ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဗာတီကန်နိုင်ငံ၏တရားရုံးများဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ပြီ

ဗာတီကန်၊ မတ်လ ၁၆၊ ၂၀၂၀

ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်နိုင်ငံ၏တရားစီရင်ရေးဥပဒေကိုပြင်ဆင်သော ဥပဒေသစ်ကို ပြဌာန်းလိုက်ကြောင်း မတ်လ ၁၆၊ ၂၀၂၀ ရက်နေ့က ကြေငြာတော်မူလိုက်သည်။ ဤသို့ပြုလုပ်ရခြင်းမှာ ဗာတီကန်နိုင်ငံဆိုင်ရာ တရားသူကြီးများအနေဖြင့်ငွေကြေးဆိုင်ရာနှင့်ရာဇဝတ်မူဆိုင်ရာများ၌ အမူစီရင်ချက်ချ မှတ်ရာတွင် လွတ်လပ်စွာ စီရင်ချမှတ်နိုင်ရန်ဖြစ်သည်။
မတ်လ (၁၃) ရက်၊ သောကြာနေ့ကလက်မှတ်ရေးထိုးထားသော ဗာတီကန်နိုင်ငံ၏တရားစီရင်ခြင်း ဥပဒေဆိုင်ရာပြင်ဆင်မှုအသစ်၌ ရဟန်းမင်းကြီးက ““ဤဥပဒေပြဌာန်းချက်အသစ်ကို တရားရေးကိုကိုင်တွယ်ရာတွင် လောကီရေးရာ၏လိုအပ်ချက်တစ်ခုမျှသာမဟုတ်။ ပါရမီကြီးသုံးပါးအနက်တရား မျှတခြင်းသည် နိုင်ငံတစ်ခုက တည်နေသောတရားစီရင်ခြင်းအာဏာကို မီးမောင်းထိုးပြခြင်းလည်းဖြစ်ပြီး၊ အချုပ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့်၊ ဤတရားစီရင်ခြင်းအာဏာနှင့်ပတ်သက်ပြီး ပါဝင်လုပ်ကိုင်သူများ၏ ကိုယ်စွမ်းဉာဏ်စွမ်း၊ ရက်ရောမှုနှင့် တာဝန်ယူဆက်ကပ်မူ လိုအပ်သည်””ဟု နိဒါန်း၌ ရေးသားထားတော်မူသည်။
၄င်းပြင်ဆင်ထားသောဤဥပဒေစာသားများထဲ၌ ရဟန်းမင်းကြီးက ““ပြင်ဆင်ထားသောဤဥပဒေသည် (၁၉၂၉) ခုနှစ်က ဗာတီကန်၏ဥပဒေကိုတရားဝင်အစား ထိုးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ ထိုဥပဒေပြဌာန်း ချက်သည် (၂၀၀၀) ခုနှစ်၌ပြင်ဆင်ခဲ့သောအခြေခံဥပဒေနှင့် ဆက်လက် အသက်ဝင်နေခဲ့ကြောင်း၊ ဤသို့ပြုပြင် ပြောင်းလဲမူသည် ဗာတီကန်၏တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး၌ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်၊ ဗာတီကန်နိုင်ငံအား နိုင်ငံတကာအဖွဲ့အစည်းနှင့်ယှဉ်တွဲလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ပြီးခဲ့ သောဆယ်စုနှစ်များက ဗာတီကန်၏စီးပွားရေး၊ ငွေကြေးနှင့် ရာဇဝတ်မူနှင့်ဆိုင်သောအမူများ၌ တရားဝင်ကိုင်တွယ်သော စနစ်သည် ပုံမှန်ပြုပြင်ပြောင်းလဲမူ ပုံစံဖြင့်ခရီးဆက်နေခဲ့ရကြောင်း၊ ဤသို့ပြုလုပ်ရခြင်းမှာတိုင်ငံတကာ၏စံချိန်စံနှုန်းနှင့် ယှဉ်၍လုပ်ဆောင်ရသောကြောင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပြုပြင်ပြောင်းလဲမူလုပ်ရပ်သည် ဗာတီကန်အတွင်း၌ တရားဥပဒေ စိုးမိုးရေးအသက်ဝင်ရှင်သန်ရန်လိုအပ်ကြောင်း၊ ဤအကောင်းဖက်ကို တည်၍ဥပဒေကို စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲ နေခြင်းနှင့်အတူအပြောင်းအလဲအနည်းငယ်ကိုမိတ်ဆက်ပေးလိုကြောင်း၊ ဤအပြောင်းအလဲသည်လည်း တရားဥပဒေပြုရေးကဏ္ဍသည် ပိုမိုထိရောက်စေရန်ရည်ရွယ်ကြောင်း၊ အသစ်ပြဌာန်းလိုက်သောဥပဒေသည် တရားသူကြီးများနှင့်ဥပဒေ ပြုရေးအဖွဲ့များအား လွှတ်လပ်စွာစီရင်နိုင်ရန် အကာအကွယ်ပေးထားကြောင်း၊ ထို့ကြောင့်ဗာတီကန်၏ဥပဒေပြုရေးသည် ရဟန်းမင်းကြီးအားသာဩဇာခံပြီး၊ မည်သည့်အဖွဲ့အစည်း၏လက်အောက်ခံမဟုတ်ကြောင်းပြသခြင်းဖြစ်ကြောင်းဖြင့် ရဟန်း မင်းကြီးက အကျယ်တဝင့် ရှင်းပြထားတော်မူသည်။
ပြင်ဆင်ထားသောဤဥပဒေ၏ပုဒ်ခွဲ (၂) ၌ တရားသူကြီးများသည် အမိသာသနာ၏ ထုံးတမ်းစဉ်လာအရ သာသနာ၏ အမြင့်ဆုံးသောရဟန်းမင်းကြီးကိုသာ မှီခိုနေရပြီး၊ သူတို့၏တရားစီရင်ခွင့်ကို ကျင့်သုံးသည့်အခါတွင်မူ၊ ပြဌာန်းထားသည့်ဥပဒေအတိုင်းသာ စီရင်ဆုံးဖြတ်ရမည်။ ဥပဒေပြုသည့်အဖွဲ့သည် ဗာတီကန်တရားရုံးအတွက် ရှေ့နေများသည် ဥပဒေနှင့်ဆိုင်သောရဲများကို ဗာတီကန်တရားရုံးများတွင် ချထားရန် တောင်းဆိုခွင့် ရှိကြပြီး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့သည် လိုအပ်သောအသုံးစရိတ်ကိုလည်း လွတ်လပ်စွာထုတ်ယူခွင့်ပြုထားသည်။ တရားသူကြီးများသည် တရားရေးဆိုင်ရာရဲများကိုတိုက်ရိုက်အသုံးပြုနိုင်ပြီး၊ အကြောင်းကြားမှုဆိုင်ရာလုပ်ငန်းများ အတွက်လည်း အသုံးပြုနိုင်သည်။
တရားစီရင်ရေးနှင့်ဆိုင်သောအဖွဲ့အစည်းများသည် မိမိတို့၏လုပ်ငန်းများဆောင်ရွက်မှုအတွက် အသုံးစရိတ်များကို လွတ်လပ်စွာ သုံးစွဲနိုင်ပြီး တရားသူကြီးချုပ်သည် လက်ထောက်နှစ်ဦးအထိ ထားရှိရမည်ဖြစ်ပြီး၊ တစ်ဦးမှာ ပေးအပ်သောတာဝန်ကိုအချိန်ပြည့်ထမ်းဆောင်ရ မည်ဖြစ်သည်။ လွှတ်လပ်သောတရား ဥပဒေစိုးမိုး ရေးကိုအပိုဒ် (၈) ကလည်း ဆက်လက်ကာကွယ်ပေးထားသည်။ အပိုဒ် (၈) အရ၊ တရားသူကြီးကိုရွေးချယ်ရာတွင် တက်္ကသိုလ်များမှ အနားယူသွားသောပါမောက်္ခများ၊ သို့မဟုတ် တာဝန်ထမ်း ဆောင်ခဲသောကဏ္ဍ အသီးသီး၌ လုပ်ရည်ကိုင်ရည်ကြောင့် လူသိများသော ရှေ့နေ( ဂျူရီ) များအား ရွေးချယ်ခန့်ထားသင့်သည်။ တရားရေးဆိုင်ရာ ဝန်ထမ်းခန့်အပ်ခြင်းကို ဗာတီကန်နိုင်ငံခြားရေးဝန်ကြီးက အကြံပြုနိုင်သော်လည်း မလိုလားအပ်သော နောက်ဆက်တွဲကိစွများကြောင့် ပုဒ်မခွဲ (၈) က ဟန့်တားထားသည်။
ရဟန်းမင်းကြီးသည် ယခုကဲ့သို့ပြုပြင်ရေးဆွဲခြင်းသည် (၁၉၈၇) ခုနှစ်၊ ရဟန်္တာဂျွန်ပေါလ် (၂) ၏လက်ထက်၌ရေးဆွဲခဲ့သော (ဃဌှုဌ) ဥပဒေအချို့ကိုပယ်ဖျက်ခြင်း၊ ပြန်လည်အစားထိုးခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးတွင် ကက်သလစ်သာသနာတော်ကြီးဥပဒေ (ကာနွန်ဥပဒေ) သည်လည်း အခရာကျခြင်းကို မီးမောင်း ထိုးပြတော်မူသည်။
ပြဌာန်းလိုက်သောဥပဒေအသစ်သည် ဗာတီကန်နိုင်ငံ၏အရပ်ဖက်ဥပဒေကိုချိန်ထိုးရေးဆွဲထားသော ဥပဒေဖြစ်ပြီး၊ ကက်သလစ်သာသနာတော်ကြီး၏တရားစီရင်ရေးမဏ္ဍိုင်သည် ကာနွန်ဥပဒေအရအယူခံဝင်ရန် အမြင့်ဆုံးဖြစ်သည်ကိုပြသလိုက်ခြင်း ဖြစ်သည်။
(၂၀၀၈) ခုနှစ်က ရဟန်းမင်းကြီးဘက်နေဒစ် (၁၆) ၏လက်ထက်ဥပြဌာန်းခဲ့သောဥပဒေကို မှီငြမ်း၍ ကက်သလစ်သာသနာ၏ဥပဒေသည် ဥပဒေစံနှုန်းများကိုနားလည်ရန်လိုအပ်ပြီး၊ ဗာတီကန်၏ ဥပဒေကို လည်းအသုံးပြုရမည်ဖြစ်ကြောင်း၊ ဤအရင်းအမြစ် သည်တရားသူကြီးများအတွက် မှီငြမ်းလေ့လာစရာ အလွန်တန်ဖိုးကြီးသောအချိတ်အဆက်ဖြစ်မည်ဟုမျှော်လင့်ကြောင်းဖြင့် ရဟန်းမင်းကြီးက ထည့်သွင်းရေးသား ထားတော်မူသည်။ ၀၀၄ ကုန်ဇမှုန်း

1000  Views
Previous: အမှတ်စဉ် (၆)၊ အဝေးသင်ကက်သလစ်ဓမ်္မပညာရပ်ဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းအတွက် လျှောက်လွှာများကို လက်ခံနေပါပြီ
Next: Message of Cardinal Charles Bo on World Communication Day