ပါလက်စတိုင်းအစိုးရက ဂျေရုစလင်မြို့အား ပါလက်စတိုင်းနယ်မြေထဲတွင် ထည့်နိုင်ရေး ဗာတီကန်အစိုးရအား အကူအညီတောင်းခံ

ဗာတီကန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈ CNA

ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရာယအာမာလာကီက ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး  ကာဒီနယ်ပါရိုလင်းအား ဗာတီကန်နန်းတော်တွင် ဖေဖော်ဝါရီလ (၁၆) ရက်ကတွေ့ဆုံပြီး အစ္စရေးနိုင်ငံက သိမ်းပိုက်ထားသော ဂျေရုစလင်မြို့အား  ပါလက်စတိုင်း ပိုင်နက်ထဲတွင် ထည့်သွင်းနိုင်ရေး ကူညီပေးရန်  အကူအညီ တောင်းခံလိုက် သည်ဟု သတင်းရရှိသည်။

ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရာယအာမာလာကီက “ဂျေရုစလင်မြို့ရဲ့အခြေအနေဟာ  ခရစ်ယာန် ဘာသာဝင် တွေနဲ့လည်း ပတ်သက်နေတယ် ဆိုတာကို နား လည်ဖို့ အလွန်အရေးကြီးပါတယ်။ ဗာတီကန်နန်းတော်ကနေ ဦးဆောင်ပြီးတော့ အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန်များ ညီလာခံကို ကျင်းပပေးနိုင်ဖို့နဲ့ ဗာတီကန်နိုင်ငံရဲ့အသံဟာ အလွန်အရေးကြီး တယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်” ဟု ဗာတီ ကန်နိုင်ငံခြားရေး ဝန်ကြီး ကာဒီနယ် ပါရိုလင်းနှင့် တွေ့ဆုံ အပြီး သတင်း ထောက်များအား ရှင်းပြသည်။

ပါလက်စတိုင်းနိုင်ငံခြားရေး ဝန်ကြီး ရာယအာမာလာကီက ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး  ကာဒီနယ် ပါရိုလင်းအား လာရောက်တွေ့ဆုံခြင်းသည် အမေရိကန် သမ်္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အတည်ပြုကြေညာပြီးနောက်ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ဆက်လက်ပြီး ပါလက် စတိုင်း နိုင်ငံခြားရေး ဝန်ကြီး ရာယအာမာ လာကီက “အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဂျေရုစလင်မြို့ အား အစ္စ ရေးနိုင်ငံ ၏ မြို့တော်အ ဖြစ် အတည်ပြုကြေညာခြင်းဟာ ဂျူးဘာသာနှင့် ဆက်နွယ်နေခြင်းကိုသာ အကျိုးရှိစေပြီး တခြားခရစ်ယာန်ဘာသာများနှင့် မွတ်စလင်ဘာသာများနှင့်လည်း ဆက်နွယ်မှုရှိနေခြင်းကို ဖျက်ဆီးခြင်းဖြစ်သလို အစ္စရေးနှင့် ပါလက်စတိုင်းတို့ နှစ်နိုင်ငံအကြားရှိ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးခြင်းကိုလည်းပျက်စီးစေသည်ဟု ဝေဖန်လိုက်သည်။

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်းနှင့်တွေ့ဆုံအပြီး ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရာယအာမာလာကီက “ဗာတီကန်နန်းတော်က ဒီတွေ့ဆုံခြင်းထဲမှာ ရဟန်းမင်းကြီးရဲ့ ဂျေရုစလင် မြို့နှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြောင်းကို မိမိအား ထုတ်ဖော်ပြောကြားပါကြောင်း၊ ဂျေရုစလင်မြို့ရဲ့အနေအထားကို နှစ်ဖက်စလုံးက လက်ရှိနှစ်နိုင်ငံက ပိုင်ဆိုင်မှုအနေအထားတွင် ထားရှိသင့် သည်ကို သဘောတူ ထားပါကြောင်း” ဖြင့် မီဒီယာများ အား ပြောကြား သကဲ့သို့ ဗာတီကန်နန်းတော်မှ လည်း ကြေညာချက်ထုတ်ပြန်လိုက်ပြီးဖြစ်သည်။

နောက်ဆုံးရရှိထားသော သတင်းအရ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရာယအာမာလာကီက တောင်းဆိုထားသော  ဗာတီကန်နန်းတော်ကနေ ဦးဆောင်ပြီးတော့ အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန် များညီလာခံကို ကျင်းပပေးခြင်းကိုမူ ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်းက မှတ်ချက်တစ်စုံတစ်ရာ မပေးသေး ဟု သိရှိရသည်။

အမေရိကန်သမ်္မတ ဒေါ်နယ် ထရမ့်က ဂျေရုစလင်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အတည်ပြုကြေညာပြီးနောက်  အစ္စရေးနိုင်ငံသည် ဂျေရုစလင်မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာများ  ပိုင်ဆိုင်ထားသော မြေနေရာများနှင့် ပိုင်ဆိုင်မှုများကို အခွန်ကောက်ခံရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု သိရှိရသည်။

✍️ ကုန်ဇမှုန်

1191  Views
Previous: ဝါတွင်းကာလ၌ ဓမ္မပါရမီလုပ်ငန်းများကို လုပ်ဆောင်ကြပါစို့
Next: ကက်သလစ်ဆရာတော်ကြီးများ၏ လုပ်ငန်းတာဝန်နှင့်ဆိုင်သော အသက်ကန့်သတ်ချက်ဥပဒေကို ရဟန်းမင်းကြီးက ပြင်ဆင်လိုက်ပြီ