ဟားခါးကက်သလစ်ဆရာတော်ကြီး လူးစီးအူးစ်ဟရယ်ကုန်းက မင်းတပ်နယ်ကို မင်းတပ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအဖြစ် ထူထောင်ရန် အဆိုတင်သွင်းမှုအပေါ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က အတည်ပြုပြီ


ဟားခါးကက်သလစ်ဆရာတော်ကြီး လူးစီးအူးစ်ဟရယ်ကုန်းက မင်းတပ်နယ်ကို မင်းတပ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ Catholic Diocese of Mindat အဖြစ် ထူထောင်ရန် အဆိုတင်သွင်းမှုအပေါ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က အတည်ပြုပြီ

 

Mindat Sacred Heart Catholic Church

 

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ်၊ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် ဟားခါးကက်သလစ်ဆရာတော်ကြီး လူးစီးအူးစ်ဟရယ်ကုန်းက မိမိလက်အောက်တွင် တည်ရှိနေသော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို အခြေပြုပြီး မင်းတပ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ Catholic Diocese of Mindat ကို ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ခွဲထုတ်ပြီး ထူထောင်ရန် အဆိုတင်သွင်းတော်မူခဲ့သည်ဟု သိရှိရပါသည်။ ဆရာတော်ကြီး၏ အဆိုတင်သွင်းမှုအပေါ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ထောက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုကြောင့် ၂၀၂၄ ခုနှစ် လောက်တွင် ကက်သလစ်ဆရာတော် ရုံးစိုက်သော မင်းတပ်ကက်သလစ်ဂိုဏ်းအုပ်သာသနာသည် ပေါ်ထွန်းလာတော်မူမည်ဟု မျှော်လင့်ရပါသည်။ မင်းတပ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ မြန်မြန်ပေါ်ထွန်းနိုင်ပါစေ။ Joseph Win Hlaing Oo