ဆရာတော်ကြီး ချားလ်စ်ဘိုအား မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရ

70-b
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ရန်ကုန်ကက်သလစ်ဆရာတော်ကြီး ချားလ်စ်ဘို အား  မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများအဖွဲ့ချုပ်၏ အထွေထွေဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်ရွေးချယ်လိုက်သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများသည် မိမိတို့၏နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိမြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့စဉ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့၏ အထွေထွေဘဏ္ဍာရေးမှူးကို ထိုကဲ့သို့ မဲပေးရွေးချယ်လိုက်ကြခြင်း ဖြစ်ပေသည်။ လက်ရှိအထွေထွေ အတွင်းရေးမှူးကမူ ရန်ကုန်ကက်သလစ် သာသနာမှ ဆရာတော်ကြီး ချားလ်စ်ဘို ဖြစ်တော်မူပြီး သူ၏သက်တမ်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သော်လည်း နောက်ထပ် သုံးနှစ်ကို ဆက်လက်တာဝန်ယူရအုံးမည် ဖြစ်သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့ကို ဦးဆောင်နိုင်မည် ဆရာတော်တစ်ပါးအား မိမိတို့၏အထွေထွေဘဏ္ဍာရေးမှူး အဖြစ် သုံးနှစ်လျှင်တစ်ကြိမ် မဲပေးရွေးချယ်တော်မူကြသည်။ ၎င်းသုံးနှစ် သက်တမ်းသည် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်လည်း ရှိထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေဘဏ္ဍာရေးမှူးသည် များသောအားဖြင့် သုံးနှစ်သက် တမ်းရှိ အထွေထွေဘဏ္ဍာရေးမှူးတာဝန်ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ကြရသည်။

ဆရာတော်ကြီး ချားလစ်ဘိုသည် ဆလေးရှင်းသူတော်စင်အသင်းဂိုဏ်းဝင် ဖြစ်တော်မူပြီး ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လားရှိုးဂိုဏ်းအုပ်ဆရာတော်အဖြစ် ဘိသိက်ပေးခြင်းကို ခံရတော်မူသည်။ ထို့နောက် ၁၉၉၆ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင်မူ၊ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) က ပုသိမ်ဂိုဏ်းအုပ် ဆရာတော်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းခံရပြီး ၂၀၀၃ ခုနှစ် ဇွန်လ ၇ နေ့ရက်တွင်မူ ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ခံရတော်မူသည်။ ဆရာတော်ကြီး ချားလ်စ်ဘိုသည် မြန်မာနိုင်ငံ ဆရာတော်များ၏ သမိုင်းထဲတွင် ရဟန်းမင်းကြီး၏ သာသနာတစ်ခုမှ တခြားသာသနာတစ်ခု သို့ ပြောင်းရွှေ့ခန့်အပ်ခြင်းခံရတော်မူသော ပထမဆုံးသော ဆရာတော် ဖြစ်တော်မူသည့်အပြင် ဆရာတော်လစ်လပ်နေသော ဆရာတော်ပိုင်သာသနာများတွင် ဆရာတော်ပိုင် သာသနာကို စီမံခန့်ခွဲ ရသော ဆရာတော်အဖြစ် ပထမဆုံး ပူးတွဲတာဝန်ပေးအပ်ခြင်းကို ခံရတော်မူသော ဆရာတော် လည်း ဖြစ်တော်မူသည်။ ၀၀၃ ဝင်းလှိုင်ဦး

1844  Views
Previous: ဒုတိယအကြိမ် ရန်ကုန်ကက်သလစ်သာသနာပိုင်ဓမ္မညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီး
Next: ကက်သလစ်သာသနာတော်၏ ငွေကြေးများကို စာရင်းအင်းများဖြင့် သေချာကိုင်တွယ် မည်ဟု ဗာတီကန်ဘဏ္ဍာရေးဥက္ကဌသစ် ကာဒီနယ်ဆရာတော် ဂျော့ပယ်လ်က မီးစိမ်းပြ