မြန်မာပြည်သူတွေ ငြိမ်းချမ်းဖို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်း

ဒုက္ခနဲ့နာကျင်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေ အမြန်ငြိမ်းချမ်းပါစေလို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က မနေ့က တနင်္ဂနွေနေ့မှာ ဆုမွန်ကောင်း ထပ်တောင်းလိုက်ပါတယ်။

ဗာတီကန်နန်းတော် စိန့်ပီတာစကွဲရင်ပြင်မှာ ရောက်ရှိနေတဲ့ ပရိသတ်ကို ထွက်ပြီး နှုတ်ဆက်မိန့်ကြာပြီး ဆုတာင်းပေး တဲ့အထဲမှာ ရဟန်းမင်းကြီးအရှင်သူမြတ်က မြန်မာပြည်သူတွေချစ်သော အမိမြေအတွက် ဘုရားသခင်ဆီက ငြိမ်းချမ်း ရေး လက်ဆောင်ရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အသက်ဆုံးပါး နာကြင်မှုတွေအတွက် ကျရတဲ့မျက်ရည်ကို ပြည်တွင်းမှာ သုတ်ပေးမယ့်လက်တွေ မရှိကောင်း မရှိနိုင်တဲ့အတွက် ဆုတောင်းပေးသလို၊ ငြိမ်းချမ်းရေးပြန်ရလာဖို့အတွက် အတူလက်တွဲ လုပ်ကိုင်ကြဖို့နဲ့ အခက်အခဲတွေ အတူလက်တွဲကျော်ဖြတ်ကြဖို့ကိုလည်း သူက မိန့်ကြားတော်မူလိုက်ပါတယ်။

421  Views
Previous: တရားလိုပြသက်သေများ၏ထွက်ဆိုချက်များသည် အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Next: MYANMAR: Spiritual comfort for the faithful, between conflict and pandemic