လူကြီးနှင့်လူငယ်ကြားက မဟာမိတ်ဖွဲ့ခြင်းသည် မိသားစုကို ကယ်တင်မည်ဖြစ်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိန့်ကြား


လူကြီးနှင့်လူငယ်ကြားက မဟာမိတ်ဖွဲ့ခြင်းသည် မိသားစုကို ကယ်တင်မည်ဖြစ်ဖြစ်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သြဂုတ်လ (၁၇) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့တွင် လူငယ်နှင့် သက်ကြီးရွယ်အိုများကြား ကျန်းမာသောဆက်ဆံရေးနှင့် မိသားစု၏ လိုအပ်ချက်ကို အလေးပေးဖော်ပြခဲ့သည်။

သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကြား မဟာမိတ်ဖွဲ့ခြင်းသည် လူ့မိသားစုကို ကယ်တင်နိုင်လိမ့်မည် ဟု ပုပ်ရဟန်းမင်းကြီးက ၎င်း၏ အပတ်စဉ် ပရိသတ်ကို သြဂုတ် ၁၇ ရက်၌ ပြောကြားခဲ့ပါသည်။ “တကယ်လို့ ဒီဆွေးနွေးပွဲဟာ သက်ကြီးရွယ်အိုတွေနဲ့ ငယ်ရွယ်သူတွေကြားက ဖြစ်မလာဘူးဆိုရင်၊ အနာဂတ်ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပါဘူး” ဟု သတိပေးမီးမောင်းထိုးပြတော်မူလိုက်သည်။

ဗာတီကန်ရှိ Paul VI ခန်းမတွင် ကျင်းပသည့် ပုပ်ရဟန်းမင်းကြီး၏ အထွေထွေ ပရိတ်သတ်များအဆုံးသတ်ခါနီးတွင် လူငယ်တစ်ဦးသည် စင်မြင့်ပေါ်တွင်ထိုင်နေစဉ် ပုပ်ရဟန်းမင်းကြီးထံချဉ်းကပ်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို အီတလီလို နှုတ်ဆက်ပြီး သူ့နာမည်ကို မေးပေမယ့် ကလေးက တုံ့ပြန်တာ မရှိပါဘူး။ “ပရိသတ်တွေကြားထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ငယ်ရွယ်သူတွေကြား ဆွေးနွေးပြောဆိုမှုတွေအကြောင်းကို ပုပ်ရဟန်းမင်းကြီးက ကောင်လေးကို လက်ဟန်ပြပြီး ကြည့်ရှုသူတွေကို ပြောခဲ့ပါတယ်။ “ သူက ဒီကောင် သတ္တိရှိတယ်။” ဟုမိန့်ကြားတော်မူလိုက်သည်။

“သက်ကြီးရွယ်အိုများ ငယ်ရွယ်သူများနှင့် စကားပြောဆိုရခြင်းမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ လူငယ်တို့သည် အသက်၏ ဉာဏ်ပညာကို ရရှိရန် သက်ကြီးရွယ်အိုများကို ရှာဖွေနိုင်ပါစေ” ဟု ပုပ်ရဟန်းမင်းကြီးက ဆုတောင်းခဲ့သည်။