ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦးက အိုင်အက်စ်သူပုန်များလက်ထဲမှ ကိုယ်တော်မြတ်မုန့်တော်ကို ကယ်ထုတ်နိုင်ခဲ့

19029666_1998507457051255_5648189686408258808_n

အီရတ်၊ မေ ၂၃၊ ၂၀၁၇

အသက် (၂၄) နှစ်အရွယ်ရှိသော မာတင်းဘာနီသည် အိုင်အက်စ်သူပုန်များ၏ လက်ထဲသို့ ကျရောက်တော့မည့် မိမိ၏မြို့ထဲက ဘုရား ကျောင်းတွင် ကျိန်းဝပ်တော်မူသော ကောင်းကြီးပေးဖန်ဆင်းပြီး ကိုယ်တော်မြတ်မုန့်တော်အား မိမိအသက်ကို မငဲ့ညာဘဲ ဘုရားကျောင်းမှ ကယ်ထုတ်လိုက်သည်ဟု သတင်းရရှိသည်။ ယခုအခါသူသည် မိမိ၏ဇာတိမြေ (ကာရမ်လဲစ်) သို့ပြန်လာပြီး လူသားများကို ကိုယ်တော် မြတ်မှ တဆင့်အစေခံရန် အဆင်သင့်ရှိနေပြီဖြစ်သည်။

မာတင်းဘာနီသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့၌ သူငယ်ချင်းဖြစ်သူထံမှ တယ်လီဖုန်းဝင်လာပြီး သူ၏ရွာကပ်ရပ်က အိုင်အက်စ် သူပုန်လက်ထဲသို့ ကျရောက်ပြီးဖြစ်သောကြောင့် မကြာခင်တွင် မိမိ၏ရွာ (ကာရမ်လဲစ်) သည်လည်း အိုင်အက်စ်သူပုန်လက်ထဲသို့ ကျရောက်တော့မည်ဖြစ်ကြောင်းဖြင့် သူငယ်ချင်းက သူ့အား ပြောပြသည်။ ထိုသို့ ကြားသိရသောအခါ မာတင်းဘာနီသည် ချက်ချင်းပင် မိမိ၏ရွာထဲရှိ ဆန်အဒိုင်ဘုရားကျောင်းထဲသို့ ပြေးလွှားသွားပြီး ဘုရားကျောင်းထဲက ကျိန်းဝပ်တော်မူသော ကောင်းကြီးပေးဖန်ဆင်းပြီး ကိုယ်တော်မြတ်မုန့်တော်အား မိမိအသက်ကို မငဲ့ညာဘဲ ဘုရားကျောင်းမှ ကယ်ထုတ်ပြီး မိမိ၏ ကျောင်းထိုင်ဘုန်းတော်ကြီး တာဘက်နှင့် တခြားဘုန်းတော် ကြီး (၃) ပါးနှင့်ကားဖြင့် မောင်းပြေးသွားကြသည်ဟု သတင်းရရှိသည်။

အိုင်အက်စ်သူပုန်များကြောင့် မိမိ၏မိသားစုနှင့် ဆွေမျိုးများသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ သွားကြသော်လည်း မာတင်းဘာနီ သည် မိမိ၏ရွာမှ မထွက်ပြေးဘဲ အီရတ်နိုင်ငံ၊ ကာရမ်လဲစ်ရွာ၌ ကျန်ရစ်ခဲ့သည်။ မာတင်းဘာနီက ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၌ မိမိ၏ အဖော် (၆) ပါးနှင့်အတူ ကက်သလစ်ရဟန်းသိက္ခာကို ရရှိပြီးဖြစ်သည်။ အသင်းတော်၏လိုအပ်ချက်ကိုကူညီခြင်းဟူသော အဖွဲ့အစည်းက ဘုန်းတော်ကြီးမာတင်းဘာနီအား မေးမြန်းရာတွင် ဘုန်းဘုန်းက “ကျွန်တော်က နေ့တိုင်း စစ်ဘေးဒုက္ခသည် စခန်းများကို နေ့တိုင်းသွား ရောက် လည်ပတ်ကြည့်ရှုပေးပါတယ်။ ကျွန်တော်က ခရစ်တော်ယေဇူးကိုချစ်တယ်။ ကျွန်တော်တို့ရဲ့သမိုင်းကို အီရတ်နိုင်ငံမှာ မပျောက် စေချင်ဘူး။ အိုင်အက်စ်သူပုန်တွေက ခရစ်ယာန်ဘာသာတရားကို အီရတ်နိုင်ငံကနေ အမြစ်ပြတ် ဖြုတ်ထုတ်ချင်ပေမယ့် ဒီနိုင်ငံမှာ ခရစ်ယာန်ဘာသာတရားရှိနေဖို့အတွက် အမေရိကန်နိုင်ငံကို မထွက်ပြေးဘဲ အီရတ်နိုင်ငံမှာ ကျန်ခဲ့တာဖြစ်ပါတယ်” ဟု ဖြေကြား ပေးသည်။

967  Views
Previous: “မြန်မာနိုင်ငံ၏ကက်သလစ်သာသနာတော်၌ လေဟာနယ်တစ်ခု ဖြစ်ပေါ်နေတာ သင်သတိထားမိပါသလား”
Next: နာတာရှည်လူနာများအား ဆေးဖြင့်ထိုးသတ်ခြင်းသည် အချို့တဲ့ဆုံးလူသားများကို ထိခိုက်စေသည်ဟု ကာဒီနယ်မူလာက မီးမောင်းထိုးပြတော်မူ