ဟားခါး-CDF အဖွဲ့က ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့် ဓမ္မဆရာကလဲမင်းတိုဖမ်းဆီးခံရခြင်းအပေါ် ဆူရ်ခွာမြို့၏ သာရေးနာရေးကော်မတီ (နိုင်ငံတကာဆူရ်ခွာ) ၏ထုတ်ပြန်စာ


ဟားခါး – CDF (Chinland Defense Forces) အဖွဲ့က ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့် ဓမ္မဆရာကလဲမင်းတိုဖမ်းဆီးခံရခြင်းအပေါ် ဆူရ်ခွာမြို့၏ သာရေးနာရေးကော်မတီ (နိုင်ငံတကာဆူရ်ခွာ) ၏ထုတ်ပြန်စာ
=====================
                                                                                                                                                   ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁)
—————————————————————-
ဟားခါး – CDF အဖွဲ့က ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့်ဓမ္မဆရာကလဲမင်းတို့အား ဇူလိုင်လ (၂၆) ရက်နေဖမ်းဆီးခံရခြင်းအပေါ် ဆူရ်ခွာမြို့ သာရေးနာရေးကော်မတီ (နိုင်ငံတကာဆုရ်ခွာ) ၏ထုတ်ပြန်စာ (ဟားခါးချင်းဘာသာ) ကို အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုလိုက်ပါသည်။)
——————————————————————-
ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုဘဲလ် ဟရန်တင်းထန်နှင့်ဓမ္မဆရာကလဲမင်းတို့အား ဖမ်းဆီးခံရခြင်း အပေါ် လူမှုကွန်ယက် (ဖေ့ဘုတ်) တွင် ရေးသားထားသော (အချက်သုံးချက်) များမှာ (က) ဘုန်းတော်ကြီးသည် မိမိကိုယ်ရေး ကိုယ်တာ ကိစ္စဖြင့် ဟားခါးမြို့သို့ သွားရာတွင် အဖမ်းခံရသည် (ခ) စစ်တပ်က သူ့ကို တွေ့ဆုံရန် ဖိတ်ခေါ် သောကြောင့် ဟားခါးသို သွားရာတွင် အဖမ်းခံရသည် (ဂ) ဘုန်းတော်ကြီးသည် စစ်တပ်နှင့်အဆက် အသွယ်ရှိသည်။ လူထုက တောထဲ တောင်ထဲသို့ ပြေးပုန်းနေချိန်တွင် ဘုန်းတော်ကြီးသည် မထွက်ပြေးဘဲ စစ်တပ်နှင့်အဆက်အသွယ်ရှိသည် ဟူသော အချက်များဖြစ်ကြသည်။

Fr. Noel Hrang Tin Thang

 

A Statement of Global Surkhua (Burmese Language)

                       အထက်ပါ စွပ်စွဲချက် (၃) ခုကို အောက်ပါအတိုင်း အများပြည်သူများ သိရှိနိုင်ရန် အသိပေးဖြေရှင်းအပ်ပါသည်။
၁။ ဆူရ်ခွာမြို့၏လုံခြုံဘေးအန္တရာယ် ကင်းရေးအတွက် မြို့ပေါ်ရှိ ဘာသာရေးဂိုဏ်းပေါင်းစုံများ စုပေါင်းပြီး သာရေးနာရေးနှင့် ကိုဗစ်ကပ်ဘေးရောဂါကို ကာကွယ်တိုက်ဖျက်နိုင်ရေးအတွက် ကော်မတီတစ်ခုကို မြို့မိမြို့ဖများက ဖွဲ့စည်းကြသည်။ ၎င်းကော်မတီ၏ လုပ်ငန်းများမှာ (၁) ကျန်းမာရေးနှင့် ဆိုင်သောစောင့် ရှောက်မှု (၂) ဘာသာရေးနှင့်ဆိုင်သောစောင့် ရှောက်မှု (၃) သာရေးနာရေးနှင့်ဆိုင်သောစောင့်ရှောက်မှုတို့ ဖြစ်ကြပြီး ၄င်းအစည်းအဝေးကို တက်ရောက်ကြသူအားလုံး က ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန် ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ ထိုကြောင့် ဆုရ်ခွာသာရေးနာရေးကော်မတီက ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်ကို ကိုဗစ်ကာကွယ်ဆေးများ သွားထုတ်ရန် အတွက် ဟားခါးမြို့သို့ စေလွှတ်လိုက်ခြင်း ဖြစ်ပါသည်။
၂။ သူသည် စစ်တပ်နှင့်တွေ့ဆုံရန်အတွက် ဟားခါးသို့ သွားရောက်ခြင်း မဟုတ်ဘဲ အထက်ဖော်ပြသော ကိုဗစ်ကာကွယ် ဆေးများ သွားထုတ်ရန်အတွက် ဟားခါးမြို့ သို့ သွားရောက်ခြင်း ဖြစ်ပါသည်။
၃။ ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီးနှင့်စစ်တပ်အကြား ဆက်သွယ်မှုရှိခြင်းနှင့်ပတ်သက်ပြီး၊ ဆူရ်ခွာမြို့ တစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေချိန်တွင် ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်သည် မြို့ထဲရှိ သက်ကြီးရွယ်အိုများ နှင့်ဖျားနာသူများကို မိမိကားဖြင့် အိမ်ရာရောက် လိုက်ခေါ်ပြီး ကက်သလစ်ဘုရားကျောင်းဝင်းထဲတွင် ကက်သလစ်သီလရှင်များနှင့်အတူ ပြုစုစောင့်ရှောက် ပေးပါသည်။ ဒုတိယအကြိမ် တိုက်ပွဲဖြစ်နေချိန်တွင်မူ၊ ဆူရ်ခွာမြို့ပေါ်ရှိဘာသာရေးခေါင်းဆောင်များ သည် ဆုရ်ခွာမြို့ ဘေးကင်းလုံခြုံရေးအတွက် စစ်တပ်စခန်းချ သောနေရာသို့ သွားရောက်ကာ စစ်တပ်နှင့်သွားရောက် တွေ့ဆုံကြပါသည်။ ဟားခါးမှရောက်လာသောစစ်တပ်ခေါင်းဆောင်က ဘုန်းတော်ကြီးကို လိုအပ်မှုများ မေးမြန်းပြီးနောက်၊ စစ်တပ်ကို လာရောက် တွေ့ဆုံရန်နှင့် လာရောက်တွေ့ဆုံခြင်း မရှိပါက ဆူရ်ခွာမြို့ကို မီးရှို့ပြာကျစေမည်ဟု ခြိမ်းခြောက်လာပါသည် ။ ထို့ကြောင့် မြို့ပေါ်ရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် ဟားခါးမှ စစ်တပ်အကြီးအကဲကို သွားရောက်တွေ့ဆုံကြခြင်း ဖြစ်ပါသည်။
၄။ ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းတန်နှင့်ဓမ္မဆရာကလဲမင်းဟု ဖော်ပြချက်တွင်မူ သည် ဆုရ်ခွာမြို့တွင် တာဝန်ထမ်းဆောင်သူမဟုတ်ဘဲ ဒေါင်ဗားရွာတွင် တာဝန်ထမ်းဆောင်နေသော ၊ ဓမ္မဆရာကလဲမင်း ကက်သလစ်ခရစ်ယာန် ဓမ္မဆရာတစ်ပါး ဖြစ်ပါသည်။ သူသည် ဆုရ်ခွာမြို့သို့ စစ်တပ်ရောက်ရှိလာချိန်နှင့် ကိုဗစ်ကာကွယ် ရေးဆိုင်ရာလုပ်ငန်းအတွက် အစည်းအဝေးများတွင် တစ်ခါမျှ ပါဝင်သူ မဟုတ်ပါ။
၅။ ထို့ကြောင့် လူမှုကွန်ယက်တွင် ရေးသားကြရာတွင် ဆုရ်ခွာမြို့ ထဲတွင် ဖြစ်ပျက်သော အမှန်တရားများကိုသာ ကိုးကားရေးသားကြပါရန် အသိပေးအပ်ပါသည်။
                                                                            ဆူရ်ခွာမြို့သာရေးနာရေးကော်မတီ
                                                                                 တစ်ကမ္ဘာလုံးဆိုင်ရာ ဆူရ်ခွာ

A Statement of Global Surkhua (Hakha Language)