ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့ အွန်လိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဓမ္မညီလာခံအတွက် စာတမ်းပြုစုရေးအဖွဲ့ အွန်လိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင် စတင်ကျင်းပခဲ့ကြသည်။

အစည်းအဝေးအတွင် မြန်မာနိင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏အထွေထွေအတွင်း ရေးမှူးလည်းဖြစ်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်လည်းဖြစ်သူ ဂျွန်စောယောဟန်မှ အစည်းအဝေးကို ဦးဆောင်ကျင်ပခဲ့သည်။

 

 

အဖဆရာတော်ကြီးစောယောဟန်မှ ပြင်ဆင်ထားသောအဖွင့်ဆုတောင်းမေတ္တာကို ကွန်ပျူတာမျက်နှာပြင်တွင် ဖွင့်ထားပြီး အစည်းအဝေးတွင်ပါဝင်တက်ရောက်လာသော ဂိုဏ်းအုပ် ဂိုဏ်းချုပ်သာသနာအသီးသီးမှတာဝန်ခံ ဘုန်းတော်ကြီးများနှင့် အတူတကွ ရွက်ဆိုဆုတောင်းဖြင့် အစည်းအဝေးကိုဖွင့်လစ်ခဲ့ကြသည်။

အဖွင့်မေတ္တာရွက်ဆိုဆုတောင်းပြီးနောက် ဦးဆောင်သူအဖဆရာတော်ကြီးမှ အဖွင့်အမှာစကားမြွက်ကြားရာတွင် အွန်လိုင်းအစည်းအဝေးသို့တက်ရောက်လာသူ ဘုန်းတော်ကြီးများ အားလုံးကိုအထူးကျေးဇူးတင်ကြောင်း၊ ဂိုဏ်းအုပ်ဂိုဏ်းချုပ်သာသနာအသီးသီးမှ ဓမ္မညီလာခံအတွက် ပြုလုပ်ထာသော စာတမ်းများကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ ဆရာတော်ကြီးများရုံချုပ်၏အလုပ်မှုဆောင်အတွင်းရေးမှူး ဖာသာရ် ပီတယ်စိန်လှိုင်ဦးထံ သို့ပေးပို့လာကြသူများကိုကျေးဇူးတင်ကြောင်း၊ မပို့ရသေးသောသူများလည်း ပို့ပေးကြဖို့လိုကြောင်း၊ ဖြစ်နိုင်ပါက မြန်မာဘာသာအင်္ဂလိပ်ဘာသာနှစ်ဘာသာဖြင့် ပို့ပေးနိုင်ပါက ပေးပို့ကြရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအဆင့်နောက်ဆုံးအပြီးသတ် စာတမ်းပြုစုခြင်းကို လာမည့် ဇွန်လ ၁၄၊ ၁၅ ရက်တွင်ပြုလုပ် မည်ဖြစ်ကြောင်း၊တက်ရောက် လာမည့် သာသနာအသီးသီးမှ ကိုယ်စားလှယ်ဘုန်းတာ်ကြီးများကို နေရာထိုင်ခင်း၊ အစားအစာနှင့် ခရီးစရိတ်များစဉ်ထားပေးမည်ဖြစ်ကြောင်း၊ ဇွန်လတွင်ပြုလုပ်မည့်အစည်းအဝေးအတွင်း တက်ရောက်လာမည့် ကိုယ်စားလှယ်များမှ မိမိတို့သာသနာတွင်ပြုလုပ်ခဲ့သော ဓမ္မညီလာခံအတွေ့အကြုံများကို ၅ မိနစ်စာပြင်ဆင်လာပြီးပြန်လည်ဝေမျှပေးရမည်ဖြစ်ကြောင်းနှင့် လက်ရှိပြုလုပ်ကျင်းပမဲ့ အစည်းအဝေး အစီအစဉ် (Agenda) များကို Powerpoint ဖြင့်ဖွင့်ပြကာ နှိုးဆော်အသိပေးခဲ့ပါသည်။

Powerpoint ဖြင့်ပြင်ဆင်ထားသောအစည်းအဝေးအစီအစဉ်များကို ဆရာတော်၏အတွင်းရေမှုးဖြစ်သော ဖာသာရ် ဟေလာရီမှ ကွန်ပျူတာမျက်နှာပြင်ပေါ်မှ ပြသပေခဲ့သည်။

၎င်းနောက် ရန်ကုန်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်ဟိုင်ဂျီနူးမြင့်စိုးမှ ၅ မိနစ်စာဝေမျှခြင်းအစီအစဉ်အတွင်း ဝေမျှပေးရမည်းနည်းလမ်းများကို ပြောပြဝေမျှပေးခဲ့သည်။

ရန်ကုန်သာသနာမှ ဘုန်းတော်ကြီး ဂျွန်ပေါလ်ဇော်မင်းအေးမှလည်း စိတ်ဝင်းစားဖွယ်ရာ မိမိရဲ့အတွေ့ အကြုံများထဲမှ အနည်းငယ်ကို အစည်းအဝေးတွင်ပါဝင်သူများအား ဝေမျှပေးခဲ့သည်။

ထို့နောက် ပါဝင်တက်ရောက်လာသူများထဲမှအချို့ကလည်း မိမိတို့ပြုလုပ်ခဲ့သော ဓမ္မညီလာခံအတွက် စားတမ်းအားနည်းချက်အားသာချက်နှင့် စစ်တမ်းကောက်ခံခဲ့ရတွင်တွေ့ကြုံခဲ့ရသော အတွေ့အကြုံ အနည်းငယ်ကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးအလုပ်အမှုဆောင်အတွင်းရေးမှူးဖာသာရ်ပီတယ်စိန်လှိုင်ဦးမှလည်း လာမည့်ဇွန်လတွင်ကျင်းပမည့်အစည်းအဝေးကို လူဦးရေအဘယ်မျှတက်မည်ကို ကြိုတင်စာရင်းတင်  သွင်းပေးဖို့ အသိပေးမှာကြားခဲ့သည်။

မငြိမ်းချမ်းသည့်ဒေသတွင်ရှိနေကြသောကိုယ်စားလှယ်များက လာမည့်ဇွန်လတွင်ကျင်းပမည့် အစဉ်းအဝေးကို ခရီးလမ်းအခက်အခဲကြောင့် တက်ရောက်နိုင်ခြင်းရှိမရှိ ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးတင်ပြအသိပေးခဲ့သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးဆောင်သူ အဖဆရာတော်စောယောဟန်မှ ဇွန်လအစည်းအဝေးကို အခက်အခဲ ကြောင့်တက်ရောက်နိုင်ခြင်းမရှိပါက မိမိတို့ဝေမျှမည့်အတွေ့အကြုံများကို ရုပ်သံဗီဒီယိုဖိုင်ဖြင့်ပေးပို့နိုင်ပါက ပေးပို့စေလို့ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

အွန်လိုင်းအစည်းဝေးသို့ တက်ရောက်သူဦးရေ ၂၁ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကက်သလစ်ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့၏အွန်လိုင်းအစည်းအဝေးကို ည ၈ နာရီခွဲဝန်းကျင်တွင် အပိတ်ဆု တောင်းမေတ္တာအတူတကွ ရွက်ဆိုဆုတောင်းခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။

 သတင်း-ရေမွန်မန်းကျော်

Credit to: Pathein Catholic Diocese website

340  Views
Previous: မြန်မာနိုင်ငံအတွင်း အပြန်အလှန် သတ်ဖြတ်မှုတွေ ပိုများလာ
Next: မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း