နီကာရာဂွါသမ္မတ Daniel Ortega ၏ အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုသူ မာတာကာလ်ပါကက်သလစ်ဆရာတော် ရိုလန်တို အလဲဗာရက်စ်ကို နီကာရာဂွါရဲများက ဖမ်းဆီး


နိုင်ငံအတွင်း ရိုမန်ကက်သလစ်သာသနာကို နောက်ဆုံးထိုးနှက်ချက်တွင် နှစ်ပတ်ကြာ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် နီကာရာဂွါရဲတပ်ဖွဲ့သည် သမ္မတ Daniel Ortega ၏ အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုသူ မာတာကာလ်ပါကက်သလစ်ဆရာတော်ကြီး ရိုလန်တို အလဲဗာရက်စ်ကို နီကာရာဂွါရဲများက ဖမ်းဆီးလိုက်သည်။

 

Bishop Rolando Álvarez, the bishop of Matagalpa

 

Matagalpa ၏ဆရာတော်ကြီး Rolando Álvarez သည် မြို့တော်၏ဘုရားကျောင်းသို့ ခရစ်ယာန်ဘုန်းတော်ကြီးများ အစုလိုက်အပြုံလိုက်လာရောက်ခြင်းမပြုရန် ရဲတပ်ဖွဲ့က ပိတ်ဆို့ပြီးနောက် နှစ်ပတ်ကြာ အကျဉ်းချခံထားရသော ဘုန်းတော်ကြီးများစွာအပါအဝင် အခြားရှစ်ဦးနှင့်အတူ သောကြာနေ့အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထို့နောက် ရဲတပ်ဖွဲ့သည် နီကာရာဂွါပြည်နယ် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် “အကြမ်းဖက်အုပ်စုများကို စည်းရုံးပြီး လူထုကို အမုန်းပွားစေသော လုပ်ရပ်များ လုပ်ဆောင်ရန် လှုံ့ဆော်မှု” ဟု စွပ်စွဲကာ ဆရာတော်ကြီးအယ်ဗာရက်ဇ်အား စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။ ရဲများက အဝိုင်းခံနေအိမ်သို့ ပို့ဆောင်ရန် ငြင်းဆိုပြီးနောက် ၎င်းတို့ကိုးဦးအား ၎င်းတို့၏ ရိက္ခာရိက္ခာများ ရိက္ခာပို့ခိုင်းခဲ့သည်။

သောကြာနေ့အရုဏ်မတက်မီ Matagalpa diocese က “ #SOS #Urgent။ ယခုအချိန်တွင် အမျိုးသားရဲများသည် ကျွန်ုပ်တို့၏ Matagalpa diocese ၏ ခရစ်ယာန်ဂိုဏ်းချုပ်ကျောင်းသို့ ဝင်ရောက်လာပါသည်။”

အယ်ဗာရက်ဇ်အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် မြို့တော် Managua သို့ ပြောင်းရွှေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သေဘေးခြိမ်းခြောက်မှုလှိုင်းလုံးပြီးနောက် 2019 ခုနှစ်တွင် Nicaragua မှထွက်ခွာခဲ့သော Managua Silvio José Báez Ortega ကဲ့သို့  သူအား ပြည်နှင်ဒဏ်ပေးခံရနိုင်ဖွယ်ရှိကြောင်း ရိုမန်ကက်သလစ်သာသနာရင်းမြစ်များက စိုးရိမ်နေကြသည်။

Ortega ၏ အစိုးရသည် သဘောထားကွဲလွဲမှု အသံများကို စနစ်တကျ ချေမှုန်းခဲ့သည်။ အလားအလာရှိသော သမ္မတလောင်း ရှစ်ဦးအပါအဝင် အတိုက်အခံခေါင်းဆောင် ဒါဇင်ပေါင်းများစွာကို ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံခဲ့ရသည်။
အယ်လ်ဗာရက်ဇ်သည် ၂၀၁၈ ခုနှစ်ကတည်းက နီကာရာဂွာတွင် ဒီမိုကရေစီရေးအတွက် ပြတ်ပြတ်သားသား ထောက်ခံသူဖြစ်ပြီး အော်တီဂါအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအပြီးတွင် သဘောထားကွဲလွဲမှုများကို သွေးထွက်သံယို ဖြိုခွဲမှုအပြီးတွင် ဖြစ်သည်။

သောကြာနေ့၏ စစ်ဆင်ရေးကို ၂၀၁၈ ခုနှစ်တွင် အစိုးရက ဖိနှိပ်မှုကို ဦးဆောင်ခဲ့သော ရဲချုပ် Ramón Avellán မှ ညွှန်ကြားခဲ့သည်။ ၎င်းသည် ဘုရားကျောင်းနှင့် အစိုးရကြား ရက်သတ္တပတ်များအတွင်း တင်းမာမှုများ မြင့်တက်လာပြီးနောက်တွင် ဖြစ်သည်။ ရဲများသည် ဘုရားကျောင်းများကို ဝိုင်းရံထားပြီး ဘုန်းကြီးများအား အစုလိုက်အပြုံလိုက် မဝင်ရောက်စေရန် တားမြစ်ထားသည်။

ခရစ်ယာန်ဘုန်းကြီး သုံးဦးကို ယခုနှစ်အတွင်း ဖမ်းဆီးခဲ့ပြီး ကက်သလစ် ရေဒီယိုလိုင်း ၁၂ ရုံနှင့် ကက်သလစ် ကေဘယ်လ် တီဗီချန်နယ် ၃ လိုင်းကို လေကြောင်းမှ ဖယ်ရှားခိုင်းခဲ့သည်။ Ortega ၏ Sandinista National Liberation Front မှလွှမ်းမိုးထားသည့်ကွန်ဂရက်တွင် Mother Teresa ၏ပရဟိတလုပ်ငန်းအပါအဝင် NGO ပေါင်း 1,000 ကျော်ကိုပိတ်ပစ်ရန်အမိန့်ပေးခဲ့သည်။

ရိုမန်ကက်သလစ်သာသနာသည် နီကာရာဂွာ၏ အဓိကဘာသာဖြစ်သော်လည်း အော်တီဂါနှင့် ၎င်း၏ဇနီးနှင့် ဒုဥက္ကဋ္ဌ Rosario Murillo တို့သည် ရိုမန်ကက်သလစ်သာသနာနှင့် ဆယ်စုနှစ်များစွာ ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့သည်။

မာ့က်စ်ဝါဒီပြောက်ကျားဟောင်းသည် ၂၀၀၇ ခုနှစ်တွင် သမ္မတရာထူးပြန်လည်ရယူရန် ကြိုးပမ်းခဲ့ပြီး ၎င်း၏ယခင်မျိုးပွားမှုအခွင့်အရေးအတွက် ထောက်ခံမှုကို ငြင်းပယ်ကာ ကိုယ်ဝန်ဖျက်ချခြင်းကို တင်းကျပ်သော တားမြစ်ချက်ဥပဒေတွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် 2018 ခုနှစ် လူထုအုံကြွမှုအတွင်း နီကာရာဂွါ ရိုမန်ကက်သလစ်သာသနာက မအောင်မြင်သော ဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်ပေးပြီးနောက် ဆက်ဆံရေး ပြတ်တောက်ကာ လူပေါင်း ၃၅၀ ခန့် သေဆုံးခဲ့သည့် သွေးထွက်သံယို ဖြိုခွင်းမှုကို အကြီးတန်း ဘာသာရေးခေါင်းဆောင်များက ရှုတ်ချပြီးနောက် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။

Ortega သည် နိုင်ငံ၏ ဂိုဏ်းအုပ်များကို အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချပြီး ရွေးကောက်ပွဲများတွင် ၎င်း၏ စတုတ္ထသက်တမ်းကို အနိုင်မရမီ “အကြမ်းဖက်သမားများ” အဖြစ် ဖော်ပြခဲ့ပြီး မတ်လတွင် အစိုးရက ဗာတီကန်သံအမတ်အား နှင်ထုတ်ခဲ့သည်။

“အာဏာရှင်တွေက သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နေတဲ့ မည်သူ့ကိုမဆို ဆက်တိုက် ချေမှုန်းပစ်တယ်။ ယနေ့တွင်၊ နီကာရာဂွာ၏ အရပ်ဘက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေး အတိုက်အခံများနှင့် မီဒီယာအားလုံးနီးပါးကို ဖျက်သိမ်းပြီးနောက်၊ နိုင်ငံသားများသည် ၎င်းတို့၏ ခုခံမှုကို ဖော်ပြရန်အတွက် တစ်ခုတည်းသောနေရာသည် ရိုမန်ကက်သလစ်သာသနာများဖြစ်သည်” ဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ Haydée Castillo က ပြောကြားခဲ့သည်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဆယ်ဖို့တစ်ဖို့၏သာသနာပြုလုပ်ငန်း


ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဆယ်ဖို့တစ်ဖို့၏သာသနာပြုလုပ်ငန်း

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက မိမိဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖို့တစ်ဖို့ အလှူငွေကို မည်ကဲ့သို့ အသုံးပြုနေသနည်းဟူသော အကြောင်းအရာကို လက်ထောက်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် ဘဏ္ဍာရေးမှူး ဆရာတော်ကြီး နိုအဲလ်စောနောအေးအား သြဂုတ်လ (၉) ရက်နေ့၌ တွေ့ဆုံမေးမြန်းတော်ခဲ့ပါသည်။

မေး။ ဆရာတော်ဘုရား၊ သြဂုတ်လ (၁၅) ရက်နေ့ဟာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဆယ်ဖို့တစ်ဖို့ပေးအပ်တဲ့နေ့အဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ သာသနာပိုင်ချုပ် ကာဒီနယ်ချားလ်စ်ဘိုက လွန်ခဲ့သော (၁၀) နှစ်ကျော်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာ မိမိဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖိုးတစ်ဖိုးရဲ့အသုံးပြုပုံ အခြေအနေကို သိပါရစေ။

ဆရာတော်။ သြဂုတ်လ (၁၅) ရက်နေ့ဟာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဆယ်ဖို့တစ်ဖို့ ပေးအပ်တဲ့နေ့အဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ သာသနာပိုင်ချုပ် ကာဒီနယ် ချားလ်စ်ဘိုက လွန်ခဲ့သော (၁၀) နှစ်ကျော်က ကြေညာခဲ့တာ မှန်ပါတယ်။ ငါတို့သာသနာမှာက ဘာသာတူများက လှူလိုက်တဲ့ ဆယ်ဖို့တစ်ဖို့ထဲကနေ ရဟန်းသာသနာ Parish များက (၅၀%) ကို မိမိတို့သာသနာမှာ လိုအပ်သူတွေကို ကူညီပေးဖို့အတွက် ယူထားပြီးမှ ကျန်တဲ့ (၅၀%) ကို ဆရာတော်ရုံး (ဗဟို) ကို ပေးပို့ကြရပါတယ်။

မေး။ ဆရာတော်ရုံးကို ရောက်ရှိလာတဲ့ဆယ်ဖို့တစ်ဖို့အလှူငွေကို ဆရာတော်ရုံးရဲ့အထွေထွေ အသုံးစရိတ်တွေမှာပဲ ပြန်သုံးပါသလား။

ဆရာတော်။ မသုံးဘူး။ ငါတို့ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖို့တစ်ဖို့အလှူငွေကို သာသနာပြုလုပ်ငန်းမှာပဲ (၁၀၀%) ပြန်သုံးပါတယ်။ သာသနာပြု လုပ်ငန်းမှာပြန်သုံးတယ်ဆိုတဲ့နေရာမှာ၊ ဘုရားကျောင်းဆောက်လုပ်ခြင်း၊ ရဟန်းကျောင်း ဆောက်လုပ်ခြင်း၊ သာသနာအတွက်မြေဝယ်ယူခြင်း၊ နယ်မှာသာသနာပြုနေကြတဲ့ ရဟန်းတွေ အတွက် ကားဝယ်ပေးခြင်း စတဲ့လုပ်ငန်းတွေမှာပဲ ပြန်လည် အသုံးပြုနေပါတယ်။

မေး။ တစ်နှစ်မှာ ဆယ်ဖို့တစ်ဖို့ငွေက ပျမ်းမျှ ဘယ်လောက်ရပါသလဲ။

ဆရာတော်။ ငါတို့သာသနာမှာက ဘာသာတူများက လှူလိုက်တဲ့ ဆယ်ဖို့တစ်ဖို့ ထဲကနေ ကျောင်းထိုင် သာသနာများက (၅၀%) ကို မိမိတို့သာသနာမှာ လိုအပ်သူတွေကို ကူညီပေးဖို့အတွက် ယူထားပြီးမှ ကျန်တဲ့ (၅၀%) ကို ဆရာတော်ရုံး (ဗဟို) ကို ပေးပို့ကြရပါတယ်။ ဒီတော့ ဗဟိုကို ရောက်လာတဲ့အလှူငွေဟာ ပျမ်းမျှအားဖြင့် သိန်း (၄၀၀) ဝန်းကျင်လောက်ရှိပါတယ်။

မေး။ ဒီလိုသာသနာပြုလုပ်ငန်းမှာ ကဏ္ဍအားဖြင့် (၄) ခုလောက်တွေ့ရပါတယ်။ အဲဒီတော့ ကဏ္ဍတွေကို ကိုယ်တော်က ဘယ်လိုပုံစံနဲ့ဆုံးဖြတ်ချက်ကို ချကြသလဲဆိုတာ သိချင်ပါတယ်။

ဆရာတော်။ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာက ရန်ကုန်ဇုံ၊ ပဲခူးဇုံနဲ့မအူပင်ဇုံဆိုပြီးတော့ ဇုံ (၃) ခု ခွဲထားပါတယ်။ ဒီဇုံ (၃) ခုမှာ ဇုံတစ်ခုချင်းစီကို တာဝန်ခံဇုံမှူးရဟန်းဆိုတာ ခန့်ထားပြီး တော့ ဇုံတစ်ခုစီအောက်မှာ အကြမ်းအားဖြင့် ရဟန်းပိုင်သာသနာ (၁၀) ခုလောက် ရှိကြပါ တယ်။ ဥပမာပြောရရင်၊ ဒီနှစ်ရလာမယ့် ဆယ်ဖို့တစ်ဖို့အလှူငွေကို ရန်ကုန်ဇုံကို ပေးလိုက် တယ်။ နောက်နှစ်ဆိုရင် မအူပင်ဇုံ၊ နောက်တစ်နှစ်ဆိုရင် ပဲခူးဇုံဆိုပြီးတော့ အလှည့်ကျ ခွဲပေးရပါတယ်။ ဒီငွေကို လက်ခံမယ့်ဇုံမှာ ရှိတဲ့ရဟန်းတွေက ဘယ်ရဟန်းသာသနာက ဘာအတွက်ရသင့်သလဲ ဆိုတာကို သူတို့အချင်းချင်း မဲခွဲပေးကြရတယ်။ အဲဒီမဲခွဲခြင်းကနေ မဲအများဆုံးရတဲ့ ရဟန်းသာသနာ Parish က ဒီနှစ်ရဲ့  ဆယ်ဖို့တစ်ဖို့ငွေကို လက်ခံပြီးတော့ သူလုပ်ရမယ့်လုပ်ငန်းအတွက် ဆရာတော်ကြီးရဲ့ အတိုင်ပင်ခံအစည်းအဝေးမှာ အတည်ပြုချက် ကို ရယူရပါတယ်။ ဒီတော့ဘာသာတူ တွေရဲ့ ဆယ်ဖို့တစ်ဖို့အလှူငွေကို အသုံးပြုတဲ့နေရာမှာ ကာဒီနယ်က အနာဂါတ်သာသနာတော် တိုးတက်ရေးအတွက်ပဲ အသုံးပြုမယ်ဆိုတဲ့ ရည်ရွယ် ချက်အတိုင်း ကျွန်တော်တို့ဆရာတော်တွေနဲ့ ရဟန်းတော်တွေဟာ အကျိုးရှိရှိအသုံးပြုနေပါ တယ်လို့ ပြောချင်ပါတယ်။

မေး။ ဒီလိုသာသနာပြုလုပ်ငန်းမှာ ကဏ္ဍအားဖြင့် (၄) ခုလောက်တွေ့ရပါတယ်။ အဲဒီတော့ ကဏ္ဍတွေ အတွက် ဆယ်ဖို့တစ်ဖို့အလှူငွေကို ခွဲဝေအသုံးပြုတဲ့နေရာမှာ တစ်ခါတလေ ငွေမလောက် တာမျိုးတွေ့ရှိပါသလား။

ဆရာတော်။ တစ်ခါတလေမှာ သာသနာပြုလုပ်ငန်းမှာ ဆယ်ဖို့တစ်ဖို့အလှူငွေတွေ မလုံလောက်တာမျိုး ရှိပါတယ်။ ဥပမာ သာသနာမြေကို ဝယ်တဲ့နေရာမှာ ရတဲ့အလှူငွေက ကျပ်သိန်း လေးရာဆိုပါ တော့။ မြေဈေးက ကျပ်သိန်းငါးရာနဲ့ ဝယ်ရရင် သာသနာကနေ နောက်ထပ် ကျပ်သိန်းတစ်ရာကို စိုက်ပြီးတော့ ဝယ်ရတာမျိုးတွေ ရှိပါတယ်။

မေး။ နောက်ဆုံးအနေဖြင့် ဆရာတော်ကြီးအနေနဲ့ ဆယ်ဖို့တစ်ဖို့နဲ့ပတ်သက်ပြီး ဘာသာတူတွေကို ဘာများ အားပေးနှိုးဆော်ချင်ပါသလဲ။

 

ဆရာတော်ကြီး နိုအဲလ်စောနောအေးရုံးခန်းထဲမှာ ဆယ်ဖို့တစ်ဖို့အလှူငွေပုံး

 

ဆရာတော်။ ကျွန်တော်ဆရာတော်အနေနဲ့ ဆယ်ဖို့တစ်ဖို့အလှူငွေထည့်ဖို့ အတွက်ဆိုပြီး မိမိရုံးခန်းထဲမှာ ဆယ်ဖို့တစ်ဖို့အလှူငွေပုံးကို လုပ်ထားပြီး ထည့်လာတာ (၁၀) နှစ်ကျော်လာပါပြီ။ အရင်က ရဟန်းဘဝအနေနဲ့ရော၊ အခုဆရာတော်ဘဝအနေနဲ့ပါ ရသမျှအလှူငွေတိုင်းကို ဆယ်ဖို့တစ်ဖို့ထည့်ပါတယ်။ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာ ရှိနေကြတဲ့ ရဟန်းပိုင်သာသနာတိုင်းက ဆယ်ဖို့တစ်ဖို့အလှူငွေကို သြဂုတ်လ (၁၅) ရက်နေ့မှာ ဆရာတော်ဗဟိုဘဏ္ဍာရေးမှူးရုံးကို ပို့ကြရပါတယ်။ ဒီ ဆယ်ဖို့တစ်ဖို့အလှူငွေကို ထည့်ခြင်းအားဖြင့် မိမိဘဝမှာ နစ်နာသွားတာ မရှိခဲ့ ပါဘူး။ တကယ်တော့ ဘုရားရှင်ရဲ့ကောင်းကြီးတွေကို ပိုပြီးတော့တောင် ခံစားရပါတယ်။ ကက်သလစ် ဘာသာဝင်သားသမီးများလည်း ဘုရားရှင်ကိုယုံကြည်မှုအပြည့်နဲ့ ရက်ရောစွာဖြင့် ဆယ်ဖို့တစ်ဖို့အလှူငွေကို ထည့်ဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ အားလုံးကို ဘုရားရှင်ကအစဉ်ကောင်း ကြီးပေးပါစေ။

 

Interviewed by Joseph Kung Za Hmung

ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီထုတ်ပြန်


သေဒဏ်ချမှတ်ခံထားရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၂၅ ရက်) ထုတ် စစ်ကောင်စီထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ) မောင်ကျော် (ခ)ရေခဲ ၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုသူရတို့လေးဦးကို ” အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း” မြန်မာ့အလင်း၊ ကြေးမုံတို့အပြင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Global New Light of Myanmar သတင်းစာတို့တွင် ပါရှိသည်။

(ဝဲမှယာ) သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ရက်နေ့ သတင်းထုတ်ပြန်ခဲ့သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်

 

ဇူလိုင်လ ၂၂ ရက်က အဆိုပါလေးယောက်လုံးကို မိသားစုဝင်များနှင့် ပထမဆုံးအကြိမ် အွန်လိုင်း ဗီဒီယိုကတဆင့်တွေ့ခွင့်ပေးခဲ့ပြီးနောက် ပြစ်ဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဇူလိုင် ၂၂ ရက်နေ့ကတည်းက ထောင်ဝန်ထမ်းများကို တင်းကြပ်မှုများပြုလုပ်ထားပြီး ပြင်ပနှင့်အဆက်သွယ်လုပ်မှုပြတ်တောက်အောင် ထိန်းချုပ်ထားခဲ့သည်ဟု ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများအတွက် အမှုလိုက်ရှေ့နေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

” “မိသားစုနဲ့ တွေ့ခွင့်ပေးမယ်ဆိုကတည်းက တစ်ခုခုတော့ ထူးခြားတယ်လို့ ကျွန်တော်ထင်တယ်။ မနေ့က ကြိုးပေးတယ်လို့တော့ သိရတယ် ၊ ကျိန်းသေတာက သောကြာနေ့ကစပြီး ထောင်ထဲမှာ ဝန်ထမ်းတွေကို တင်းကြပ်ထားတယ်။အထဲနဲ့ကို လုံးဝအဆက်အသွယ်မရတာ ၊ သူတို့ တကယ် ဒီလိုလုပ်လိုက်တယ်ဆိုရင် အားလုံးကို စိန်ခေါ်လိုက်တာပဲ” ဟု အမည်မဖော်လိုသော ရှေ့နေက ပြောသည်။

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့တာအပေါ် မြန်မာစစ်ကောင်စီကို ဝေဖန်



 




