ဟောင်ကောင်မြို့အတွက် အကူဆရာတော်သုံးပါးကို ရဟန်းမင်းကြီးက ခန့်အပ်ပေးတော်မူ

61-s

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဟောင်ကောင်မြို့အတွက် အကူဆရာတော်သုံးပါးကို ဇူလိုင်လ ၁၁ ရက်နေ့က ခန့်အပ်တော်မူလိုက်သည်။ ၎င်းခန့်အပ်ခံရသော လက်ထောက်ဆရာတော်များ၏အမည် များမှ ဘုန်းတော်ကြီးဂျိုးဇက် ဟာချိရှင်း (အသက်တော် ၅၅ နှစ်)၊ ဘုန်းတော်ကြီး စတီဗင်းလီဘုံဆန်း (အသက်တော် ၅၈ နှစ်)၊ ဘုန်းတော်ကြီး မိုင်ကယ် မင်းချွန် (အသက်တော် ၆၈ နှစ်) တို့ဖြစ်ကြပြီး ၎င်းဆရာတော်များထဲမှ နှစ်ပါးကမူ တရုတ်ပြည်ကက်သလစ်ရေးရာတို့တွင် နားလည်ကျွမ်းကျင်သူ များ ဖြစ်ကြသည်ဟု သိရှိရသည်။

လက်ထောက်ဆရာတော်အသစ်ဖြစ်တော်မူသော စတီဗင်းလီဘုံဆန်းသည် ကာနန်ဥပဒေပညာ ရှင်ဖြစ်တော်မူပြီး အော်ပူးစ်ဒေးအီအသင်းဂိုဏ်းမှ အရှေ့အာရှတာဝန်ခံဘုန်းတော်ကြီး ဖြစ်တော်မူသည်။ လက်ထောက်ဆရာတော်အသစ်ဖြစ်တော်မူသော ဂျိုးဇက် ဟာချိရှင်းသည် ဖရန်စစ်စ်ကန် အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ဖြစ်တော်မူသည်။ ဘုန်းတော်ကြီး ချန်မွန်ကွန်က ““ဘုန်းတော်ကြီးဂျိုးဇက် ဟာချိရှင်းဟာ ဆရာတော်ဖြစ် သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပါရမီတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့တရား တို့က စံပြဖြစ်ပါတယ်”” ဟု မှတ်ချက်ပြုသည်။ လက်ထောက် ဆရာတော် အသစ်ဖြစ်တော်မူသော မိုက်ကယ်မင်းချွန်သည် ကာရီတာစ်ဟောင်ကောင်ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည့် အပြင် ဟောင် ကောင်ကက်သလစ် သာသနာတော်၏ ဆရာတော်ကိုယ်စားလှယ် လည်း ဖြစ်ခဲ့ဖူးသည်။

လက်ထောက်ဆရာတော်အသစ်ဖြစ်တော်မူသော မိုက်ကယ်မင်းချွန်က “ရဟန်းမင်းကြီးရဲ့ ခန့်အပ်မှုကို ရိုသေမှုနှင့်အံ့သြမှုအပြည့်ဖြင့် လက်ခံလိုက်ပါ တယ်။ တရုတ်ပြည်မရှိကက်သလစ်ဘာသာဝင်များ အတွက် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်” ဟု ဖြေကြားတော်မူသည်။ ယခုကဲ့သို့သော လက်ထောက် ဆရာတော်သုံးပါးကို ခန့်အပ်ခြင်းသည် အသက်တော် (၇၅) နှစ်ပြည်ပြီး ကာနန်ဥပဒေအရ အနားယူရန် ရဟန်းမင်းကြီးထံသို့ စာတင်သော ကာဒီနယ်ဆရာတော်ကြီး ဂျွန်တွန်ဟွန် က မွေးနေ့တွင် ဖြစ်ပြီး ရဟန်းမင်းကြီးက အသက်တော် (၇၅) နှစ်ပြည်ပြီး ကာနန်ဥပဒေအရ အနားယူရမည် ဖြစ်သော ကာဒီနယ်ဆရာတော်ကြီး ဂျွန်တွန်ဟွန်ကို အနားယူခွင့်မပြုဘဲ  ဟောင်ကောင်မြို့၏ ကာဒီနယ် ဆရာတော်ကြီးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်စေလိုက်သည်။

ဟောင်ကောင်မြို့တွင် ကာဒီနယ်ဆရာတော်နှစ်ပါး နှင့် ဆရာတော်သုံးပါးရှိတော်မူကြပြီး ကာဒီနယ် ဆရာတော်တစ်ပါးကမူ အနားယူပြီး ဖြစ်သည်။ ထို့အပြင် ဟောင်ကောင်မြို့တွင် ကက်သလစ်ဘာသာ ဝင်ပေါင်း ၃၇၄၀၀၀ (သုံးသိန်းခုနှစ်သောင်းလေးထောင်) ရှိပြီး ဘာသာတူ ၁၈၉၀၀၀ (တစ်သိန်း ရှစ်သောင်းကိုးထောင်) ဦးတို့သည် နိုင်ငံခြားမှ ဟောင်ကောင်သို့ လာရောက် အလုပ်လုပ်ကိုင်သော ကက်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။ ၀၁၀ ကုန်ဇမှုန်း

1703  Views
Previous: သြဂုတ်လကာတွန်း
Next: ပထမဆုံးအကြိမ်ကက်သလစ်သီအော်လိုဂျီ (လိင်)ပိုင်းဆိုင်ရာဆွေးနွေးမည့်နေရာလိပ်စာပြောင်း