ရဟန်းမင်းကြီးဖရန်စစ်က တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်းကို ဗာတီကန်နန်းတော်သို့ ဖိတ်ခေါ်လိုက်ပြီ

 79-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကက်သလစ်သာသနာတော်ကို ညင်းပန်းနှိပ်စက်နေသော တရုတ်နိုင်ငံ၏သမ္မတရှီကျင်းဖျင်းကို ဗာတီကန်သို့ လာရောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအကြောင်း ကိုဆွေးနွေးရန် မိမိကိုယ်တိုင် လက်မှတ်ရေးထိုးထားသော တရားဝင်ဖိတ်စာကို စက်တင်ဘာလ နေ့ ၁၆ ရက်နေ့က အာဂျင်တီနားနိုင်ငံမှ လွှတ်တော်ဥက္ကဌ ရီကားဒို ရိုမာနိုမှတဆင့် ပေးပို့လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရဟန်းမင်းကြီး၏ သမ္မတရှီကျင်းဖင်းအား ပေးပို့သော စာကို လွှတ်တော်ဥက္ကဌက သမ္မတရှိ၏အခင်ဆုံးမိတ်ဆွေဖြစ်သော တရုတ်သံအမတ်ကြီး ဂျိုးဇက်လူကျန်အား တဆင့် ပြန်ပေးအပ်ပြီး ၎င်းစာသည် သမ္မတရှီထံ ရောက်ရှိသွားပြီ ဟု သိရှိရသည်။

ထိုကဲ့သို့သော ရဟန်းမင်းကြီး၏ တရုတ်သမ္မတထံ ဖိတ်စာပေးပို့ခြင်းသည် ရဟန်းမင်းကြီးက အာဂျင်တီ နားနိုင်ငံမှ လွှတ်တော်ဥက္ကဌ ရီကားဒို ရိုမာနိုအား စက်တင်ဘာလာ ၃ ရက်နေ့က ဗာတီကန်တွင် မီနစ် (၉၀) ကျော်တွေ့ဆုံပြီးနောက် ရဟန်းမင်းကြီးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုသို့တွေ့ဆုံ ရာတွင် ရဟန်းမင်းကြီးနှင့်အတူ ဗာတီကန်နိုင်ငံခြားရေးတာဝန်ခံ ကာဒီနယ်ဆရာတော် ပီယာထရို ပါရိုလင်းနှင့် ဆရာတော်ကြီး ဒိုမီနစ် မန်ဘဲတီတို့လည်း ပါဝင်ကြကြောင်း သိရှိရပြီး ၎င်းသတင်းထွက်ပေါ် လာခြင်းအပေါ် ဗာတီကန်မှ တစ်စုံတရာ ငြင်းပယ်မှု မရှိပေ။

 

ဆက်လက်ပြီး ရဟန်းမင်းကြီးက “အခြေအနေသာ ပေးမယ်ဆိုရင် ကျွန်တော် တရုတ်နိုင်ငံကို မနက်ဖြန်တောင် သွားချင်နေပြီ။ ကျွန်တော်က ဆရာဝန်တော့ ဟုတ်ပေမယ့် အာရှတိုက်နဲ့ပတ်သက် ရင်တော့ ကာဒီနယ်ဆရာတော် ပီယာထရို ပါရိုလင်းက ခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်” ဟု ပုံဥပမာဖြင့် ထပ်မံ မိန့်ကြားတော်မူ လိုက်သည်။

 

ရဟန်းမင်းကြီး၏ တရုတ်သမ္မတထံ ဖိတ်စာကို တရုတ်သံအမတ်ကြီး ဂျိုးဇက်လူကျန်လက်ထဲ သို့ ပေး အပ်ပြီးနောက် အာဂျင်တီနားနိုင်ငံမှ လွှတ်တော်ဥက္ကဌ ရီကားဒို ရိုမာနိုက “တရုတ်သမ္မတရှီက ရဟန်းမင်းကြီးကို မကြာခင်မှာ ဗာတီကန်မှာ လာရောက်တွေ့ဆုံနိုင်သလို ဘေဂျင်း (တရုတ်နိုင်ငံမြို့တော်) မှာလည်း ဧည့်ခံကြိုဆိုနိုင်ပါတယ်”ဟု ကြိုတင်မှန်းဆပြောဆိုလိုက်သည်။ ၀၁၆ ဝင်းလှိုင်ဦး

1480  Views
Previous: အိန္ဒိယနိုင်ငံက အင်္ဂါဂြိုလ်ပေါ်သို့ အာကာသယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှတ်တင်နိုင်ပြီ
Next: ဖိလစ်ပိုင်သမ္မတက မင်နားဒိုးကျွန်းရှိမွတ်စလင်သူပုန်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ဖိလစ်ပိုင်လွှတ်တော်အား တင်သွင်း