ဘုရားသခင်ထံတော်သို့ သင်၏လိုရာကို ဆုတောင်းသည့်အတိုင်း မဖြစ်လာသည့်အပေါ် ရဟန်းမင်းကြီးဖရန်စစ်၏အကြံပေးစကား


အရှင်ဘုရားသခင်ထံတော်သို့ သင်၏လိုရာကို ဆုတောင်းသည့်အတိုင်း မဖြစ်လာသည့်အပေါ် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အောက်ပါအတိုင်း အကြံပေးတော်မူလိုက်သည်။

ကျွန်တော်တို့တတွေဟာ မိမိတို့လိုချင်တဲ့အရာတွေကို ဘုရားသခင်ထံသို့ ဆုတောင်းကြသော်လည်း အဖြေမရဟန်၊ တောင်းသည့်အတိုင်း မဖြစ်လာသည့်အခါတွင် ဧဝံဂေလိကျမ်းစာတော်မြတ်ကို သေချာထောက်ရှုကြရန် လိုအပ်လေသည်ဟု အရှင်သူမြတ်က သတိပေးသည်။

သူက၊ ဘုရားသခင်အရှင်မြတ်၏အချိန်သည် မိမိတို့တစ်ဦးစီ၏အချိန်နှင့် မတူညီကြောင်း၊ ထို့ကြောင့် ယေဇူးအရှင်မြတ်၏ဘဝတစ်ခုလုံးသည် ဆုတောင်းခြင်းနှင့်ကုသခြင်းတို့အတွက် အသနားခံခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်ကို တွေ့ရှိရသည်ဟု မီးမောင်းထိုးပြတော်မူသည်။

တစ်ခါတရံတွင်မူ ယေဇူးဘုရားရှင်၏တုံ့ပြန်မှုသည် မြန်ဆန်လွန်းလှပြီး၊ တခြားအကြောင်းအရာများအတွက် တုံ့ပြန်မှုတွင်မူ ဘုရားသခင်က မိမိတို့၏ဆုတောင်းခြင်းကို အဖြေမပေး၊ မတုံ့ပြန်သကဲ့သို့ နောက်ကျနေတတ်သည်ဟု မိန့်ကြားတော်မူသည်။

ကာနန်အမျိုးသမီးတစ်ဦးက မိမိသမီးအတွက် ယေဇူးခရစ်တော်ဘုရားကို အသနားခံဆုတောင်းသည့်အခါ၊ သူမ၏အသံကို ခရစ်တော်က ကြားနာရရန်အလို့ဌာ၊ အချိန်ကြာမြင့်စွာ ဆုတောင်းခဲ့ရကြောင်း၊ သူငယ်ချင်းလေးယောက်က လေးဖြတ်နေသောမိမိတို့သူငယ်ချင်းတစ်ယောက်ကို ခရစ်တော်ဘုရားထံ ထမ်းလာကြသည်ကို ပြန်ပြောင်းသတိရကြလျှင်၊ ခရစ်တော်ဘုရားက လေဖြတ်နေသောလူငယ်၏အပြစ်ကို အရင်ဆုံးအခွင့်လွှတ်ပေးပြီးမှ သူ၏ရောဂါကို ကုသပျောက်ကင်းစေတော်မူခဲ့သည်ကို မြင်ယောင်မိကြားစေလိုပါသည်။

ရဟန်းမင်းကြီးက သေခါနီးဖြစ်နေသော သမီးအတွက် ယေဇူးဘုရားထံသို့ ဆုတောင်းအသနားခံနေသော ဖခင်ဂျိုင်ရုစ်၏အဖြစ်အပျက် (မာကု ၅း ၂၁-၄၃) ကို ပြန်သတိရစေပါသည်။

ယေဇူးဘုရားရှင်သည် ဂျိုင်ရုစ်အိမ်သို့ သွားနေစဉ်တွင်၊ ဖခင်ဂျိုင်ရုစ်သည် အိမ်သို့သွားရာလမ်းပေါ်တွင် မိမိ၏သမီးသည် သေဆုံးပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ ယခုဖြစ်စဉ်ကား၊ နိဂုံးချုပ်ဖြစ်ပြီဟု ထင်ရသော်လည်း ယေဇူးခရစ်တော်က ဂျိုင်ရုဏ်အား၊ မကြောက်ပါနဲ့၊ ယုံကြည်ခြင်းသာ ရှိပါ (မာကု ၅း ၂၁-၄၃)ဟု တိုက်တွန်းတော်မူလိုက်သည်။

 

အရှင်မြတ်က၊ တကယ်တော့ ခရစ်တော်ဘုရားက သေပြီဖြစ်တဲ့ကလေးမလေးကို ပြန်လည်အသက်ရှင်စေမှာတော့ သေချာပါတယ်။ ခဏလေးတော့၊ ဂျိုင်ရုစ်လည်း ခေါင်းပူထူပြီး ယုံကြည်ခြင်း မီးလျှံနဲ့ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ပါဘူး။ ယုံကြည်ခြင်း ရှိဖို့အတွက်သာ ကျေးဇူးတော်ကို တောင်းခံလိုက်ပါ ဟု သွန်သင်တော်မူသည်။

ရဟန်းမင်းကြိးက၊ ဆုတောင်းခြင်းဆိုတာက ကြိမ်စကြာ (မျက်လှည့်ဆရာသို့ကိုင်သောတုတ်တံ) မဟုတ်ပါ။ ဆုတောင်းခြင်းဆိုတာက မြတ်စွာဘုရားသခင်နှင့်စကားပြောဆိုခြင်းသာ ဖြစ်သည်ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။
ကျွန်တော်တို့တတွေဟာ ဆုတောင်းတဲ့အခါတိုင်းမှာ နှိမ့်ချကြရမှာဖြစ်ပါတယ်။ နှိမ့်ချခြင်းသည် ဆုတောင်းသည့်အခါတိုင်း ပထမဆုံး လိုအပ်သော ပါရမီဖြစ်ပါတယ်။ ကက်သလစ်ဘုရားကျောင်းထဲမှာ တွေ့နေကြသည့်အတိုင်း၊ အမျိုးသမီးများဟာ ဘုရားကျောင်းထဲသို့ ဝင်တာနဲ့ မိမိတို့ခေါင်းပေါ်မှာ ဇာသပက် (ပဝါ) ကို ခြုံကြပြီး သန့်ရှင်းသောရေကို တို့ပြီး မိမိတို့နဖူးပေါ်တွင် တို့ထိကြသည့်အတိုင်း ကျွန်တော်တို့လည်း နှိမ့်ချကြရန် လိုအပ်ပြီး၊ ဘုရားသခင်သည် မိမိအား ပေးသင့်သောဆုတော်ကို ပေးမည်ဟူသော စိတ်ထားကိုသာ ကိုင်စွဲကြရန် လိုအပ်သည်ဟု ကျွန်ုပ်တို့အား သွန်သင်ဆော်သြတော်မူလိုက်သည်။