ပျံလွန်သွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ သမိုင်းအကျဉ်း


ပျံလွန်သွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ သမိုင်းအကျဉ်း

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက်၊ စနေနေ့၊ သက်တော် ၉၅ နှစ် အရွယ်မှာ ပျံလွန်တော်မူကြောင်း ကြေညာပြီးနောက် ဗာတီကန်သတင်းဌာနမှ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အထင်ကရ အဖြစ်အပျက်များကို ပြန်လည် စုစည်းဖော်ပြလိုက်ရပါသည်။

ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါ၊ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကို ဂျာမနီနိုင်ငံ၊ Passau သာသနာနယ်ရှိ Marktl am Inn ဒေသ၌ ၁၉၂၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့ကာ ဖွားမြင်သည့် နေ့မှာပင် ဆေးကြောခြင်း ခံယူခဲ့သည်။

ဖခင် ဖြစ်သူမှာ ရဲတပ်ဖွဲ့ အထက်အရာရှိ (ရဲကော်မရှင်နာ) တစ်ဦးဖြစ်ကာ ဖခင်မျိုးရိုးမှာ စီးပွားရေး အသင့်အတင့် ရှိသော ဗာဗေးရီးယား အနိမ့်ပိုင်းမှ အစဉ်အလာ လယ်သမား မိသားစုမှ ဖြစ်သည်။ မိခင်မှာ Lake Chiem ကန်အနီးရှိ Rimsting ဒေသမှ လက်မှု ပညာသည် မိသားစုမှ ဆင်းသက်လာသည်။ သူမသည် အိမ်ထောင်မပြုမီ ဒေသတွင်း ဟိုတယ်များတွင် စားဖိုမှူး အဖြစ် လုပ်ကိုင်ခဲ့သည်။

ဂျိုးဇက် ရက်ဇင်ဂါ ငယ်စဉ်ကတည်းက ရဟန်းတစ်ပါး ဖြစ်လိုသည့် ရည်မှန်းချက် ရှိခဲ့ကာ ရဲအရာရှိ ဖခင်ဖြစ်သူကလည်း သူ၏ ရည်မှန်းချက်အား အားပေးပံ့ပိုးခဲ့သည်။
ဂျိုးဇက် ရက်ဇင်ဂါတွင် အစ်ကို ဂျော့ရက်ဇင်ဂါနှင့် အစ်မ ဖြစ်သူ မာရီးယား ရက်ဇင်ဂါတို့ ရှိပြီး ၎င်းတို့ မောင်နှမ အချင်းချင်း အလွန်ချစ်ခင်၊ သံယောဇဉ် ရှိကြသည်။

ဂျိုးဇက် ရက်ဇင်ဂါသည် ကလေးဘဝမှ ဆယ်ကျော်သက် အရွယ်အထိ Salzburg မြို့မှ ၃၀ ကီလိုမီတာ ကွာဝေးသော ဂျာမနီနှင့် သြစတြီးယား နိုင်ငံနယ်စပ်ရှိ Traunstein ကျေးရွာတွင် နေထိုင်ကြီးပြင်းခဲ့သည်။ နယ်စပ်ကျေးရွာလေးတွင် နေထိုင်ရင်း ဂျိုးဇက်သည် ခရစ်ယာန် ယုံကြည်ခြင်း အုတ်မြစ်၊ ဂျာမနီ ဗာဗေးရီးယား ယဉ်ကျေးမှု အကြောင်းနှင့် လူ့ဖွံ့ဖြိုးရေး အခြေခံအကြောင်းအရာများအား လက်ခံရရှိခဲ့ကာ ဂန္တဝင်တေးဂီတ ပညာရှင် မိုဇက်၏ တေးသွားများအား နားထောင်နှစ်သက်ခဲ့သောကြောင့် သူ့ကိုယ်သူ “Mozartian” အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။

ဂျိုးဇက်သည် လူငယ်ဘဝအား လွယ်ကူစွာ ဖြတ်သန်းခဲ့သည် မဟုတ်ပေ။ ဂျာမနီ နိုင်ငံအတွင်း ကက်သလစ် အသင်းတော် အပေါ် ရန်လိုတိုက်ခိုက်သည့် နာဇီအစိုးရ အာဏာရလာသော အခါ ကြုံတွေ့ခဲ့ရသည့် အခက် အခဲများကို ငယ်စဉ်ဘဝက နယ်စပ်မြို့ကလေးတွင် ရရှိခဲ့သည့် ကက်သလစ် ယုံကြည်ခြင်းနှင့် ပညာရေးဖြင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ မစ္ဆားမစတင်မီ ကျောင်းထိုင်ဘုန်းကြီးအား နာဇီအချို့က ထိုးကြိတ်ရိုက်နှက်ခဲ့သည်ကိုလည်း လူငယ် ဂျိုးဇက်က မြင်တွေ့ခဲ့ဖူးသည်။

ထိုသို့သော ရှုပ်ထွေးလှသည့် အခင်းအကျင်းတွင် ဂျိုးဇက်သည် ခရစ်တော် အပေါ် အခြေပြုသည့် ကက်သလစ် ယုံကြည်ခြင်း၏ အလှတရားနှင့် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂျိုးဇက်၏ မိသားစုမှာလည်း ကက်သလစ် အသင်းတော် ယုံကြည်ခြင်း အားကောင်းသူများ ဖြစ်ကြကာ မျှော်လင့်ခြင်း၊ ကောင်းမြတ်ခြင်းများအား အစဉ် ယုံကြည်သည့် ကက်သလစ် မိဘများ အပေါ်တွင် သူ၏ ကက်သလစ် ယုံကြည်ခြင်းအား အခြေတည် အုတ်မြစ်ချခဲ့သည်။

၁၉၄၄ ခုနှစ်တွင် ဆယ်ကျော်သက် အရွယ် ဂျိုးဇက်သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း လေကြောင်း ကာကွယ်ရေး အရံတပ်ဖွဲ့တွင် တပ်သားသစ် အဖြစ် စုဆောင်းခြင်းခံရသည်။

ဂျိုးဇက်၏ လက်ချောင်းများသည် အားနည်းချက် ရှိခြင်းကြောင့် သူ့အား တိုက်ခိုက်ရေး တပ်တွင် တပ်သား အဖြစ် မခေါ်ခဲ့ဘဲ သူသည် ဒုတိယ ကမ္ဘာစစ်ပြီးသည် အထိ သေနတ်ပစ် တိုက်ပွဲဝင်ခြင်း မရှိခဲ့ပေ။

ရဟန်းသိက္ခာရ ဖာသာရ် ဂျိုးဇက်

၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ် အတွင်း ဂျိုးဇက်သည် ဖလော်ဆော်ဖီနှင့် သီသြလော်ဂျီ ပညာအား Freising မြို့ရှိ Higher School of Philosophy and Theology ကျောင်းတွင် လေ့လာခဲ့သလို မြူးနစ် တက္ကသိုလ်တွင်လည်း သင်ယူခဲ့သည်။

၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဂျိုးဇက် ရက်ဇင်ဂါသည် အစ်ကိုဖြစ်သူ ဂျော့ ရက်ဇင်ဂါနှင့် အတူ ရဟန်းသိက္ခာ ရရှိခဲ့သည်။ တစ်နှစ် အကြာတွင် Higher School of Freising ကျောင်း၌ စာချကထိက ဖြစ်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် “People and House of God in St Augustine’s Doctrine of the Church” (စိန့်သြဂတ်စတင်း ပြုစုသော အသင်းတော် သွန်သင်ချက်ပါ ဘုရား သခင်၏ လူမျိုးတော်နှင့် ဘုရားရှင်၏ အိမ်တော်) အမည်ရ သုတေသန စာတမ်းဖြင့် သီသြလော်ဂျီ နယ်ပယ်တွင် ပါရဂူဘွဲ့ ရရှိခဲ့သည်။

လေးနှစ် အကြာ (၁၉၅၇ ခုနှစ်)တွင် ဖာသာရ် ရက်ဇင်ဂါသည် နာမည်ကျော် Fundamental Theology သီသြလော်ဂျီ ပညာရှင် Gottlieb Söhngen ၏ လမ်းညွှန်သင်ကြားမှု ရယူ၍ “The Theology of History in St Bonaventure” (စိန့်ဘိုနာဗန်းချား၏ သမိုင်း သီသြလော်ဂျီ) စာတမ်းဖြင့် တက္ကသိုလ်တွင် စာသင်ခွင့် ရရှိခဲ့သည်။

Freising မြို့ရှိ Higher School of Philosophy and Theology ကျောင်းတွင် Dogmatic and Fundamental Theology သီသြလော်ဂျီအား သင်ကြားပြီးနောက် ၁၉၅၉ ခုနှစ်မှ ၁၉၆၃ ခုနှစ် အတွင်း Bonn မြို့၊ တက္ကသိုလ်၊ ၁၉၆၃ ခုနှစ်မှ ၁၉၆၆ ခုနှစ် အတွင်း Münster မြို့၊ တက္ကသိုလ်နှင့် ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ် အတွင်း Tübingen တက္ကသိုလ် အသီးသီးတို့တွင် စာချခဲ့သည်။ ၁၉၆၉ ခုနှစ်များတွင် သူသည် Regensburg တက္ကသိုလ်၌ တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့သလို Dogmatics and History of Dogma ဌာနတွင် ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ် အတွင်း ဖာသာရ် ရက်ဇင်ဂါသည် ဗာတီကန်၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ဗာတီကန်ကောင်စီ သာသနာ့ညီလာခံတွင် ကိုလုံ သာသနာ၏ ဂိုဏ်းချုပ် ဆရာတော်၊ ကာဒီနယ် Joseph Frings အား သီသြလော်ဂျီ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ရင်း ဗာတီကန် ကောင်စီ ညီလာခံတွင် ပါဝင်ခဲ့ပြီး ဗာတီကန် “ကျွမ်းကျင်သူ” တစ်ဦး အနေဖြင့် ပါဝင်ကူညီခဲ့သည်။

ဖာသာရ် ရက်ဇင်ဂါသည် သုတေသန လေ့လာမှု အားကောင်းလွန်းခြင်းကြောင့် ဂျာမန် ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ သီသြလော်ဂျီ ကော်မရှင်တို့တွင် အရေးပါသော ရာထူးတာဝန်များ လက်ခံရယူ အမှုထမ်းခဲ့သည်။

၁၉၇၂ ခုနှစ်တွင် Hans Urs von Balthasar, Henri de Lubac နှင့် အခြား အထင်ကရ သီသြလော်ဂျီ ပညာရှင်များနှင့် အတူ Communio အမည်ရ သီသြလော်ဂျီ ဂျာနယ်အား ရေးသားထုတ်ဝေခဲ့သည်။

သိုးထိန်းဆရာတော်နှင့် ကာဒီနယ်

 

Cardinal Joseph Ratzinger, who later became Pope Benedict XVI, greets Pope John Paul II during a ceremony at the Vatican in this Feb. 6, 2004, file photo. Pope Benedict moved the sainthood cause of his predecessor a step forward Dec. 19 by declaring that John Paul II had lived a life of “ heroic virtues.” (CNS photo/Catholic Press Photo) (Dec. 20, 2009)

 

၁၉၇၇ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ် (Paul VI) က ဖာသာရ် ရက်ဇင်ဂါအား Munich and Freising သာသနာနယ်၏ ဂိုဏ်းချုပ် ဆရာတော်ကြီး အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ထိုနှစ် မေလ ၂၈ ရက်နေ့တွင် သူသည် ဆရာတော် သိက္ခာ ရယူခဲ့သည်။ ဖာသာရ် ရက်ဇင်ဂါသည် နှစ်ပေါင်း ၈၀ အတွင်း ဗာဗေးရီးယား ဂိုဏ်းချုပ် သာသနာနယ် အသိုင်းအဝန်းမှ ဆရာတော် သိက္ခာရခဲ့သော ပထမဆုံး Diocesan ရဟန်း တစ်ပါးလည်း ဖြစ်သည်။

သူ၏ သိုးထိန်းဆရာတော် ဆောင်ပုဒ်ကို “Cooperators of the Truth” – Cooperatores Veritatis (အမှန်တရား အတွက် ပူးပေါင်းဆောင်ရွက်သူများ) ဟူ၍ ရွေးချယ်ခဲ့သည်။ ထိုသို့ ဆောင်ပုဒ်ရွေးချယ်ခဲ့မှု အပေါ် ဘိရှော့ ရက်ဇင်ဂါက ရှင်းပြခဲ့ပါသည်။

“တစ်ဘက်မှာတော့ ကျွန်တော့်ရဲ့ တက္ကသိုလ် စာချဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ဆရာတော် လုပ်ငန်း တာဝန်သစ် အကြား ချိတ်ဆက်မှုကို ကျွန်တော် သတိပြုမိခဲ့ပါတယ်။ တက္ကသိုလ်ဆရာနဲ့ ဘိရှော့ ဆရာတော် အကြား ချဉ်းကပ် ဆောင်ရွက်ပုံချင်း မတူညီပေမယ့်လည်း အမှန်တရားကို ရှာဖွေခြင်းနဲ့ အမှန်တရား အတွက် အစေခံခြင်း ဆိုတဲ့ သဘောတရားကတော့ တူညီနေဆဲ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ကျွန်တော် ရွေးချယ်ရတဲ့ နောက်အကြောင်းရင်းကတော့ ယနေ့ခေတ်အခါမှာ အမှန်တရား ဆိုတဲ့ ခေါင်းစဉ် ဆိုတာဟာ လူတွေ အတွက် နားလည်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမြတ်လွန်းတဲ့ အရာ အဖြစ် ပြောနေကြတာတွေလည်း တွေ့နေရတယ်၊ ဒါပေမယ့် အမှန်တရား ဆိုတာ ပျောက်ဆုံးသွားရင်တော့ အရာအားလုံးလည်း လိုက်ပါပြိုပျက်သွားမယ်လို့ ကျွန်တော် ယုံကြည်တဲ့ အတွက် ဒီဆောင်ပုဒ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။”

ဘိရှော့ ရက်ဇင်ဂါ အဖြစ် ဆရာတော်သိက္ခာ ယူပြီး များမကြာမီ ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ် (Paul VI) က ၁၉၇၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ ကာဒီနယ်များ အစည်းအဝေး Consistory တွင် ဂိုဏ်းချုပ် ဆရာတော် ရက်ဇင်ဂါအား “Santa Maria Consolatrice al Tiburtino” ရဟန်းဘွဲ့ဖြင့် ကာဒီနယ် ပြုကြောင်း ကြေညာခဲ့သည်။

ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ် (Paul VI) ပျံလွန်တော်မူပြီးနောက် ၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်၌ ရဟန်းမင်းကြီး အသစ်ရွေးကောက်ခြင်း အခမ်းအနား Conclave တွင် ကာဒီနယ် အဖြစ် ပါဝင်ခဲ့သည်။ ရွေးကောက်ခံရသော ရဟန်းမင်းကြီး ပထမမြောက် ယောဟန်ပေါလ်လူးသည် ကာဒီနယ် ရက်ဇင်ဂါအား အီကွေတာနိုင်ငံ Guayaquil ဒေသတွင် စက်တင်ဘာလ ၁၆ မှ ၂၄ ရက် အတွင်း ကျင်းပသော တတိယ အကြိမ်မြောက် Mariological ကွန်ဂရက်တွင် ရဟန်းမင်းကြီး၏ အထူး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ စက်တင်ဘာလ ၂၈ ရက်တွင် ရဟန်းမင်းကြီး ပထမမြောက် ယောဟန် ပေါလ်လု ဆုံးပါးခဲ့ရာ အောက်တိုဘာလတွင် ကျင်းပသော ရဟန်းမင်းကြီး ရွေးကောက်ပွဲတွင် ကာဒီနယ် ရက်ဇင်ဂါ ပါဝင်ခဲ့ကာ ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လုအား တင်မြှောက်ခဲ့ကြသည်။

၁၉၈၀ ခုနှစ်တွင် “ခေတ်သစ် ကမ္ဘာရှိ ခရစ်ယာန် မိသားစုများ၏ အခန်းကဏ္ဍ” အမည်ဖြင့် ကျင်းပသော ပဉ္စမမြောက် ဆရာတော်ကြီးများ အစည်းအဝေး (5th Ordinary General Assembly of the Synod of Bishops) ၌ ကာဒီနယ် ရက်ဇင်ဂါသည် ရဟန်းမင်းကြီး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခြင်း ခံရသလို ၁၉၈၃ ခုနှစ်တွင် “ယနေ့ခေတ် အသင်းတော်၏ မစ်ရှင် အတွင်း ကျေအေးသင့်မြတ်ခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်း” အမည်ဖြင့် ကျင်းပသော (Sixth Ordinary General Assembly) ဆဋ္ဌမမြောက် အစည်းအဝေးတွင် ရဟန်းမင်းကြီး ကိုယ်စားလှယ် အစည်းအဝေး ဥက္ကဋ္ဌ အဖြစ် စေလွှတ်ခြင်း ခံရသည်။

အသင်းတော် ဌာနရုံး အကြီးအကဲ Prefect

၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လုသည် ကာဒီနယ် ရက်ဇင်ဂါကို ယုံကြည်ခြင်း အယူဝါဒ ဆိုင်ရာ ဌာနရုံး အဖွဲ့ အကြီးအကဲ (Prefect of the Congregation for the Doctrine of the Faith) အဖြစ် ခန့်အပ်ခဲ့ပြီး ကျမ်းစာတော်မြတ် ဆိုင်ရာ ရဟန်းမင်းကြီး၏ ကော်မရှင်ရုံး အဖွဲ့၏ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ သီသြလော်ဂျီ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

၁၉၈၂ ခုနှစ်၊ ဖေဖဝါရီလ ၁၅ ရက်နေ့တွင် ကာဒီနယ် ရက်ဇင်ဂါသည် Munich and Freising သာသနာနယ်၏ သိုးထိန်း လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ရဟန်းမင်းကြီးသည် ကာဒီနယ် ရက်ဇင်ဂါအား Order of Bishops တွင် Suburbicarian See of Velletri-Segni အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ကာဒီနယ် ရက်ဇင်ဂါအား ကက်သလစ် အသင်းတော်၏ သွန်သင်ချက်အား စနစ်တကျ ရေးသားပြုစုရန် ပြင်ဆင်ရေး ကော်မရှင် အဖွဲ့၏ ဥက္ကဋ္ဌ (President of the Preparatory Commission for the Catechism of the Catholic Church) အဖြစ် တာဝန်ပေးခဲ့ကာ ၆ နှစ် အကြာ ၁၉၉၂ ခုနှစ်တွင် ကာဒီနယ် ရက်ဇင်ဂါသည် ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ အား (New Catechism) သွန်သင်ချက် အသစ်အား ပြုစုတင်ပြနိုင်ခဲ့သည်။

၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် (Order of Bishops) မှ ကာဒီနယ်များ၏ အဆိုပြုချက်ဖြင့် ရဟန်းမင်းကြီးသည် ကာဒီနယ် ရက်ဇင်ဂါအား ကက်သလစ် ကာဒီနယ်ကြီးများ အစုအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ (Vice-Dean of the College of Cardinals) အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ က သူ့အား ကာဒီနယ်ကြီးများ အစုအဖွဲ့၏ ဥက္ကဋ္ဌ (Vice-Dean of the College of Cardinals) အဖြစ် ရွေးချယ်မှု အပေါ် အတည်ပြု ခန့်အပ်ခဲ့ပြီး Suburbicarian See of Ostia အရိုက်အရာအား ပေးခဲ့သည်။
၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် အေဒီ ၁၂ ရာစု၌ ဂျာမနီ နိုင်ငံ၊ Paderborn သာသနာနယ် တည်ထောင်ခြင်း အထိမ်းအမှတ် ပွဲနေ့ အတွက် ကာဒီနယ် ရက်ဇင်ဂါအား ရဟန်းမင်းကြီး၏ အထူး သံတမန် ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။

ရောမ အုပ်ချုပ်ရေး ကူရီယာ အဖွဲ့တွင် ကာဒီနယ် ရက်ဇင်ဂါသည် Council of the Secretariat of State for Relations with States; the Congregations for the Oriental Churches, Divine Worship and the Discipline of the Sacraments, Bishops, the Evangelization of Peoples, Catholic Education, Clergy and the Causes of the Saints; the Pontifical Councils for Promoting Christian Unity and Culture; the Supreme Tribunal of the Apostolic Signatura, and of the Pontifical Commissions for Latin America, “Ecclesia Dei”, the Authentic Interpretation of the Code of Canon Law, and the Revision of the Code of Canons of Oriental Churches တို့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ကာဒီနယ် ရက်ဇင်ဂါအား ရဟန်းမင်းကြီး၏ သိပ္ပံအကယ်ဒမီတွင် ဂုဏ်ထူးဆောင် ပညာရှင် (Honorary Academic of the Pontifical Academy of Sciences) အဖြစ် သတ်မှတ်ခြင်း ခံရသည်။

စာပေပညာရှင်

ကာဒီနယ် ရက်ဇင်ဂါသည် စာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေခဲ့ပြီး ၎င်းစာအုပ်တို့မှ အထင်ကရ နာမည်ကျော် စာအုပ်အချို့ကို ဖော်ပြရလျှင် Introduction to Christianity – ခရစ်ယာန် ဘာသာတရား အဖွင့်မိတ်ဆက် စာအုပ်၊ ၁၉၆၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယုံကြည်ရာ အချုပ် (Apostolic Creed) ဆိုင်ရာ တက္ကသိုလ် ပို့ချချက်များ စုစည်းမှု နှင့် ၁၉၇၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော Dogma and Preaching တို့ ဖြစ်ကြသည်။

ဗာဗေးရီးယား ကက်သလစ် အကယ်ဒမီကျောင်းတွင် ဖတ်ကြားခဲ့သော “ကျွန်ုပ် အဘယ်ကြောင့် ကက်သလစ် အသင်းတော်တွင် ဆက်လက် ရှိနေသနည်း။” (Why I am still in the Church) ဟူသည့် စာတမ်းသည် အလွန် နာမည်ကျော်ခဲ့ကာ ၎င်းစာတမ်းတွင် “ကက်သလစ် အသင်းတော် အတွင်း၌ တည်နေမှသာလျှင် ခရစ်ယာန် ဖြစ်နိုင်သည်၊ အသင်းတော် ပြင်ပတွင် ခရစ်ယာန် မဖြစ်နိုင်၊”ဟု ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

ရက်ဇင်ဂါသည် နှစ်ကာလကြာရှည်စွာ ရေးသားထုတ်ဝေမှုများ ပြုခဲ့ပြီး များစွာသော ပညာရှင်များ၊ အထူးသဖြင့် သီသြလော်ဂျီ ပညာအား လေးလေးနက်နက် လေ့လာကြသူများက သူ၏ ရေးသားချက်များကို အကိုးအကား တစ်ရပ်အဖြစ် အသုံးပြုခဲ့ကြသည်။
၁၉၈၅ ခုနှစ်တွင် ရက်ဇင်ဂါ အစီရင်ခံစာ (The Ratzinger Report) အမည်ရ စာအုပ်နှင့် ၁၉၉၆ ခုနှစ်တွင် လောကဆား (Salt of the Earth) အမည်ရ စာအုပ်တို့ကို ထုတ်ဝေခဲ့ကာ ၎င်းစာအုပ်များတွင် ခရစ်ယာန် ယုံကြည်ခြင်းနှင့် ဆက်စပ်၍ အမေးအဖြေ အင်တာဗျူး လုပ်ထားသည့် ပုံစံဖြင့် ရေးသားထုတ်ဝေခဲ့သည်။

ကာဒီနယ် ရက်ဇင်ဂါသည် သူ၏ အသက် ၇၀ ပြည့် မွေးနေ့တွင် At the School of Truth အမည်ရ စာအုပ်အား ထုတ်ဝေခဲ့ကာ ၎င်းတွင် သူ၏ စရိုက်လက္ခဏာနှင့် ရေးသားထုတ်ဝေမှုများ အပေါ် သဘောထား မှတ်ချက်ပေးထားသည့် စာရေးဆရာများ၏ ဆောင်းပါးများကို စုစည်းဖော်ပြထားသည်။

သူသည် များစွာသော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များလည်း လက်ခံရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အမေရိကန် နိုင်ငံ၊ Minnesota ပြည်နယ်၊ College of St. Thomas ကောလိပ်၊ ၁၉၈၆ ခုနှစ်တွင် ပီရူးနိုင်ငံ Lima ကက်သလစ် တက္ကသိုလ်၊ ၁၉၈၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ Eichstätt ကက်သလစ် တက္ကသိုလ်၊ ၁၉၈၈ ခုနှစ်တွင် ပိုလန်နိုင်ငံ Lublin ကက်သလစ် တက္ကသိုလ်၊ ၁၉၈၈ ခုနှစ်တွင် စပိန်နိုင်ငံ၊ Pamplona မြို့ရှိ Navarre တက္ကသိုလ်၊ ၁၉၉၉ ခုနှစ်တွင် ရောမမြို့ရှိ LUMSA (Libera Università Maria Santissima Assunta) တက္ကသိုလ်၊ ၂၀၀၀ ခုနှစ်တွင် ပိုလန်နိုင်ငံ Wrocław တက္ကသိုလ်၊ သီသြလော်ဂျီ ဌာန စသည့် တက္ကသိုလ် အသီးသီးမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အား လက်ခံရရှိခဲ့သည်။

ရဟန်းမင်းကြီး

၂၀၀၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါသည် ကက်သလစ် အမိအသင်းတော်၏ ၂၆၅ ပါးမြောက် ရဟန်းမင်းကြီး အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရကာ ဘက်နဒစ် အမည်ကို ယူခဲ့သဖြင့် ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘက်နဒစ် အဖြစ် အမည်တွင်သည်။
၁၇၃၀ ခုနှစ် နောက်ပိုင်း ရွေးကောက်ခံရသော ရဟန်းမင်းကြီးတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သလို ၁၇၂၄ ခုနှစ်နောက်ပိုင်း ကာလ အကြာရှည်ဆုံး ကာဒီနယ် တာဝန် ထမ်းဆောင်ခဲ့ပြီး ရဟန်းမင်းကြီး ဖြစ်လာသူ အဖြစ်လည်း သတ်မှတ်ခံရသည်။

၂၀၁၃ ခုနှစ်၊ ဖေဖဝါရီလ ၁၁ ရက်နေ့တွင် ရဟန္တာ တင်မြှောက်ရေး အတွက် ကာဒီနယ်ကြီးများ စုဝေး၍ မဲပေးရန် အစည်းအဝေး (Ordinary Public Consistory for the Vote on several Causes for Canonization) အချိန်အတွင်း ရှင်ပီတာ၏ လုပ်ငန်းတာဝန်မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပုပ်ဘက်နဒစ်က ကြေညာပြောကြားခဲ့သည်။

“ဘုရားရှေ့၌ ကျွန်ုပ်၏ သြတ္တပ္ပစိတ်အား ကြိမ်ဖန်များစွာ ဆန်းစစ်သုံးသပ်ပြီးနောက် အသက်အရွယ် ကြီးရင့်လာသည့် အတွက် ကျွန်ုပ်၏ ခွန်အားသည် ရှင်ပီတာ၏ အမှုတော်အား လုံလောက်ထိရောက်စွာ ဆက်လက် ထမ်းဆောင်ရန် မဖြစ်နိုင်တော့ကြောင်း အသေအချာ နားလည်သိရှိလိုက်ရပါသည်။ ဝိညာဉ်ရေး သဘော သဘာဝ အရ အရေးပါလှသော ရှင်ပီတာ၏ အမှုတော်အား ထမ်းဆောင်ရာတွင် နှုတ်အား၊ စိတ်အား အရ သာမက ဆုတောင်းခြင်းနှင့် အတိဒုက္ခ ခံထမ်းခြင်းများ ပါဝင်ကြောင်းကို ကျွန်ုပ် ကောင်းစွာ နားလည်သိရှိပါသည်။ သို့သော် ရုတ်ချည်းပြောင်းလဲမှု အလွန်များပြားရုံမျှမက ယုံကြည်ခြင်း သက်တာနှင့် ဆက်စပ်၍ လေးနက်သည့် မေးခွန်းများဖြင့်လည်း လှုပ်ခတ်မှုများ ရှိလာသည့် ယနေ့ခေတ် ကမ္ဘာကြီးတွင် စိန့်ပီတာ၏ သင်္ဘောအား စီမံအုပ်ချုပ်ရန်နှင့် ဧဝံဂလိ သမ္မာတရားအား ဟောပြောကြေညာရန် အလို့ငှာ စိတ်ဓာတ် ခွန်အား၊ ကာယ ခွန်အားလည်း လိုအပ်လှပြီး ပြီးခဲ့သော လအနည်းငယ်အတွင်း ကျွန်ုပ်အား အပ်နှင်းထားသော ရှင်ပီတာ၏ အမှုတော်အား လုံလောက်စွာ ဖြည့်ဆည်းထမ်းဆောင်ရန် ကျွန်ုပ် မစွမ်းဆောင်နိုင်မှုကို အသိအမှတ် ပြုရသည့် အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်၏ ခွန်အားသည် ယိုယွင်းလာပါသည်။ ဤအကြောင်းရင်းကြောင့်၊ ဤလုပ်ရပ်၏ လေးနက်မှုကို ကောင်းစွာ သိရှိပြီး ကျွန်ုပ်သည် လွတ်လပ်မှု အပြည့်ဖြင့် ရှင်ပီတာ၏ အရိုက်အရာအား ဆက်ခံသူ၊ ရောမမြို့၏ ဆရာတော် အမှုတော်အား စွန့်လွှတ်ကြောင်း ကြေငြာပါသည်။”

၂၀၁၃ ခုနှစ်၊ ဖေဖဝါရီလ ၂၈ ရက်နေ့တွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ စိုးစံသော ကာလ အဆုံးသတ်ခဲ့ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် တာဝန်မှ အနားယူပြီးနောက် သူ ပျံလွန်တော်မူသည့် အချိန်အထိ ဗာတီကန်ရှိ အသင်းတော်၏ မိခင် အမည်ရ ရသေ့ကျောင်း (Mater Ecclesiae Monastery) တွင် နေထိုင်ခဲ့သည်။

Credit to: RVA Myanmar

ရဟန်းမင်းကြီး ဘက်နဒစ် (၁၆) သက်တော် (၉၅) နှစ်တွင် ပျံလွန်တော်မူ


“ အနားယူသွားပြီ ဖြစ်သော ရဟန်းမင်းကြီး အရှင်သူမြတ် ဘက်နဒစ် (၁၆) သည် သက်တော် (၉၅) နှစ်တွင် ၃၁ ရက်၊ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် စနေနေ့ နံနက် ၉ နာရီ ၃၄ မိနစ်တွင် ဗာတီကန်ရှိ Mater Ecclesiae Monastery တွင် ပျံလွန်တော်မူခဲ့ပါပြီ။

ကျိုင်းတုံဆရာတော်အသစ် ဆရာတော်ကြီးဂျွန်စောယောဟန် ပလ္လင်အပ်နှင်းခြင်းမစ္ဆားတရားနှင့် အခမ်းအနား တင့်တယ်စွာကျင်းပ





ဒီနောကြ ဘုရားကွောငြးအဝငဝြမှ ဆရာတောအြသဈအား သီးသနြ့ ပငြ့ဖိတခြေါဆြောငလြာခှငြးနှငြ့ ပါးပါးဖရနစြဈမှ ခနြ့အပစြာ ကို ကာဒီနယထြံ သကသြပှကော ဘာသာသူမွားရှေ့မှောကတြှငြ လာတငြးဘာသာ ၊ အငြျဂလိပဘြာသာနှငြ့ မှနမြာ ဘာသာ ၃ မွိုးတို့ဖှငြ့ ဖတကြှားသကသြခေံခှငြး၊ တောငဝြှေးတောနြှငြ့ ပလျလငလြှှဲပှောငြးအပနြှငြးခှငြးကို ပှုလုပခြဲ့ကာ၊ ကွိူငြးတုံသာသနာ့ တာဝနခြံမွား အသငြးဂိုကြးအသီးသီးနှငြ့ ကောမြတီ အသီးသီးမှ ကိုယစြားလှယမြွားက ဆရာတောအြသဈအား နူတဆြကခြဲ့ကှပှီး မဈဆားတရားတောမြှတကြှီးကို ဆကလြကပြူဇောကြငွြးပခဲ့ပါတယြ။

မဈဆားတရားနောကဆြုံးကောငြးကှီးမခံယူခငမြှာတော့၊ ကွေးဇူးတငစြကားအသီးသီးမှှကကြှားခဲ့ကှခှငြးတှငြ ပထမဉီးစှာ သာသနာကို (၃) နှဈ စီမံခနြ့ခှဲ တာဝနယြူခဲ့တဲ့ Fr. Peter Ahnwe မှ ရငတြှငြးဖှဈစကားပှောကှားခဲ့ရာ

“ ဆရာတောကြှီးအသဈ ကို ကွှနြုပတြို့ အား ပေးသနားသညြ့အတှကြ ဘုရားသခငအြား၎င်းငျးငြး၊ သိုးထိနြးကောငြးအဖှဈ ခနြ့အပပြေးတဲ့ ပါပါးဖရနစြဈအား ၎င်းငျးငြး၊ တာဝနသြဈကို လကခြံပေးတဲ့ ဆရာတောကြှီး ဂွှနစြောယောဟနြ အားလညြးအထူးကွေးဇူးပါတယြ။ ကာဒီနယခြွာဈလဘြို၊ သာသနာနယစြညြးတာဝနခြံ ဂိုဏြးခွုပဆြရာတောကြှီး ဘာဆီးလွိုအားသိုကြ၊ ကှှရောကလြာသော ဆရာတောကြှီးမွား၊ ရဟနြး ကိုရငြ သီလရှငမြွား ဘာသာဝငမြွားအားအထူးကွေးဇူးတငပြါတယြ” လို့ပှောကှားခဲ့ပါတယြ။

“ လှနခြဲ့တဲ့ ၃ နှဈက သာသနာကိုလာဘို့ ကွှနုပြကြှောကခြဲ့တယြ ဆရာတောမြရသေးဘူးလားမေးကှလို့ ပါ။ ကွှနြုပဖြှခေဲ့တယြ ဘုရားက အကောငြးဆုံးကို ရှေးဘို့ဆိုအခွိနယြူတယြ၊ ကှာမယလြို့ဖှခေဲ့ပါတယြ။ အခုတော့ ဘုရားပေးပှီမို့ဒီလာဘို့လညြး မကှောကတြော့ပါဘူး” ဟု တောငကြှီးဂိုဏြးခွုပဆြရာတောကြှီး Metropolitan Archbishop Basilio Athai မှ ရယစြရာနှော၍မှှကကြှားခဲ့တာပါ။

ဒီနောကြ မှနဆြီညောြ အနဒြရေးယာ Msgr. Andrea Ferrante မှလညြး အားပေးစကားမှှကကြှားခဲ့ရာ

“ စကားပှောခှငြ့ရတဲ့အတှကဝြမြးသာဂုဏယြူမိပါတယြ မငြျဂလာပါ။ ဆရာတောကြှီးအသဈကို St. Charles Boromeo ပှဲနေ့မှာ ရှေးခယွခြနြ့ အပခြဲ့တာပါ။ ဒီနေ့ဟာ ဘုရားကိုကွေးဇူးတငရြမဲ့နေ့ ၊ ကမျဘာ တဝှမြးလုံးရှိသာသနာတောကြှီးအတှကြ ဝမြးသာဂုဏယြူရမဲ့နေ့ဖှဈပါတယြ။ ဆရာတောဂြွှနကြိုလညြးကွေးဇူးတငတြယြ။ သမိုငြးမှာယုံကှညခြှငြးမွိုးစေ့ကို ခခွဲ့သူတှအမွေားကှီးရှိပါတယြ။ ဒီထဲ မှာ Blessed Clemente Vismara ဟာအထငကြရ သာသနာပှုတပါးဖှဈပါတယြ။ Bls.Vismara သညြ ဆရာတောကြှီးဂွှနအြား စောငြ့ရှောကကြူညီပေးပါစေ။
သူဟာ CBCM ရဲ့ အတှငြးရမှေုး ဖှဈသလို ခရဈယာနမြွားတလုံးတဝတညြးရှိရေးရဲ့ အတှငြးရေးမှူးလညြးဖှဈပါတယြ။ တဈလုံးတဈဝတညြးရှိဘို့ ပုပဖြရနစြဈ လမြးညှှနခြဲ့သလို ကွှနုပြတြို့ တလုံးတဝတညြးရှိကှရပါမယြ။ ဒီလှပတဲ့ နေ့ အတှကအြားလုံးကိုကွေးဇူးတငပြါတယြ။ အမိမယတြောရြဲ့ ကူညီစောငြ့ရှောကခြှငြးနဲ့သာသနာခရီးအတူပှုနိုငအြောငြ ကွှနုပြြ ဆုတောငြးပေးပါတယြ” ဟုဆိုပါတယြ။

ဒါ့အပှငြ ဆရာတောကြှီး အသဈစကစြကရြဲ့ မငြျဂလာသတငြးစကားကိုလညြးယခုလို ကှားနာရပါတယြ။

“ ကွိုငြးတုံသာသနာ ပလျလငအြပနြှငြးခှငြး အခမြးအနား အောငမြှငစြှာကငွြးပနိုငလြို့ဘုရားကိုကွေးဇူးတငတြယြ။ ကွှနြုပြ မထိုကတြနသြောလြညြး ရှေးခယွပြေးတဲ့အတှကြ ဘုရားကိုကွေးဇူးတငတြယြ။
ညီအကို ကဲ့သို့ စောငြ့ရှောကပြေးတဲ့ကာဒီနယကြှီးခွားဈဘို နဲ့ အတူရှိပေးတဲ့ ဆရာတောစြောနောအေး ၊ နောငတြောြ ညီတောဆြရာတောကြှီးမွား နှငြ့ဘုနြးတောကြှီးမွား၊ အမ၊ ညီမ စဈစတာရမြွား ၊ ရနကြုနဘြာသာဝငမြွား နှငြ့ ကွိုငြးတုံဘာသာဝငြ အားလုံး၊ အလှူရှငကြွေးဇူးရှငမြွား၊ အခှားဘာသာဝငမြွား၊ အထူးဧညြ့သညတြောြ အခှားခရဈယာနဆြရာမွား ၊ ပီးမေ သာသနာပှုမွား ၊ အဖှဲ့အစညြးအသီးသီး ကွိုငြးတုံရပမြိရပဖြ မွား၊ သကတြောြ (၉၃) နှဈရှိ မိခငကြှီးနှငြ့ ကှယလြှနသြှားပှီဖှဈတဲ့ဖခငကြှီး၊ ကိုရငဘြဝကနေ အခုထိ စောငြ့ရှောကကြူညီပေးသူမွားအားကွေးဇူးတငတြယြ” ။

” ပါပါးရဲ့ ခနြ့အပလြှှာမှာ အစခေံတို့ရဲ့အစခေံလို့ ပှောထားပါတယြ။ ကွှနြုပဟြာ အစခေံဖှဈပါတယြ အသငြ့ရှိပါတယြ ကွှနြုပပြကြို အသုံးပှုပါ၊ ခေါပြါ၊ ခိုငြးပါ ” ဟုဆိုပှီး ကွေးဇူးတငပြါတယဆြိုသညြ့စကားကို ဘာသာစကားအသီးသီးနဲ့ မှှကကြှားရငြးအဆုံးသတခြဲ့တာဖှဈပါတယြ။

ဒီနောကြ Fr. Stephen Ano ၏ ကှငှောခကွတြှငြ ၊ ဆရာတောကြှီးမွား ယနေ့ဝတဆြငတြဲ့ သငြျကနြးနဲ့ မိုကတြာခေါငြးဆောငြး ၊ ရဟနြးတောမြွား ဝတဆြငထြားတဲ့ လညဆြှဲ စတိုးလြ တို့ဟာ ၊ ကွိုငြးတုံသာသနာရဲ့ မတျေတာ လကဆြောငဖြှဈတဲ့အကှောငြး၊ ကိုရငြ သီလရှငမြွားနဲ့ အထူး





 

#KengTung #Bishop #installation #catholic #church #prayer #EucharisticCelebration

Myanmar private Catholic University holds the fourth graduation ceremony


The first Myanmar private Catholic University held the fourth graduation ceremony in Yangon, Myanmar, on December 10.

Joseph Education University (JEU) marks the first private flagship of a Catholic university in Myanmar.

80 students attended in person out of more than 200 students who graduated from JEU at the fourth graduation ceremony in Summit Park View Hotel, Yangon, Myanmar.

Msgr. Andrea Ferrante, Vatican’s representative to Myanmar, lauded that he was proud to be at the graduation ceremony and encouraged everyone to commit themselves to the common good even in difficult times amidst today’s challenges.

Citing Pope Francis’ words, “I invite you to be the prophets for peace,” Msgr. Andrea said, “We are living in a warring world. Pope Francis shows us the road map. Teaching and education are the foundation of peace.”

“When educating a person, we need to help him to have critical thinking – to see the world well. Not only in the book but to be in life,” Bishop Alexander Pyone Cho of Pyay Diocese urged.

Graduates from Joseph Education University on December 10, 2022 (Photo supplied)

JEU could offer the scholarship to 99% percent of the students. The university has produced about 600 alumni since the University started in 2015.

This university was formally set up under the name of Joseph Education Institute (JEI) by Joseph Kung Za Hmung @ Win Hlaing Oo, a Catholic layman, in 2015, in Yangon, Myanmar (Burma).

Head and founder of JEU, Mr. Joseph Win Hlaing Oo, said, “Students are from USA, Canada, Australia, Singapore, and Malaysia. Graduates from these countries receive their graduation certificates and attire through the post. Although costly, the graduates shoulder the expenses by themselves.”

Some of the students are Buddhists and Hindus. They studied at JEU for knowledge and not for faith conversion.

“They are fond of Laudato Si, Pope Francis’ document on caring for our common home very much, which is one of the subjects taught in this University,” Joseph noted.

The JEU has become one of the places for interreligious dialogue.

Joseph said, “A Buddhist who got married to a Catholic woman takes part in the course to know more about the Catholic faith so that family members with different faith may live harmoniously.”

The head of JEU recalled the experience of a Seventh-day Adventist who converted to Catholicism after attending the course.

“It is very surprising to see a member of a community that opposes the Catholic Church very much, but after graduation, he converted to Catholicism,” Joseph remarked.

In addition to the subjects taught in the University, the participants are asked to write the history of their villages or parishes, to make research about their location compulsory.

Felicita Daw Thida Oo, Head of the St. Ann Women’s association in Dauku Parish, Loikaw Diocese, one of the conflict areas in Myanmar, recalled that she struggled to submit the assignments by sending them with the overturned envelope sent from the University.

“It is a very challenging learning system. It seems that we are fools for Christ. Please do not stop here. Please keep on learning to serve more,” Joseph encouraged.

Mr. Joseph Win Hlaing Oo, head and founder of Joseph Education University (Photo supplied)

When he was asked about his motivation to run the university, Joseph said that many other denominations have their own theological centers in their location. It is very rare in the Catholic Church in Myanmar.

“ I am inspired to create a Catholic university for 700,000 Catholics [in Myanmar] to have access to Catholic education so that the mission of Christ can be sustained generation after generation,” Joseph told RVA News. – by Hubert Saw