဘာ့နိုင်ငံများကထုတ်ပြန်ရန်၊ စစ် အစိုးရကိုမည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုရန်အ ပါအဝင် အချက်ခြောက်ချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် ကျင်းပသော ကုလအထွေထွေညီလာခံ၌ တောင်းဆို ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေညီ လာခံ၌ မြန်မာ့အရေးနှင့်ပတ် သက်၍ ဖေဖော်ဝါရီ (၂၆) ရက်တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော် မိုးထွန်းက အာဏာသိမ်းတပ်မ တော်ကို အသိအမှတ်မပြုဘဲ ရွေး ကောက်ခံ အင်န်အယ်လ်ဒီအစိုးရ ခန့်အပ်သည့် သံအမတ်ကြီးတစ် ဦးအဖြစ် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။

‘‘စစ်တပ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်ရေး၊ မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ အ ခြားမတရား ထိန်းသိမ်းခံထားရသူ များချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံ တော်အာဏာပြည်သူထံ ပြန် လည်ရရှိရေး၊ ဒီမိုကရေစီပြန် လည်ရရှိရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည် ထောင်ရေး ဒီအရေးတော်ပုံကြီး အောင်မြင်ရေး မိမိတို့အလွှာအ သီးသီးမှ ပြည်သူ၊ ပြည်သားများ အားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ အတူတကွလက်တွဲ ဆောင်ရွက်နေတာကို ကျေးဇူးအ ထူးတင်ရှိပါတယ်။ ဆက်လက် ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါ တယ်ခင်ဗျာ။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည် ဖြစ်ပါသည် ခင်ဗျာ။ ပြည်သူသာအဓိက။ အ ရေးတော်ပုံ အောင်ရမည်’’ဟု ၎င်း ၏မိန့်ခွန်းအဆုံးသတ်တွင် မြန်မာ ဘာသာစကားဖြင့် အာဏာရှင် စနစ်ဆန့်ကျင်ရေး အမှတ်သင်္ကေ တ လက်သုံးချောင်းထောင်ကာ ပြောကြားခြင်း ဖြစ်သည်။

 

ကုလဆိုင်ရာသံအမတ်ကြီး များသည် ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံကို အပြည့်အဝအကာအ ကွယ်ပေးကာ ပြောဆိုရလေ့ရှိ သော်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိစစ် ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူလူထု တစ်ရပ်လုံး တောင်းဆိုနေသည့် ဆန္ဒများကို ထည့်သွင်းပြောကြားပြီး သမိုင်း မှတ်တမ်းကောင်းကို ရေးထိုးခဲ့ ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဉ်သည် ကု လသမဂ္ဂ၌ ဖြစ်ခေါင့်ဖြစ်ခဲကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြီး လျှင် အဆင့်အမြင့်ဆုံးအစည်းအဝေး ဖြစ်သည့် အထွေထွေညီလာခံ၌ ပြောကြားမှုဖြစ်သဖြင့် တရားဝင် ကာ လိုအပ်ပါက လုံခြုံရေးကောင် စီအစည်းအဝေး ချက်ချင်းခေါ်ယူ နိုင်ကြောင်း သံအမတ်ကြီးတစ်ဦး ကမှတ်ချက်ပြုသည်။

‘‘ကုလကတော့ မကြုံစဖူးညီ ညွတ်လို့၊ ကိုယ့်ကိုယ်စားလှယ် ကိုယ်တိုင်ပါလို့ လိုအပ်တာလုပ် လို့ရပါပြီ’’ဟု ယင်းသံအမတ်ကြီး ကဆိုသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုသည့် ကျန်အချက်လေးချက်မှာ လွတ် လပ်ပြီးတရားမျှတသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကို စစ်အစိုးရကလေးစားရန်ကမ္ဘာ့ နိုင်ငံများကတိုက်တွန်းရေး၊ နိုင်ငံ တော်အာဏာကို ပြည်သူရွေး ကောက်ခံအစိုးရမရမချင်း တပ်မ တော်နှင့် ပူးပေါင်းဆောင်ရွက် ခြင်းမပြုရေး၊ အာဏာသိမ်းမှုချက် ချင်းအဆုံးသတ်ရန်နှင့် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်သူများကိုလုံခြုံ ရေးတပ်ဖွဲ့ဝင်များက ကျူးလွန် သည့်အကြမ်းဖက်မှု၊ သွေးထွက် သံယိုလုပ်ရပ်များ ရပ်တန့်ရန်ဖြစ် နိုင်သမျှသော အပြင်းထန်ဆုံးအ ရေးယူမှုများကို ကမ္ဘာ့နိုင်ငံများက လုပ်ဆောင်ရေးနှင့် CRPH (ပြည် ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ)ကို ကမ္ဘာ့နိုင်ငံများ ကကူညီပံ့ပိုးရေးတို့ဖြစ်သည်။

ကုလညီလာခံ၌ ပြောကြား သည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းကို မြန်မာပြည်သူများက စိတ်ဝင်စား မှုမြင့်မားစွာ စောင့်ကြည့်ရှုခဲ့ပြီး ယင်းအတွက် သံအမတ်ကြီးကမိန့် ခွန်းတစ်လျှောက် အင်္ဂလိပ်ဘာ သာဖြင့်ပြောကြားမှုမှ အဆုံးသတ်ခါနီး တွင် မြန်မာဘာသာဖြင့်ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘ပြည်သူတွေအတွက် အား အင်ဖြစ်သွားပါပြီ။ တစ်ဖက်မှာ လည်း စစ်အာဏာရှင်တွေအ တွက်ချောက်ချားစရာ အကျိုး သက်ရောက်မှုရှိပါတယ်။ အရေး တော်ပုံအောင်မြင်ဖို့ ပိုသေချာ သွားပါပြီ’’ဟု မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း ကမှတ်ချက်ပြုသည်။

သံအမတ်ကြီးဦးကျော်မိုး ထွန်းက မြန်မာ့ဒီမိုကရေစီသည် ဖွံ့ဖြိုးစဖြစ်ပြီး သမိုင်းတွင်အထင် ကရ သမိုင်းမှတ်တိုင်အဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။ ယင်းသည် မြန်မာပြည်သူလူထု ကိုယ်တိုင် ရွေးချယ်တင် မြှောက်ခြင်းဖြစ် ကြောင်း သံအမတ်ကြီးကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ၂၀၀၈ ဖွဲ့စည်း ပုံဥပဒေကို ပြောင်ပြောင်တင်း တင်းချိုးဖောက်ကာ အာဏာ သိမ်းမှုတစ်ခုနှင့်အတူ နိုင်ငံ၏အ ချုပ်အခြာအာဏာကို မတရား သောနည်းဖြင့် ထိန်းချုပ်လိုက် ကြောင်း သံအမတ်ကြီးကကုလ ညီလာခံ၌ပြောသည်။

ထို့အတွက် မြန်မာနိုင်ငံရှိ လူတန်းစား အလွှာအသီးသီးက စစ်တပ်၏ အထက်ပါတရားမဝင် သည့်လုပ်ရပ်အပေါ် တညီတ ညွတ်တည်းဆန့်ကျင်ခဲ့ကြပြီး စစ် တပ်ကလုပ်ဆောင်သမျှ အားလုံး သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ ဒီမိုကရေစီနည်း လမ်းနှင့်အညီ တင်မြှောက်ထား သည့်အစိုးရကို အဓမ္မဖယ်ရှား လိုက်ခြင်းဖြစ်ကြောင်း ဦးကျော်မိုး ထွန်းကပြောသည်။

ဆက်လက်၍ ယခုကဲ့သို့ အရေးကြီးချိန်တွင် စစ်အစိုးရကို ဆန့်ကျင်နေသည့် မြန်မာပြည် သူများကို အပြည်ပြည်ဆိုင်ရာအ သိုင်းအဝိုင်းက ခိုင်မာစွာဆက် လက်ပံ့ပိုးပေးရန်လိုအပ်ပြီးမြန်မာ ပြည်သူများကို ပံ့ပိုးပေးနေခဲ့သည့် နိုင်ငံများကိုလည်း ကျေးဇူးတင် ကြောင်း သံအမတ်ကြီး ဦးကျော် မိုးထွန်းကပြောကြားခဲ့သည်။

620  Views
Previous: The Catholic Bishops’ Conference of Myanmar released her second statement upon Myanmar political crisis
Next: NLD ပါတီကို အပြီးဖျက်သိမ်းပေးဖို့ ပါတီတချို့က ကော်မရှင်ကို တောင်းဆို