ဂျပန်က ချေးငွေမပေးတော့၍ ဟံသာဝတီလေဆိပ်စီမံကိန်းရပ်ဆိုင်း

ဂျပန်နိုင်ငံက မြန်မာကိုအကူအညီအသစ်များ ထပ်ပေး ရန် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပဲခူးတွင် တည်ဆောက်မည့် ဟံသာဝတီလေဆိပ်စီမံကိန်းအ တွက် ချေးငွေလည်း ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူများက ပြောသည်။

လက်ရှိပေးအပ်ထားသည့် အကူအညီများကို ဆက်လက် ထောက်ပံ့မည်ဖြစ်သော်လည်း စီမံကိန်းအသစ်များကို ပေးအပ်တော့ မည်မဟုတ်ကြောင်း ဂျပန်အစိုးရ ၏ ပြောကြားချက်ကို ဂျပန်သတင်းဌာန NIKKEI ASIA တွင် ဖော်ပြ ထားသည်။

ဟံသာဝတီလေဆိပ် တည် ဆောက်ရေးအတွက် ၂၀၂၁ မတ်လတွင် မြန်မာ-ဂျပန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် စီစဉ်ထားခြင်းဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ ၂ ဘီလီယံကြားကို ဂျပန်နိုင်ငံက ထုတ်ချေး မည်ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန် နိုင်ငံအကူအညီဖြင့် စီမံကိန်း ကနဦးဖြစ်နိုင်ခြေများကို ၂၀၂၀ ဩဂုတ် ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည် ဟု လေကြောင်းညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည်။

ဒုတိယအဆင့်သည် ၂၀၃၇ တွင် ပြီးစီးမည်ဖြစ်ပြီး တစ်နှစ်လျှင်ခရီးသည် ၁၅ သန်းနှင့် တတိယ အဆင့်သည် ၂၀၄၈ တွင် ပြီးစီးပြီး ခရီးသည် သန်း ၃၀ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း အွန်လိုင်းမှ ပြုလုပ်သည့် အများပြည်သူသို့ ရှင်းလင်းသည့် အခမ်းအနားတွင် ထုတ်ပြန်ထားသည်။

ဦးသိန်းစိန် အစိုးရလက် ထက်တွင် ပဲခူးမြို့ကျောက်တိုင် ရွာအနီး မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အ ကောင်အထည်ဖော်ရန် စီစဉ်ခဲ့ သည်။

စီမံကိန်းကိုဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄အောက်တိုဘာတွင် တင်ဒါရရှိခဲ့ သည်။

ထိုတင်ဒါအောင်ထားမှု သဘောတူညီချက်သက်တမ်း သည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးခဲ့ သည်။

ဟံသာဝတီ လေဆိပ်စီမံ ကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီ ချက် သက်တမ်းကုန်ဆုံးပြီဖြစ် သော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေး ကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

 

554  Views
Previous: ကက်သလစ်ခရစ်ယာန်သာသနာတော်မှ သီလရှင် Sr. Ann Nu Tawng က ဖြိုခွင်းခြင်းမပြုရန် ဒူးထောက် တောင်းပန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း မြစ်ကြီးနား ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်၍ ၂ ဦးကျဆုံး
Next: နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ပြည်တွင်းသတင်းဌာန ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း ကြေညာ