ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဂရုဏာတရားအားဖြင့် သခင်ခရစ်တော်ကို သက်သေခံကြပါဟု ကာဒီနယ်အသစ်များအား မိန့်ကြားတော်မူ


အောက်တိုဘာလ ၅၊ ၂၀၁၉

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဆရာတော်ကြီးတစ်ဆယ့်သုံးပါးကို ရဟန်းမင်းအမတ် ကာဒီနယ်အဆင့်သို့ အောက်တိုဘာလ (၅) ရက် နေ့က ဗာတီကန်နိုင်ငံ စိန့်ပီတာကျောင်းတော်ကြီးတွင် တင်မြှောက်ပေးတော်မူလိုက်သည်။
ယင်းကာဒီနယ်တင်မြှောက်ခြင်းအခမ်းအနားတွင် ရဟန်းမင်းကြီးက ရဟန်းမင်အမတ်များအား ဂရုဏာတရားသည် ဧဝံဂေလိတရားတော်၏ အဓိကကျသော အချက်ဖြစ်ပြီး ဘုရားရှင်၏နှလုံးသား၌ ရေးသားထားသော စကားလုံးဖြစ်ကြောင်းဝေမျှတော်မူခဲ့ပါသည်။
ရဟန်းမင်းကြီးက ကာဒီနယ်များအား ““ဒုက်္ခဝေဒနာခံစားနေရသူများကို သခင်ခရစ်တော်သနား ကြင်နာမှုပြသခဲ့သည့်အကြောင်းများ ပိုမိုဖတ်ရှုလေလေ မိမိဘဝအတွက်ပိုမိုထောက်ရှုခွင့်ရရှိလေဖြစ်ပြီး၊ ဘုရားသခင်၏သနားကြင်နာမှုသည် အချိန်အခါအလျောက်ပေးသောအရာမဟုတ်၊ အမြဲတမ်းပေးနေသော အရာဖြစ်ပြီး၊ ဘုရားသခင်သည် သနားကြင်နာမှုဖြစ်ကြောင်း ပို၍သဘောပေါက်လာရမည်”” ဟု မီးမောင်းထိုး ပြတော်မူလိုက်သည်။
အရှင်သူမြတ်က ““အပြစ်ထဲမှာနစ်မွန်းနေသောဘုရားသခင်၏ သားသမီးများကို လူအဖြစ်ကိုယူတော် မူသော ဘုရားသခင်၏တပါးတည်းသောသားတော်ယေဇူးခရစ်တော်မှ သန့်ရှင်းစင်ကြယ်စေခဲ့ပါသည်။ သခင် ခရစ်တော်၏ဂရုဏာတရာတော်အားဖြင့် လူသားတို့နှင့်ဘုရားအကြားတွင် လူသားတို့အကျိုးအတွက် ပေါင်းကူးတံတားတည်ဆောက်ပေးခဲ့ပြီး ဝေးကွာခြင်းအစားနီးစပ်မှုကို တည်ဆောက်ပေးခဲ့ပါသည်။ သခင်ခရစ်တော်သည် ဂရုဏာတရားဖြင့်မျှော်လင့်ချက်မဲ့နေသူများ၊ စွန့်ပစ်ခံဘဝများကို ရှာဖွေ ကယ်တင်ပေး ခဲ့သော အလုပ်သည် ဖခင်မေတ်္တာပြည့်ဝသောအဖခမည်းတော်ဘုရား၏ ဂရုဏာတရားကို လူသားတို့အား လာရောက်ပြသနေခြင်းဖြစ်သည်”” ဟု ကာဒီနယ်များအား တရားချွေတော်မူသည်။
““ဘုရားရှင်၏ချစ်ခြင်းမေတ်္တာသည် ဂရုဏာတရားပြသမှုဖြင့် လူသားတို့ကိုပြည့်ဝစေခဲ့သော်လည်း၊ လူသားတို့အချင်း ချင်းကြားတွင်၊ ဂရုဏာတရားပျောက်ဆုံးနေမှုများကို၊ ဝမ်းနည်းစွာ တွေ့နေရပါသည်။သခင်ခရစ်တော်၏ နောက်လိုက်တပည့်တော်ကြီးများသည်လည်းပဲ ဂရုဏာတရားနည်းပါးခဲ့သည်ကို (လူငါးထောင်အား မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်အားဖြင့်) သခင်ခရစ်တော်က ပွားများစေခဲ့ပြီး ကျွေးမွေးခဲ့သည့် အဖြစ်အပျက်တွင် တွေ့မြင်ခဲ့ရပါသည်”” ဟု ရဟန်းမင်းကြီးက ကာဒီနယ်များ သတိပေးတော်မူသည်။
““တပည့်တော်ကြီးတို့မှ လူအများအားနီးစပ်ရာရွာများသို့သွားစေပြီး စားစရာကို သူတို့ဖာသာ သူတို့ ရှာဖွေစေရန်ပြောကြားခဲ့မှုသည် ဂရုဏာ ကင်းမဲ့မှုကို ဖော်ပြခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးမှရှင်းပြခဲ့ပါသည်။ ယင်းကဲ့သို့သော စိတ်ဓာတ်သည်လူအများကြားတွင်ဖြစ်လေ့ဖြစ်ထရှိကြပြီး၊ ဂရုဏာတရားမဲ့သောဆုံးဖြတ် ချက်များကို ပြုလုပ်လေ့ရိ ှကြပါသည်။
ရဟန်းမင်းကြီးမှ ရဟန်းမင်းအမတ်များအား ““ဘုရားသခင်သည်သူ၏ဂရုဏာမေတ်္တာတရားကို လူသားတို့အား ပြသရန်သင်တို့အား ရွေးချယ်ခေါ်ယူခဲ့သည်ဖြစ်၍ သင်တို့အားဖြင့် လူအများဆီသို့ဘုရားရှင်၏ ဂရုဏာမေတ်္တာတရားများကို သယ်ဆောင်သွားကြရမယ်။ ဘုရားသခင်၏ သနားကြင်နာမှုကို ကျွန်တော်တို့ တတွေခံစားနေရတယ်ဆိုတာကိုသတိထားမိလား၊ ဘုရားသခင်ရဲ့ဂရုဏာတော်ကို မခံစားရရင်သူ၏ချစ်ခြင်း မေတ်္တာကိုလည်းရမည်မဟုတ်၊ ဘုရားသခင်၏ချစ်ခြင်းမေတ်္တာကိုနားမလည်လျှင်၊ သူ၏ကရုဏာတရား ကိုကိုယ်တိုင်မခံစားလျှင် တစ်ပါးသူအားသက်သေခံခြင်း ဝေမျှခြင်းအမှုတို့၌ ထိရောက်စွာပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားရှင်၏ ဂရုဏာမေတ်္တာတော်ကို မိမိဘဝ၌သိရှိခံစားနိုင်အောင် ကြိုးစား ကြရမည်။ အဖွဲ့စည်းအသင်း အဖွဲ့တစ်ခု၌ ရိုသေလေးစားမှုမရိြှခင်းနှင့်သစ်္စာတရားမရိြှခင်းတို့သည် ကရုဏာတရားကင်းမဲ့မှု၏လက်္ခဏာများဖြစ်ကြောင်း၊ ဘုရားရှင်၏ကရုဏာမေတ်္တာတရားကို နေရာတိုင်းတွင် ပြသကြရန်နှင့် ဘုရားရှင်၏ဂရုဏာမေတ်္တာတရားတော်ကို လူအများကယ်တင်ခြင်းအတွက် သယ်ဆောင် ဝေမျှကြပါ”” ဟု ရဟန်းမင်းကြီးမှ မှာကြားတော်မူလိုက်ပါသည်။

835  Views
Previous: မြန်မာနိုင်ငံတွင် သာသနာပြုရင်း အသတ်ခံရသော အီတလီလူမျိုး ဘုန်းတော်ကြီး အဲဖရက်ဒို ခရေမိုနီစီအား မြန်မာနိုင်ငံ၏ သူတော်စင် ဓမ်္မအာဇာနည်အဖြစ် တင်မြှောက်လိုက်ပြီ
Next: ကာဒီနယ် (ရဟန်းအမတ်)မာတေးအို မာရီယား ဇူပီနှင့် တွေ့ဆုံမေးမြန်းခြင်း ““လူမျိုးရေးခွဲခြားမှုသည် ဘယ်သောအခါမျှ မသေဆုံးပါ။ ကျွန်ုပ်တို့က မကောင်းမှုကို အနိုင်ယူနိုင်မှသာလျှင် လူမျိုးရေးခွဲခြားမှုသည် သေဆုံးမည် ဖြစ်ပြီး ၎င်းမကောင်းမှုကို ပညာသားပါပါ တိုက်ဖျက်ရန် လိုအပ်နေသည်။””