ကိုဗစ်-၁၉၊ ကပ်ရောဂါကာကွယ်ကုသဆေးကို လူသားအားလုံး အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ကြရန် ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသဆေးကို လူသားအားလုံးက အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ကြရန် သြဂုတ်လ (၉) ရက်နေ့က ဆေးဝါးဖော်ထုတ်နေကြသောနိုင်ငံများသို့ တိုက်တွန်းတော်မူလိုက်သည်။

 

ရဟန်းမင်းကြီးက ““ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသဆေးကို ချမ်းသာတဲ့နိုင်ငံတွေကိုပဲ ဦးစားပေးရင် ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မယ်။ ၎င်းဆေးဟာ တကမ်္ဘာလုံးအတွက် မဟုတ်ဘဲ၊ နိုင်ငံတစ်ခုရဲ့ပိုင်ဆိုင်မှုအဖြစ် ရောက်ရှိသွားရင် စိတ်ပျက်ဖို့ကောင်း လိမ့်မယ်”” ဟု သတိပေးတော်မူလိုက်သည်။

 

ရဟန်းမင်းကြီး၏ တောင်းဆိုသတိပေးချက်ထွက်ပေါ်လာပြီးနောက် ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူးချုပ် တေးဒရော့စ် အာဒနမ် ဂေးဘရေယေစူးစ်ကလည်း ““ဆေးဝါးအမျိုးသားဝါဒ”” ကို ရှောင်ရှား ကြရန် ကမ်္ဘာ့ခေါင်းဆောင်များအား သတိပေးခြင်းကို သြဂုတ်လ (၁၈) ရက်နေ့က ထပ်လောင်း ပြုလုပ်လာသည်။
ရဟန်းမင်းကြီး၏ တောင်းဆိုချက်ထဲ၌၊ ပြည်သူပိုင်ငွေဖြင့် ဆေးဝါးဖော်ထုတ်ခြင်းလုပ်ငန်းကို ပြုလုပ်ခြင်း ဖြစ်ပါက မည်သူကိုမှ ဖယ်ကျဉ်မထားသင့်ကြောင်း၊ ဖန်ဆင်းခြင်းကို ဂရုစိုက်ပြုစုရန် သို့မဟုတ် အများအကျိုး အတွက် လုပ်ဆောင်ရန်၊ တခြားသူများ၏အရေးပေးခြင်းကို မခံစားသောလူသားများကို မြှင့်တင်ပေးရန်၊ အပယ်ခံထားသူများကို ထည့်သွင်းရန်တို့ကို မလုပ်ဆောင်လျှင်မူ ရွံစရာကောင်းသောအပြုအမှု ဖြစ်သည်ဟု ရှုတ်ချတော်မူလိုက်သည်။

 

ဆက်လက်ပြီး ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အစိုးရမင်းများသည် အထက်ပါအချက် (၄) ချက် ((၁)မည်သူကိုမှ ဖယ်ကျဉ်မထားသင့်ကြောင်း၊ (၂) ဖန်ဆင်းခြင်းကို ဂရုစိုက်ပြုစုရန် သို့မဟုတ် အများအကျိုး အတွက် လုပ်ဆောင်ရန်၊ (၃) တခြားသူများ၏အရေးပေးခြင်းကို မခံစားသောလူသားများကို မြှင့်တင်ပေးရန်၊ (၄) အပယ်ခံထားသူများကို ထည့်သွင်းရန်)နှင့်ကိုက်ညီသော စက်ရုံများကိုသာ ကူညီပံ့ပိုးပေးသင့်သည်ဟု ဆော်သြတော်မူလိုက်သည်။

 

နောက်ဆုံး၌ ရဟန်းမင်းကြီးက ကိုဗစ်ကပ်ရောဂါပိုးသည် သေးငယ်သော်လည်း တကမ်္ဘာလုံးကို အတိဒုကရောက်စေခဲ့ကြောင်း၊ ၎င်းသေးငယ်သောကိုဗစ်ရောဂါပိုးအပြင် ကြီးမားသောရောဂါပိုးတစ်ခုဖြစ်သည့် လူမှုရေးမတရားမှုများ၊ အခွင့်အရေးမမျှတခြင်းများ၊ ပစ်ပယ်ထားခြင်းများ၊ ခွန်အားအနည်းဆုံးသူများကို မကာကွယ်ပေးခြင်းများစသော ရောဂါပိုးကြီးကိုလည်း ကုသရန် လိုအပ်နေသည်ဟု ဘုရားဖူးသူတော်စင်များအား မီးမောင်းထိုးဖိတ်ခေါ်တော်မူလိုက်သည်။

737  Views
Previous: ကလေးကက်သလစ်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်က ကလေးကက်သလစ်သာသနာရှိ မိမိရဟန်းများ၏ကျန်းမာရေးကုသစရိတ်ကို ပံ့ပိုးပေးနေ
Next: ဘယ်လရူးဂိုဏ်းချုပ်ဆရာတော်ကြီးတာဒေးအူးစ်က ဒီမိုကရေစီအတွက် ဆန်္ဒပြသူများအား ဖမ်းချုပ်ထားသည့်အကျဉ်းစခန်းသို့ သွားရောက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို