ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ရန်ကုန်ကက်သလစ်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်အား ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော် အဖြစ် ခန့်အပ်


ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ရန်ကုန်ကက်သလစ်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်အား ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော် အဖြစ် ခန့်အပ်ကြောင်း နိုဝင်ဘာလ (၄) ရက်၊ ၂၀၂၂ သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၅:၃၀ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

Bishop John Saw Yaw Han, Bishop of Keng Tung Diocese

 

ဆရာတော်ဂျွန်ယောဟန် သည် မတ်လ ၁၈ ရက်၊ ၁၉၉၅ တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ ဆရာတော်သိက္ခာကို ဧပြီလ ၁၂ ရက်၊ ၂၀၁၅ တွင် ခံယူခဲ့သည်။

ဆရာတော်ယောဟန်သည် ယခင်ကလည်း ရန်ကုန်ကက်သလစ် သာသနာမှ ကျိုင်းတုံကက်သလစ် သာသနာတွင် ၁၉၉၇ မှ ၁၉၉၈ အထိ ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာ အထူး ၄ ဒေသ၌ သာသနာပြုခဲ့ဖူးပါသည်။

ကျိုင်းတုံသာသနာတော်အတွက်ဆရာတော်တစ်ပါးကိုပေးသနားတော်မူသည့်အတွက် ဘုရားသခင်အားကျေးဇူးတင်ပါသည်။

Congratulations to Bishop John Saw Yaw Han!