ဗာတီကန်ဘဏ်အတွက် ဥက္ကဌအသစ်ကို ခန့်အပ်တော်မူ

52-b

ဇူလိုင် ၉၊ ဗာတီကန်

ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်ဘဏ်ကို ပြုပြင်ပြောင်းလဲမှုများလုပ်ပြီးနောက် ပြင်သစ်နိုင်ငံသား ဂျင်ဘာတီစ်တေ ဒီ ဖရန်ဆူအား ဗာတီကန်ဘဏ်ဥက္ကဌအသစ်အဖြစ် ခန့်အပ်တော်မူ လိုက်သည်။ ဗာတီကန်ဘဏ်၏လက်ရှိဥက္ကဌအမည်မှာ ဂျာမနီနိုင်ငံသား အန်ဗွန်ဖရေဘတ်ဆိုသူ ဖြစ်ပြီး သူ၏လက်ထဲ တွင် ဗာတီကန်နိုင်ငံဘဏ်၏ ရှုပ်ထွေးနေသော ငွေစာရင်းများကို ပြန်လည်ရှင်းလင်းရင်း ပွင့်လင်းမြင် သာသောဘဏ်တစ်ခုအဆီသို့ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဗာတီကန်နိုင်ငံ၏ စီးပွားရေးများဆိုင်ရန်တာဝန်ခံဖြစ်တော်မူသော သြစတြေးလျနိုင်ငံမှ ကာဒီနယ် ဆရာတော်ကြီး ဂျော့ပီလ်က၊ ဗာတီကန် အနေနဲ့က ငွေကြေးဆိုင်ရာများတွင် မကောင်း သက်သေဖြစ်နေခြင်းထက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုများတွင် စံပြဖြစ်အောင် လုပ်ဆောင် နေ ပြီဖြစ်ကြောင်းဖြင့် သတင်းထောက်များအား မိန့်ကြားတော်မူလိုက်သည်။

ကာဒီနယ်ဆရာတော်ကြီး ဂျော့ပီလ်က ဗာတီကန်ဘဏ်တွင် အနီးကပ်ကြပ်မတ်ကွပ်ကဲကြ ရန် ရွေးချယ် ထားကြသော အမည်စာရင်းများကို ကြေညာရာတွင် ဗာတီကန်နိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ဟောင်းလည်းဖြစ်၊ ဟားဗတ်တကသိုလ်မှ စာချပုဂ္ဂိုလ် မေရီအန်ဂလဲန်ဒန်အား ဗာတီကန်ဘဏ်၏ ရည်မှန်းချက်နှင့်လုပ်ဆောင်ချက်များကို သုတေသနလုပ်ရန် ရဟန်းမင်းကြီးက ခန့်အပ်တော်မူလိုက်သည်။ ကာဒီနယ်ဆရာတော်ကြီး ဂျော့ပီလ်နှင့်ဂျင်ဘာတီစ်တေ ဒီ ဖရန်ဆူတို့က ““ပွင့်လင်းမြင်သာမှုရှိခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ ကျွမ်းကျင်ခြင်း၊ ကိုယ်ကျင့်တရားတန်ဖိုးများနှင့် ဥပဒေများအတိုင်း လုပ်ဆောင်နေသော ဘဏ္ဍာရေးဆောင်ရွက်ချက်များကို ပိုမိုကျစ်လစ်စေရန် လုပ်ဆောင်သွားကြ မည်ဖြစ်ကြောင်း”” ဖြင့် သံဓိဌာန်ချထားကြသည်။

ထို့နောက်ဗာတီကန်နန်းတော်သည် ရဟန်းမင်းကြီးရုံးတော်ကို စီမံခန့်ခွဲရသော ဌာန the “ordinary section” of the Administration of the Patrimony of the Holy See ကို ကာဒီနယ်ဆရာတော်ကြီး ဂျော့ပီလ်လက်အောက်သို့ လွှဲပြောင်းသည့်အမိန့် ဒီကရီကို ရဟန်းမင်းကြီး ဖရန်စစ်က လက်မှတ်ရေးထိုးအတည်ပြုလိုက်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးရုံးတော်ကို စီမံခန့်ခွဲ ရသော ဌာနသည် အီတလီနှင့်ဗာတီကန်တို့အချင်းချင်း အချုပ်အခြာပိုင်သော နိုင်ငံများနှင့် နယ်နိမိတ်များကို အသိအမှတ်ပြုစေသော ၁၉၂၉ ခုနှစ်က The Lateran Pacts စာချုပ် အရ အီတလီအစိုးရက ပေးအပ်ခဲ့သော ဘဏ္ဍာရေးရှင်းလင်းချက်များနှင့် ဗာတီကန်နိုင်ငံ၏ အိမ်ယာလုပ်ငန်း များတစ်ခုလုံးကို စီမံခန့်ခွဲရတော့မည် ဖြစ်ပေသည်။ ကာဒီနယ်ဆရာတော်ကြီး ဂျော့ပီလ်၏ လက်အောက် တွင် ဗာတီကန်ဝန်ထမ်းများရုံးခန်း၊ ကုန်ဝယ်ယူရေးရုံးခန်း၊ ဗာတီကန်ပစ္ဆည်းများ ဌားရမ်းခြင်းကိုကိုင်တွယ် ရသော ရုံးခန်းများ ပါဝင်မည် ဖြစ်သည်။

ဆက်လက်ပြီး ကာဒီနယ်ဆရာတော်ကြီး ဂျော့ပီလ်က ရဟန်းမင်းကြီး၏အတိုင်ပင်ခံကာဒီနယ် ကိုးပါးအပါ အဝင် ကျွန်တော်တို့သည် အချိန်ပြည့်တာဝန်ထမ်းဆောင်သော ဗာတီကန်ဘဏ်ဥက္ကဌနှင့် စာရင်း စစ်ချုပ်တို့ကို ၂၀၁၅ ခုနှစ်တွင် ခန့်အပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ၎င်းစာရင်းစစ်ချုပ်သည် ဗာတီကန်နိုင်ငံဘဏ်၏ကောင်းမွန်သော ငွေကြေးလည်ပတ်ရေးကို လုပ်ဆောင်နိုင်ရန်အတွက် မိမိသွားလိုရာ နေရာသို့ သွားရောက်ပြီး စစ်ဆေးခွင့်ပြုထားမည်ဖြစ်ကြောင်းဖြင့် ထပ်လောင်းဖြည့်စွက် မိန့်ကြားတော်မူသည်။ ၀၀၄ ဝင်းလှိုင်ဦး

1530  Views
Previous: လားရှိုးဆရာတော်ကြီး ဖီလစ်ယာဟောင်းအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်
Next: မော်လမြိုင်ဆရာတော်ကြီး ရေမွန်ဖိုးရေအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်