ဗာတီကန်သံတမန်များအနေဖြင့် မိမိ၏နောက်ကျောကို ဓါးဖြင့်မထိုးကြရန် ရဟန်းမင်းကြီးဖရန်စစ်က သတိပေးမှာကြား
ဗာတီကန်နိုင်ငံနှင့်ကက်သလစ်သာသနာတော်၏ခေါင်းဆောင်ဖြစ်တော်မူသော ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က မိမိ၏ကွယ်ရာတွင် မိမိအတင်းကို မပြော၊ မဝေဖန်ကြရန် တကမ်္ဘာလုံးရှိ ဗာတီကန်သံအမတ်ကြီး များအား ဇွန်လ (၁၉) ရက်နေ့က သတိပေးတော်မူလိုက်သည်။
ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ““ဗာတီကန်သံတမန်များသည် ရဟန်းမင်းကြီး၏ကိုယ်စားလှယ် ဖြစ်ကြပြီး၊ ရဟန်းမင်းကြီးကို ဝေဖန်ရန်မဟုတ်၊ ရဟန်းမင်းကြီးနှင့်သက်ဆိုင်သောဝန်ကြီးဌာနများကို ဆန့်ကျင်သော အုပ်စုများနှင့်ပူးပေါင်းရန်မဟုတ်”” ကြောင့်ဖြင့် ဇွန်လ (၁၃) ရက်နေ့ တကမ်္ဘာလုံးရှိ ဗာတီကန်သံတမန်များ အား ဖြန့်ဝေသော စာတွင် ဖော်ပြထားသည်။
ရဟန်းမင်းကြီးက ““မိမိ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံကြရသော တကမ်္ဘာလုံးရှိ ဗာတီကန်သံတမန်များ အနေဖြင့် မိမိကိုကွယ်ရာတွင် ဝေဖန်ခြင်း၊ မကောင်းအတင်းပြောခြင်းများသည် မိမိ၏သံတမန်ကောင်းများ မဟုတ်သည်ကို ပြသရာရောက်ကြောင်း၊ ထို့ကြောင့် တကမ်္ဘာလုံးရှိ ဗာတီကန်သံတမန်များအနေဖြင့် သံတမန် ကျင့်ဝတ် (၁၀) ခုကို ကျင့်ကြံကြရန် ထုတ်ပြန်ပေးထားသည်”” ဟု လမ်းညွှန်ပေးထားတော်မူသည်။
၎င်းဗာတီကန်သံတမန်များ၏ သံတမန်ကျင့်ဝတ် (၁၀) ခုထဲက တစ်ခုကမူ၊ ဗာတီကန်သံအမတ်သည် ရဟန်းမင်းကြီး၏လူ ဖြစ်ပြီး ရဟန်းမင်းကြီးအား လူပုဂ်္ဂိုလ်ရေးအရ ကြိုက်ခြင်း၊ မကြိုက်ခြင်း ရှိနိုင်သော်လည်း ဗာတီကန်သံအမတ်သည် ရဟန်းမင်းကြီးကို သစ်္စာဖောက်သူ မဖြစ်ရ၊ သနားတတ်သူ၊ နာခံတတ်သူ၊ ဆုတောင်း တတ်သူ၊ ကူညီရက်ရောတတ်သူ၊ နှိမ့်ချသူ၊ တီတွင်ကြံဆတတ်သူနှင့် သာသနာပြုစိတ်ရှိသူဖြစ်ရမည်”” ဟု ကြိမ်းမောင်းထားတော်မူသည်။
ရဟန်းမင်းကြီးက ““ဘုရား၏လူ၊ ရဟန်းမင်းကြီး၏လူ ဖြစ်သော သံအမတ်သည် သူ၏အိမ်နီးနားချင်းကို မညာသူ၊ အတင်း ပြောသူများအုပ်စုထဲတွင် ဝင်မပါဘဲ ဖြူစင်သောနှလုံးသားနှင့်စိတ်ဓါတ်ကိုသာ ကိုင်စွဲထားသူ၊ ကမ်္ဘာ့ရေစီးကြောင်းကို မျက်လုံးနားနှစ်ဖက်ဖြင့် ကြည့်ရှုလေ့လာနေသူ ဖြစ်ရမည်။ သံအမတ်ကိုယ်၌က လောကီ ဥစ်္စာများ၏ဖြားယောင်း သွေးဆောင်ခြင်း မခံရရန်လိုအပ်ပြီး အရာရာကို ဆုံးဖြတ်ရာတွင် ဘုရား၏ နှုတ်ထွက် စကားတော်ကို အခြေခံလျက် ပညာရှိစွာနှင့်ကောင်းမွန်စွာ ဆုံးဖြတ်ရန် လိုအပ်သည်”” ဟု ဗာတီကန် သံအမတ်များ အား လမ်းညွှန်ပေးတော်မူသည်။
ဗာတီကန်သံအမတ်ကြီးများသည် ကက်သလစ်ဆရာတော်သိက်္ခာကို ရရှိသူများ ဖြစ်ကြပြီး၊ သူတို့၏ ဆရာတော်သိက်္ခာသည် ဂိုဏ်းချုပ်ဆရာတော်ကြီးအဆင့်ရှိသော သိက်္ခာကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ကက်သလစ်သာသနာတော်၏အုပ်ချုပ်ရေးပိုင်းတွင် ထည့်ထည့်ဝင် မပါဝင်ကြသော်လည်း ဗာတီကန် နိုင်ငံ၏နိုင်ငံရေးလောကကို ထည့်ထည့်ဝင်ဝင် လုပ်ဆောင်ကြပြီး၊ ကက်သလစ်သာသနာတော်၏လူမှုရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များကို ကမ်္ဘာ့ခေါင်းဆောင်များက အကောင်အထည်ဖော်နိုင်ရေးအတွက် အမြင်ဖွင့်စည်းရုံးနေသူများ ဖြစ်ကြလေသည်။
ယခုခေတ်လို နည်းပညာမြင့်မားသော ခေတ်ကြီးထဲတွင် တကမ်္ဘာလုံး၌ တာဝန်ထမ်းဆောင်နေကြသော ဗာတီကန်သံအမတ်ကြီးများထဲမှ ဗာတီကန်သံအမတ်ကြီးယခုခေတ်လို နည်းပညာမြင့်မားသော ခေတ်ကြီးထဲတွင် တကမ်္ဘာလုံး၌ တာဝန်ထမ်းဆောင်နေကြသော ဗာတီကန်သံအမတ်ကြီးများထဲမှ တချို့သံအမတ်ကြီးသည် ငွေကြေးပြသာနာ၊ ကာမဆိုင်ရာပြသာနာနှင့် ရဟန်းမင်းကြီးအား ဝေဖန်တိုက်ခိုက်မှုများကို ပြုလုပ်နေကြသည်။ များသည် ငွေကြေးပြဿနာ၊ လိင်ပိုင်းဆိုင်ရာပြဿနာနှင့် ရဟန်းမင်းကြီးအား ဝေဖန်တိုက်ခိုက်မှုများကို ပြုလုပ်နေကြသည်။
ဗာတီကန်နိုင်ငံသည် နိုင်ငံပေါင်း (၁၈၀) နှင့် သံတမန်ထူထောင်ထားပြီး၊ ကက်သလစ်ဘာသာဝင်ဦးရေ ပေါင်း သန်းပေါင်းတစ်ထောင့်သုံးရာကျော် ရှိသည်။ ထို့အပြင် ဗာတီကန်နိုင်ငံသည် ၂၀၁၇ ခုနှစ်၊ မေလ (၄) ရက်နေ့မှစတင်ကာ၊ မြန်မာနိုင်ငံအစိုးရနှင့် တရားဝင် သံတမန်ဆက်သွယ်ခြင်းကို ထူထောင်ထားပြီး မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီးမှာ တောင်ကိုးရီးယား နိုင်ငံသား၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ်အင်ချန်း အင်နန်း ဖြစ်တော်မူပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ရုံးထိုင်တော်မူသည်။