ပေါင်းစည်းရန် ဝေးနေသေးသော်လည်း ၎င်းပန်းတိုင်သည် ရှင်သန်နေဆဲဖြစ်ကြောင်းဖြင့် ရဟန်းမင်းကြီးက အင်္ဂလီကန်သာသနာပိုင်ချုပ်အား မိန့်ကြားတော်မူ

44-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကက်သလစ်သာသနာတော်နှင့်အင်္ဂလီကန်အသင်းတော်အကြား တွင် ပေါင်းစည်းရန် ဝေးနေသေးသော်လည်း ၎င်းပေါင်းစည်းလိုသည့်ပန်းတိုင်သည် မိမိ၌ရှင်သန်နေ ဆဲဖြစ်ကြောင်းဖြင့် မိမိထံသို့ ကြရောက်လည်ပတ်သော အင်္ဂလီကန်သာသနာပိုင်ချုပ်အား ဇွန်လ ၁၆ ရက်နေ့တွင် မိန့်ကြားတော်မူလိုက်သည်။ သူတို့နှစ်ပါး၏ ယခုတွေ့ဆုံခြင်းသည် ပုပ်ဖရန်စစ် ရဟန်းမင်းကြီးဖြစ် လာပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံကြခြင်း ဖြစ်သည်။ ထိုသို့တွေ့ဆုံကြချိန်တွင် သူတို့နှစ်ပါးသည် ခေတ်သစ်ကျွန်စနစ် နှင့်လူကုန်ကူးမှုများကို တိုက်ဖျက်ကြမည်ဟု သံဓိဌာန်ချထားကြ သည်။

အင်္ဂလီကန်ဆရာတော်ကြီး ဝဲဘိုင်က ““ကျွန်ုပ်တို့ဘာသာနှစ်ခုအကြားက ကွဲပြားနေခြင်းသည် အများ အတွက် မကောင်းသောပုံသက်သေ ဖြစ်စေသည့်အပြင် ကမ္ဘာလူသားများအား ခရစ်တော်ဘုရား၏ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောရာတွင်လည်း အဟန့်အတား ဖြစ်စေကြောင်း၊ ထို့ကြောင့် ပေါင်းစည်းလိုသည့်ပန်းတိုင်သည် ဝေးနေသေးသော်လည်း ၎င်းပန်းတိုင်က မိမိတို့ ၏ ခြေလှမ်းတိုင်းကို လမ်း ညွန်ပေးသင့်သည်။ အနာဂါတ်ကို ယုံကြည်မှုအပြည့်ဖြင့် သေချာကြည့်ကြပါစို့။ အင်္ဂလီကန်-ကက်သလစ်နိုင်ငံတကာကော်မရှင်နှင့် နိုင်ငံတကာအင်္ဂလီကန်-ကက်သလစ်ကော်မရှင်တို့ သည် အရေးကြီးသော ဆွေးနွေးပွဲများတွင် ခရစ်ယာန်ဘာသာပေါင်းစုံဆွေးနွေးပွဲများတွင် အပြု သဘောဆောင်သော စိတ်ဓါတ်နှင့် အဟောင်းနှင့်အသစ်သော စိန်ခေါ်ချက်များကို သုံးသပ်ရာတွင် ကိုယ်စားပြုခဲ့ကြပါကြောင်း”” ဖြင့် ရဟန်းမင်းကြီးအား မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးကလည်း ““ ကျွန်တော်တို့နှစ်ပါး၏ ပထမဆုံး တွေ့ဆုံချိန်တွင် ကမ္ဘာ့မိသားစုများကို အတိ ဒုက္ခရောက်စေသော မကောင်းမှုများကို အမြင်ခြင်း ဖလှယ်ခဲ့ကြကြောင်း၊ အထူးသဖြင့် လူကုန်ကူး မှုနှင့်ခေတ်သစ်ကျွန်စနစ်များအခြေအနေကို စိုးရိမ်မှုကြီးစွာ ဖြင့် ဆွေးနွေးခဲ့ကြကြောင်း၊ ဆရာတော်ဘုရား ၏ လူ့ဂုဏ်သိက္ခာကို ထိပါးစေသည့် လုပ်ရပ်များအပေါ် ဆန့်ကျင်မှုသည်ခေါင်းဆောင်မှုများ အတွက်လည်း အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့ဘာသာနှစ်ခုစလုံးသည် လူမှုရေးလုပ်ငန်းများတွင် အားတက်တရော ပါဝင်နေကြပါ ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများကို လူကုန်ကူးခြင်းများတွင် မိမိတို့ဘာသာနှစ်ခုက အမျိုးသမီးအဖွဲ့များက ပါဝင်လုပ်ဆောင်နေကြ သည်ကို တွေ့ရှိရသဖြင့် ဒုက္ခသည်များ၏ ဝေဒနာများကို သက်သာရာရောက်စေကြောင်း”” ဖြင့် ဆရာတော်ကြီးအား မိန့်ကြားတော်မူသည်။

နောက်ဆုံးတွင်မူ ရဟန်းမင်းကြီးက ဆရာတော်ကြီး ဝယ်လ်ဘိုင်အား ““ဟေ့ဟေ့ ပီ သုံးလုံးကို မမေ့နဲ့နော်။ ပီ ၃ လုံးတွေကတော့ ဆုတောင်း ခြင်း၊ ငြိမ်းချမ်းခြင်းနှင့်ဆင်းရဲခြင်း”” တို့ဖြစ်ပြီး ငါတို့အားလုံး အတူတူ လျှောက်လှမ်းကြရမယ်”” ဟု ကမန်းကတန်း မိန့်ကြားတော်မူလိုက်သည်။  ၀၁၁ ဂျိုးဇက်

1794  Views
Previous: စေတမန်သီလရှင်များ၏ သင်္ကန်းပေးပွဲ
Next: ထိရောက်မှုမရှိသေးသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန်ဆွေးနွေးခြင်းကော်မရှင်၏ ဆွေးနွေးပွဲကျင်းပ