တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းပေါင်း ၁၂၇၀ ရှိပြီဟု ဗာတီကန်နိုင်ငံ၏စာရင်းဌာနမှ ထုတ်ပြန်

25

ဗာတီကန်၊ မတ်လ ၈၊ ၂၀၁၆

ကက်သလစ်သာသနာတော်၏ဗဟိုဌာနဖြစ်သော ဗာတီကန်နိုင်ငံက တကမ်္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ အရေ အတွက်သည် ကမ်္ဘာ့လူဦးရေထက် ပိုပြီးလျင်မြန်စွာ တိုးတက်နေသည်ဟု မတ်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ဗာတီကန် စာရင်းအင်းဌာန၏ ၂၀၁၆ ခုနှစ်ထုတ်ပြန်ချက်အရ ဆေးကြောခြင်းခံယူပြီးသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းပေါင်း ၁၂၇၀ ရှိပြီး ၎င်းအရေအတွက်သည် ကမ်္ဘာလူဦးရေစုစုပေါင်း၏ ၁၇.၈% ရှိနေပြီဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်။

ထိုကဲ့သို့သော တကမ်္ဘာလုံးတွင် ကက်သလစ်ခရစ်ယာန်ဘာသာဝင်အရေအတွက်များ တိုးတက်နေချိန်တွင် တကမ်္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်လူဦးရေ၏ ၄၀% ရှိသော ဥရောပတိုက်၌မူ ၂% နှုန်းသာတိုးလာရာ ဥရောပတိုက်တွင်မူ ၉ နှစ်အတွင်း ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် တဖြည်းဖြည်းကျဆင်းလာပြီး အာဖရိကတိုက်တွင်ကား ၄၁%နှင့်အာရှ တိုက်၌မူ ၂၀% တိုးတက်လာသည်ဟု သိရှိရသည်။ သို့သော် တကမ်္ဘာလုံးရှိကက်သလစ်ဘာသာဝင်ဦးရေ၏ ထက်ဝက်ကျော် ရှိနေသော မြောက်နှင့်တောင်အာမေရိကတိုက်တို့၌မူ ကက်သလစ်ဘာသာဝင်ဦးရေ၏တိုးတက်မှုသည် အမြင့်ဆုံး ဖြစ်သည်ဟု မီးမောင်းထိုးပြထားသည်။

ထို့အပြင် တကမ်္ဘာလုံးရှိကက်သလစ်ဆရာတော်ကြီးများ၏ဦးရေသည် ၂၀၁၄ ခုနှစ်တွင် (၄၈၄၁) ပါး ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင်မူ (၅၂၃၇) ပါး၊ ကက်သလစ်ရဟန်းအရေအတွက်သည် (၄၁၅၇၉၂) ပါး၊ ရာသက်ပန်ဦးပဇင်းဦးရေကား (၄၄၅၆၆)၊ သစ်္စာသုံးပါးခံကိုရင် အရေအတွက်သည် ၂၀၁၃ ခုနှစ်တွင်မူ (၅၅၂၅၃) ပါးရှိသော်လည်း ၂၀၁၅ ခုနှစ်၏စာရင်းအရ (၅၄၅၅၉) ပါးသာ ရှိရာ ကျဆင်းနေ သည်ကို တွေ့ရှိရကြောင်း၊ သစ်္စာသုံးပါးခံအမျိုးသမီးသီလရှင်များ၏အရေအတွက်ကား (၁၀၈၄၆)ပါးသာ ရှိရာ ဥရောပ တိုက်၊ တောင်နှင့်မြောက်အာမေရိကတိုက်နှင့်ကျွန်းစုနိုင်ငံများတွင်မူ ကျဆင်းနေပြီး အာဖရိကတိုက်နှင့်အာရှတိုက်တို့တွင်ကား တိုးပွားနေသည်ကို တွေ့ရှိရသည်။

တကမ်္ဘာလုံးရှိ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းတွင် ရှိနေကြသော ကျောင်းသားများ၏ အရေအတွက်သည် ၂၀၁၃ ခုနှစ်၌မူ (၁၁၈၂၅၁) ဦး ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင်မူ (၁၁၆၉၃၉) ဦးသာ ရှိရာ အနည်းငယ်ကျဆင်းကြောင်းဖြင့် ဗာတီကန်စာရင်းအင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၀၀၃ ကုန်ဇမှုန်း

1891  Views
Previous: မြန်မာနိုင်ငံကိုတည်ဆောက်ရာ၌ ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍဆိုင်ရာဆွေးနွေးခြင်းညီလာခံ ကျင်းပပြီးစီး
Next: The Catholic Church has 255 Infallibly Declared Dogmas