မြန်မာအစိုးရ၏ ကုမ္ပဏီစာရင်းများတွင် ပြည်တွင်းကုမ္ပဏီပေါင်း (၇၀၅၉) ကျော်သည် နာမည်ထပ်နေကြောင်း တွေ့ရှိရ

35-b

ရန်ကုန်၊

မြန်မာအစိုးရ၏ ကုမ္ပဏီစာရင်းများတွင် ပြည်တွင်းကုမဏ္ဍီပေါင်း (၇၀၅၉) ကျော်သည် နာမည်ထပ်နေခြင်း (ဝါ) တကယ် မတည်ရှိနေသည်ကို တွေ့ရှိရ သည်ဟု့UNDP မှအရာရှိတစ်ဦးက ဂလိုရီးယားသတင်း ဂျာနယ်သို့ ပြောပြသည်။ ၎င်းစစ်တမ်းကို UNDP နှင့်အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှစ်ခု ပူးပေါင်းပြီး ပြုလုပ်သော စစ်တမ်းဖြစ်သည်။ ၎င်းအရာရှိက မထုတ်ပြန်ရသေးသည့် စီးပွားရေးစာရင်းစစ် တမ်း Census of Business အစီရင်ခံစာအကြမ်းနှင့်စပ်လျဉ်းပြီး ပြောကြားရာတွင် ဤစစ်တမ်းတွေ့ရှိချက် ကို အစိုးရနှင့်ပူးပေါင်းပြီး အချောသတ်နေကာ အစိုးရဖက်မှ အတည်ပြုပြီးလျှင် ၎င်းအစီရင်ခံစာကို မကြာမီထုတ်ပြန်သွားမည်ဟု ဂလိုရီးယားသတင်းဂျာနယ်သို့ ပြောပြသည်။

မြန်မာအစိုးရဟူသော ဝေါဟာရအောက်တွင် ပြည်ထောင်စုဝန်ကြီးဌာန (၄) ခုကိုဆိုလိုခြင်းဖြစ်ပြီး ၎င်းဝန် ကြီးဌာနများသည် လုပ်ငန်းလိုင်စင်လျှောက်လာသော ပြည်တွင်းကုမ္ပဏီများကို လိုင်စင်ထုတ်ပေးရာတွင် ပုံစံ (ဝါ) နံပါတ်တစ်ခုကို အသုံးပြုပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းနှင့်ကုမ္ပဏီမှတ်ပုံတင်ခြင်းတို့ကို မပြုလုပ်ခြင်းကြောင့်၊ ယခုကဲ့သို့ ပြည်တွင်းကုမ္ပဏီပေါင်း (၇၀၅၉) ကျော်သည် ဝန်ကြီးဌာန (၄) ခုအောက်တွင် နာမည်ထပ်နေကြခြင်း ဖြစ်သည်ဟု UNDP မှအရာရှိတစ်ဦးက ဂလိုရီးယားသတင်း ဂျာနယ်သို့ ပြောပြသည်။ ယခုကဲ့သို့ ပြည်တွင်းကုမ္ပဏီပေါင်း (၇၀၅၉) ကျော်သည် မြန်မာတစ်နိုင်ငံ လုံးရှိ ပြည်တွင်းကုမဏ္ဍီ စုစုပေါင်း၏ (၁၂%) ကို ကိုယ်စားပြုနေသည်။

၎င်းစစ်တမ်းအရ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းကုမ္ပဏီပေါင်း ၅၇၆၀၀ ခု ရှိပြီး အမှန်တကယ်လည် ပတ်နေသော ကုမ္ပဏီ ပေါင်းမှာ (၃၁၀၉၃) ခုရှိကာ ၅၄% ကိုကိုယ်စားပြုနေပြီး ရပ်ဆိုင်းထားသော ကုမ္ပဏီပေါင်းမှာ (၁၉၄၄၈) ခု ဖြစ်ကာ ၃၃% ကို ကိုယ်စားပြုနေသည်ဟု တွေ့ရှိရသည်။ လိုင်စင်တွင်ဖော်ပြ ထားသော လိပ်စာအရ တွေ့ရှိရပြီး တကယ်လည်ပတ်နေသော ကုမ္ပဏီ၏ အချိုးအစားကို ကြည့်ရလျှင် လည်ပတ်နေသော ကုမဏ္ဍီ ပေါင်း (၃၁၀၉၃) သည် ၆၂% ရှိပြီး မလည်ပတ်နေသော ကုမ္ပဏီပေါင်း (၁၉၄၄၈) သည် ၃၈% ရှိနေခြင်း ဖြစ်သည်။ တစ်ဦးတည်းပိုင်ကုမ္ပဏီ၏အရေအတွက်သည် (၃၀၉၀၈)ခု (၉၉.၄%)ခုရှိပြီး အများပိုင်ကုမ္ပဏီ၏အရေအတွက်သည် (၁၈၅ခု) (ဝ.၆%) ရှိသည်။ ထို့အပြင်၊ ၎င်းစစ်တမ်းအရ၊ မြန်မာနိုင်ငံတွင် ထုတ်ကုန်တစ်မျိုးတည်းကိုသာ ထုတ်လုပ်သောကုမ္ပဏီအရေ အတွက်မှာ (၂၉၄၉၆) ခု (၉၄.၉%) ရှိပြီး ထုတ်ကုန်နှစ်မျိုးထက်ထုတ်လုပ်သောကုမ္ပဏီအရေအတွက်မှာ (၁၅၉၇) ခု (၅.၁%) သာ ရှိနေသည်ကို တွေ့ရှိရသည်။

၎င်းအရာရှိက ဤစစ်တမ်းနှင့်စပ်လျဉ်းပြီး အကန့်အသတ်အချို့ကို ရှင်းပြရာတွင် ““မိမိတို့အဖွဲ့အစည်းသည် ဤစစ်တမ်းကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၁၈၀ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သွားလာမှုခက်ခဲခြင်းနှင့်ဒေသမငြိမ်းချမ်းခြင်းတို့ကြောင့် တချို့မြို့နယ်များသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း၊ သို့သော် ယခုရရှိထားသော သတင်းအချက်အလက်များသည် မြန်မာနိုင်ငံ အစိုးရအတွက် အင်မတန်မှ အကျိုးရှိပြီး အသုံးချနိုင်မည့် ကိန်းဂဏန်းများ ဖြစ်သည်”” ဟု ဂလိုရီးယားသတင်းဂျာနယ် သို့ ပြောပြသည်။ မြန်မာနိုင်ငံတွင် အမှန်တကယ်လည်ပတ်နေသော ပြည်တွင်းကုမ္ပဏီပေါင်း (၃၁၀၉၃) သည် အလုပ်သမားပေါင်း (၄၆၅၂၇၄) တို့က ဝင်ရောက်လုပ်ကိုင်နေကြပြီး ပျမ်းမျှဝန်ထမ်းအင်အား (၆) ဦးနှုန်းသာ ရှိနေကြသည်။ ကုန်ဇမှုန်း

1633  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်နှင့်အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ် (၁၆) အရှင်သူမြတ်တို့က ပျံလွန်တော်မူသွားကြသော ရဟန်းမင်းကြီး ဂျွန်နှင့်ဂျွန်ပေါလ်တို့အား ရဟန္တာများအဖြစ် တင်မြှောက်ပြီ
Next: မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီနှင့်စပ်လျဉ်းသော သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ