ဒုတိယအကြိမ် ရန်ကုန်ကက်သလစ်သာသနာပိုင်ဓမ္မညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီး

73-b

သြဂုတ်လ (၉)၊ ရန်ကုန်။

ရန်ုကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာသည် “ဒုတိယအကြိမ်မြောက်ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာ သနာ့ဓမ္မညီလာခံ Second Yangon Archdiocesan Synod ကို သြဂုတ်လ ၂ ရက်နေ့တွင် အဖွင့်မစ္ဆားပူဇော် ဆုတောင်းခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့၊ နံနက် ၉ နာရီတွင် ၎င်းညီလာခံကို အပိတ်မစ္ဆားပူဇော်ဆုတောင်းခြင်းဖြင့် ပြီးဆုံးခဲ့သည်။ ၎င်းဓမ္မညီလာခံ၏ဖွင့်ပွဲသို့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုနှင့်အတူ အထူးဧည့်သည်ဆရာတော်ကြီးများဖြစ် ကြသော မန္တလေးကက်သလစ် သာသနာမှ ဆရာတော်ကြီး ပေါလ်ဂရောင် (အငြိမ်းစား)၊ ပြည်ကက် သလစ်ဆရာတော်ကြီး အလက်ဇန္ဒားပြုံးချိုနှင့်အတူ ဖိတ်ကြားခံကြရသော ရန်ကုန် ကက်သလစ်သာ သနာမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမဆရာ/မများနှင့် သာမန်ကက်သလစ်ဘာသာဝင် များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ၊ ဆရာတော်ကြီး ပေါလ်ဂရောင်က မိန့်ခွန်းစကားကို မြက်ကြားရာတွင် အခုလိုဒုတိယအကြိမ်အထိ သာသနာ့ညီလာခံကို ကျင်းပနိုင်ခြင်းဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်ကြောင်း၊ မိမိတို့၏အတိတ်က လုပ်ငန်းများကို သုံးသပ်ပြီး နောင်တွင် လုပ်သင့်လုပ်ထိုက် သည့်များကို လုပ်ဆောင်နိုင်ရန်တွက် ကြိုးစား လုပ်ဆောင်ကြရန် ညီလာခံတက်ရောက်လာသူများအား တိုက်တွန်းရင်းနှုတ်ခွန်း ဆက်သတော်မူလိုက် သည်။ ဆက်လက်ပြီး ဆရာတော်ကြီး အလက်ဇန္ဒားပြုံးချိုက အဖွင့်စကားမိန့်ကြားရာတွင် အခုလိုဒုတိယ အကြိမ်အထိ သာသနာ့ညီလာခံကို ကျင်းပနိုင်ခြင်းဟာ ဘုရားသခင် ဖန်ဆင်းပေးထား တဲ့ နေ့ရက်ဖြစ် ပါကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့သာသနာရဲ့ လက်ရှိအခြေအနေကို သုံးသပ်ပြီးတော့ နောင်မှာ ယခုထက်ပိုပြီးကောင်းအောင်လုပ်ဖို့အတွက် လမ်းစဉ်ချမှတ်နိုင်မှဖြစ်ကြောင်း၊ ဒီလိုညီလာခံကိုကျင်းပခြင်း ဟာ နောက်တစ်ခေတ်ကို တက်လှမ်းခြင်းဖြစ်ပါကြောင်းဖြင့် မှတ်ချက်ပြုရင်း နှုတ်ခွန်းဆက်သတော်မူလိုက် သည်။ နောက်ဆုံးအနေဖြင့် ဆရာတော်ကြီးချားလ်စ်ဘိုက ဓမ္မညီလာခံဖွင့်ပွဲအဖြစ် မိန့်ခွန်းမိန့်ကြားရာတွင် ““၂၀၀၄ ခုနှစ်တုန်းက ကျင်းပခဲ့ကြတဲ့ ပထမအကြိမ်ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာ သနာ့ဓမ္မညီလာခံ တုန်းက ဦးတည်လုပ်ဆောင်ခဲ့တဲ့ စကားကတော့ ဖြစ်သမျှအတိတ်ကို မဝေဖန်ဘဲ အတိတ်ကိုကျေးဇူး တင်ရင်း အနာဂါတ်ကို ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့အတွက် ဦးတည်ပြီး ကျင်းပလုပ်ဆောင်ခဲ့ ကြကြောင်း၊ ဒါပေမယ့် ၁၀ နှစ်ပြည့်တဲ့နောက်ပိုင်း ၂၀၁၄ ခုနှစ် ဒီနေ့ပြုလုပ်နေတဲ့ ဒုတိယအကြိမ်မြောက် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ့ ဓမ္မညီလာခံမှာကျတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကို သုံးသပ်ဝေဖန် ပြီးတော့ ရှေ့ ၁၀ နှစ်အတွက် စီမံကိန်းများကို ရေးဆွဲဖို့အတွက် ကျွန်တော်တို့ အားလုံးဟာ ဒီနေရာကို လာရောက်ကြခြင်း ဖြစ်ပါတယ်။ Let the Synod disturb you and inspire you ဒီညီလာခံက မိမိတို့ကို အနှောင့်အယှက်ပေးဖို့ အခွင့်ပေးကြရပြီး အဲဒီအနှောင့်အယှက်တွေကနေ အနာဂါတ် ၁၀ နှစ်စီမံကိန်းကို ရေးဆွဲကြဖို့၊ အတိတ်က အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေအပေါ် မကျေနပ်ဘဲ အနာဂါတ်ကို ပိုပြီးတော့ ကောင်းအောင် စီမံချက်တွေ ချမှတ်ကြဖို့ ဖြစ်ကြောင်းဖြင့် အဖွင့်မိန့်ခွန်းကို မိန့်ကြားတော်မူလိုက် ပါသည်။

ညီလာခံသို့ တက်ရောက်ပါဝင်သော ကျောင်းထိုင်ဘုန်းတော်ကြီး အယ်ဒီအား ညီလာခံနှင့်စပ်လျဉ်းပြီး သူ၏အမြင်ကို မေးမြန်းကြည့်ရာ ““ဆရာတော်ကြီးက ကျောင်းထိုင်ဘုန်းတော်ကြီးတွေနဲ့ သက်ဆိုင် ရာကော်မရှင်ဥက္ကဌ တွေကိုပဲ ဖိတ်တယ်။ လက်ထောက်ဘုန်းတော်ကြီး တွေကိုတော့ မဖိတ်ဘူး။ တက်ရောက်သူတွေဖက်ကတော့ ဆွေးနွေးထားတဲ့အချက်တွေကို ညီလာခံကျင်းပရေးကော်မတီထံကို အပ်လိုက်ပြီ။ သက်ဆိုင်ရာ ဆရာတော်ကြီးနဲ့ကော်မရှင်တွေဖက်က ဆက်လက်သုံးသပ်ပြီး ဆုံးဖြတ်မည့် အပိုင်းပဲ ကျန်တော့ကြောင်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်အား မိန့်ကြားတော်မူသည်။ နောက်ထပ် တက်ရောက်သူ စိန်ပေါလ်သီလရှင် အသင်းဂိုဏ်းမှသီလရှင် ရီတာနဲ့သီလရှင်ရိုဖီးနားတို့ကလည်း ““အရင်တုန်းက ချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေအပေါ်မှာ သုံးသပ်ကြတယ်။ ဆုံးဖြတ်ခဲ့ပေမယ့် လုပ်နိုင်ခဲ့ တာတွေ ရှိသလို မလုပ်နိုင်ခဲ့တာလည်း ရှိတယ်ဆိုတာကို ပြောကြပါတယ်။ အခုလည်း နောင်မှာ သာသနာတော်ကို လုပ်စေချင်တဲ့ဟာတွေကို ပြောကြဆွေးနွေးကြတယ်။ ကော်မရှင်တွေဖက်ကလည်း အလုပ်လုပ်ဖို့ ငွေမရှိတာကိုပဲ ပြောကြတယ်။ နောက်ပြီးတော့ မီဒီယာနဲ့ပတ်သက်ပြီး စာစောင်တွေ ထုတ်ဖို့ ပြောကြသလို ကာနန်ဥပဒေကို မြန်မာလို ဘာသာပြန်ဖို့ ပြောကြတယ်။ သမ္မာကျမ်းစာအဘိဓါန် စာအုပ်လည်း ထုတ်ဖို့ ပြောကြပါတယ်။ အားရပါးရ ဆွေးနွေးကြတာကို တွေ့ရတယ်။ နောက်ပြီး ကျွန်မတို့က ဒီညီလာခံကို တက်မှပဲ ရန်ကုန်သာသနာမှာ ဘာတွေလုပ်နေကြသလဲဆိုတာကို ပိုပြီးသိ လာကြောင်းဖြင့် မိမိတို့ရဲ့ သာသနာ့ညီလာခံ အတွေ့အကြုံကို ဂလိုရီးယားသတင်းဂျာနယ်အား မိန့်ကြားတော်မူသည်။ ၎င်းညီလာခံအတွင်း အုပ်စုလိုက်ဆွေးနွေးပွဲများတွင် လိုက်လံနားထောင်စဉ် အုပ်စုတစ်ခုက ““ရန်ကုန်သာသနာမှာ ဘာတွေလုပ်နေသလဲဆိုတာကို နယ်ကဘာသာတူတွေ မသိကြ ဘူး။ ဥပမာ ၂၀၀၄ ခုနှစ်က လုပ်ပြီးဆုံးဖြတ်ထားတဲ့ဓမညီလာခံစာအုပ်ဆိုရင် အခု ၂၀၁၄ ခုနှစ်ဓမညီလာခံ တက်လာမှပဲ တွေ့ရတယ်။ ဘာသာတူတွေ မသိဘူးဆိုတာကလည်း ဘုန်းတော်ကြီးတွေက ဘာသာ တူတွေကို ပြောပြမှ သိမှာ၊ အဲဒီတော့ ဘာသာရေးသတင်းတွေကို ပြောပြရမယ့် အချိန်ကို ဘုန်းတော်ကြီးတွေဖက်က အချိန်ဖဲ့ပေးသင့်ပါတယ်။ ဥပမာ တနင်္ဂနွေနေ့ဘုရားဝတ်ပြုခြင်း အပြီး နောက် ဆုံးမေတ္တာ မဆိုခင်လေးမှာလိုမျိုး ဆိုရင် ကောင်းမယ်ဟု နယ်မှတက်ရောက်လာသူဘာသာတူတစ်ဦးက ဂလိုရီးယားသတင်းဂျာနယ်အား ပြောပြသည်။ နောက်ပြီး ရန်ကုန်မြို့ပေါ်က ဘာသာတူတစ်ဦးက ကျွန်မတို့စိန်မေရီသာသနာမှာက ကျောင်းထိုင်ဘုန်းတော်ကြီးက ဂလိုရီးယားသတင်း ဂျာနယ်ကို မရောင်းဖို့တားမြစ်ထားတော့ ဘာသာရေးသတင်းတွေ မသိနိုင်တော့ဘူး။ ဒီလိုမျိုးအာဏာနဲ့ဆုံးဖြတ်တာ မျိုးတွေက ဘာသာရေးမှာ များလွန်းတာမျိုးကို ဒီညီလာခံကနေ ဖြေရှင်းပေးစေချင်ကြောင်းဖြင့် ဂလိုရီးယား သတင်းဂျာနယ်အား ရင်ဖွင့်ပြေပြသည်။ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီတွင် ပြီးဆုံးသွားသော ဒုတိယအကြိမ်မြောက်ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ့ဓမ္မညီလာခံနဲ့ပတ်သက်ပြီး ဆရာတော်ကြီး ချားလ်စ်ဘိုအား တွေ့ဆုံမေးမြန်းရာတွင် ““အခုညီလာခံရဲ့ဆုံးဖြတ်ချက်တွေ ကို ကော်မရှင်ဥက္ကဌတွေ က လေ့လာပြီးတော့ ဘယ်အချိန်အတွင်း ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆုံးဖြတ်မယ်၊ နောက်ပြီးလိုအပ် ရင် ကော်မရှင်တာဝန်ခံတချို့ကို အပြောင်းအလဲလုပ်မယ်။ နောက်ပြီး ပါးပါးကြီးအနေနဲ့ ညီလာခံရဲ့ စာချွန်တော်တစ်စောင် ထုတ်ပြန်ဖို့ ရှိကြောင်း”” ဖြင့် ဂလိုရီးယားသတင်းဂျာနယ်သို့ မိန့်ကြားတော်မူလိုက် သည်။၀၀၂ ဝင်းလှိုင်ဦး

1609  Views
Previous: (၅) ကြိမ်မြောက် အာရှကက်သလစ်လူငယ်များတွေ့ဆုံပွဲကို ထရီဗာဒွန်မြို့တွင် ကျင်းပ
Next: ဆရာတော်ကြီး ချားလ်စ်ဘိုအား မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရ