စစ်ကောင်စီက တိုင်း/ပြည်နယ်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ခံများကို ကောင်းမွန်စွာဆက်ဆံပြီး ပြန်လွှတ်ပေးလိုက်ပြီ

ဆလိုင်းကုန်ဇမှုန်း

စစ်ကောင်စီက တစ်လကျော် ထိန်းသိမ်းသော နိုင်ငံတစ်ဝှမ်းမှ တိုင်း/ပြည်နယ်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ခံများကို ကောင်းမွန်စွာဆက်ဆံပြီး မတ်လ (၁၇) ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ ချင်းပြည်နယ် ဟားခါးမြို့နယ်ရွေးကော်မှအရာရှိဖြစ်သော ဆလိုင်းထောင်ပီးက၊ မနေ့ည (မတ်လ ၁၇) ရက်နေ့ညနေက ကျွန်တော်တို့အားလုံးကို လွှတ်ပေးလိုက်ပါပြီ။ ကျွန်တော်တို့ကို ထိန်းသိမ်းတဲ့ကာလအတွင်းမှာ၊ စစ်တပ်ဖက်က သိချင်တာတွေကိုသာ မေးမြန်းပြီး မိမိတို့ဖက်က သူတို့နဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ စစ်တပ်ဖက်က တောင်းဆိုတယ်။ စစ်တပ်က ကျွန်တော်တို့ကို ကောင်းကောင်းတစ်ယောက်တစ်ခန်း ထားပါတယ်။ ကောင်းကောင်းပြုစုပါတယ်။ ဘာကိုမှအတင်းလုပ်ခိုင်းတာ၊ အတင်းလက်မှတ်ထိုးခိုင်းတာ မရှိပါဘူး” ဟု ဂလိုရီယာသတင်းဂျာနယ်တိုက်သို့ ဖြေကြားပေးသည်။

 

ထိန်းသိမ်းထားသော အရင်ရွေးကော်ဝန်ထမ်းများကို အလုပ်ဖြုတ်မဖြုတ် မေးကြည့်ရာတွင်၊ သူက ဘာမှလောလောဆယ်မသိဘူး။ အခုတော့ ကိုယ့်အိမ်ကိုပဲ ပြန်ကြမယ်။ ဝန်ထမ်းအသစ်ခန့်တာတွေလည်း မကြားရသေးဘူး။ ဒါပေမယ့် ချင်းပြည်နယ်ရွေးကော်အတွက်ကတော့ သမိုင်းပညာရှင်ဒေါက်တာဘမော်ကို စစ်ကောင်စီက ခန့်လိုက်တယ်လို့တော့ ကြားရတယ်ဟု ပြောပြသည်။

စစ်ကောင်စီသည် ၂၀၂၀ ခုနှစ်နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပြည်သူလူထုက ရွေးချယ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရကို၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ဖြုတ်ချဖမ်းဆီးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်နေခြင်း ဖြစ်သည်။

618  Views
Previous: Myanmar Military Council Released Detained Election Commission officials from regions and states
Next: Cardinal Charles Bo: Appeal to Myanmar young people from the Archbishop of Yangon