သဘောထားကြီးပြီး အမြင်ကျယ်ကာ နူးညံ့သော တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) မာတီယားဦးရွှေ ပျံလွန်တော်မူ

တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) မာတီယားဦးရွှေသည် (12 August 2021) ရက်နေ့၊ နေ့လည် (1:00)နာရီဝန်းကျင်ခန့်က ဘုရားသခင်ထံတော်သို့ ပြန်သွားတော်မူ (ပျံလွန်) ပြီဖြစ်သည်။  ဆရာတော်မာတီးဦးရွှေသည် ရန်ကုန်၊ ရဟန်းဖြစ်တက္က သိုလ်၌လည်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ စာချဘုန်းတော်ကြီးအဖြစ်လည်းအမူတော်ထမ်းခဲ့ပြီး၊ ရဟန်းလောင်းကိုရင်များစွာကိုပညာသင်ကြားပေးကာ ရဟန်းများစွာကိုလည်းမွေးထုတ်ပေးနိုင်ခဲ့သူလည်းဖြစ်၍ မြန်မာနိုင်ငံကက်သလစ်သာသနာတော်ကြီးအနေဖြင့်လည်းကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။ အနေရိုးသူဖြစ်၍ လူရိုးကိုချစ်သော ဘုရားနှင့်အမြန်ဆုံဆည်းနိုင်ပါစေ။ ပျော်ပျော်နေတတ်သူဖြစ်၍ ပျော်စရာအတိပြည့်နေသော ကောင်းကင်ဘုံ၌လူတိုင်းအားပျော် အောင်ထားနိုင်ပါစေ။ အတွယ်အတာ နည်းသူဖြစ်၍ ပေါ့ ပါးလျင်မြန်ခရီးသွင်သောကြောင့် ကောင်းကင်ခရီးနီးပါစေ။

တောင်ကြီးကက်သလစ်ဂိုဏ်းချုပ် ဆရာတော် မာတီးယာ ဦးရွှေ၏ ရုပ်ကလပ်

❤️😭❤️😭🙏❤️😭🙏❤️😭🙏❤️😭🙏
သဘောထားကြီးပြီး အမြင်ကျယ်ကာ နူးညံ့သော သိုးထိန်း ဂိုဏ်းချုပ် ဆရာတော် မာတီးယာ ဦးရွှေ။
❤️ (ဂျေဆွီကက်သလစ်ဘုန်းတော်ကြီး တီတုစ် တင်မောင်က တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) မာတီယားဦးရွှေကို အောက်ပါအတိုင်းရေးဖွဲ့သီကုံးထားပါသည်။)❤️
❤️ သူဟာသဘောထားကြီးသူ။ ။ ရဟန်းဘုန်းတော်ကြီးတွေအပေါ် အမြဲ စိတ်ရှည် သီးခံတယ်။ အထူးသဖြင့် မကောင်းတကောင်း ဘုန်တော်ကြီးတွေ အပေါ်မှာပေါ့။ သူ့ရဲ့ သီးခံခြင်းက အဆုံးမဲ့တယ်။ သာသနာတော်နှင့် ဘာသာသူ/သား တွေအပေါ်မှာ သဘောထားကြီးတယ်။ သာသနာနယ်အနှံ့ရှိ သိုးများဆီ ရောက်ဖို့ စေတမန် သီလှရှင် အသင်းဂိုဏ်း သူတည်ထောင်တယ်။ ကမ္ဘာ့ အနံ့ မှာ လူတွေက ခရစ်တော်ကိုသိဖို့ Little way missionary ရဟန်းအသင်းဂိုဏ်း သူပူးတွဲ တည်ထောင်တယ်။ ပါးပွါမှ အာဖရိကထိတိုင် သူလူလွှတ် အစေခံစေတယ်။
စေတနာအပြည့် လိုလေသေးမရှိအောင် ယေဇူးအသင်းဂိုဏ်း (Jesuits) ကို မြန်မာသို့ သူဖိတ်ခေါ်တယ်။ တောင်ကြီးသာသနာ ဘုရားဖြူနယ်မှာ သူနေရာပေးတယ်။ Jesuits တွေလုပ်နိုင်တာ လုပ်ပါစေ ဆိုတဲ့ အမြော်အမြင်နဲ့ပေါ့။

Cardinal George presided at a Mass with Most Rev. Matthias U Shwe, Archbishop of Taunggyi, at St. Ita Parish, 1220 West Catalpa Ave. in Chicago on July 26, The Mass was to celebrate Parents Day with the Myanmar Catholic Community. (Karen Callaway, Catholic New World)

 

Cardinal George and Archbishop U Shwe give the final blessing on July 26. (Karen Callaway, Catholic New World)

သူဟာအမြင်ကျယ်တယ်။ ။ “ သာသနာအစ လွိုင်ကော်က၊ သာသနာအဆုံး ထိုင်ဝမ်ကျွန်း” ဟု သူကြွေးကြော်ဖူးတယ်။ ဒါ့ကြောင့်လည်း ဒေသအနှံ့ စေတမန် Sisters သူလွှတ်တယ်။ ပါးပွါအစ အာဖရိကအဆုံး Little way Fathers တွေကို သူလွှတ်ပေးတယ်။ ကမ္ဘာ ကြီးဟာ ဘုရားပိုင်ပြီး ကမ္ဘာ လူသားတိုင်းဟာ ဘုရားရဲ့ သားသမီးတွေပါပဲ လို သူရှူ့မြင်တယ်။ ကမ္ဘာ ကြီးတစ်ခုလုံးကို ထွေးပိုက်နိုင်တဲ့ နှလုံးသားလေး ပိုင်ထားသူပါ။
ပညာရေးကို သူမြှင့် တင်တယ်။ လူမျိုး၊ဘာသာ မရွေး ပညာသင်နိုင်ဖို့ ဖယ်ခုံပျိုးခင်း သူအစပျိုးတယ်။ တောင်ကြီး SAG ကို Jesuits တွေကို သူဖွင့်ခိုင်းတယ်။ နိုင်ငံရပ်ခြားသို့လည်း ပညာတော်သင် လူငယ်များကို သူပို့ပေးတယ်။ လူမျိုးရေးကို သူမြှင့်တင်တယ်။ ဗုဒ္ဒ ခရစ်ယာန် သူမခွဲဘဲ ကယန်းလူမျိုး သူစုစည်းတယ်။ ကယန်းအမျိုးသားနေ့ ၔပြီ (၁၀) ရက်ပါလို့ သူပါဝင် ဆွေးနွေး အတည်ပြုတယ်။ ကယန်းစာပေနှင့် ရိုးရာ ဗုံပုလွေ သူအစ ပြန်ဖော်တယ်။ အမျိုး သားစိတ်ဓာတ် သိပ်လှပါတယ် သိုးထိန်း ဆရာတော်ကြီးရယ်။
သူ့နှလုံး အစဉ်နူးညံ့ သိမ်မွေ့တယ်။ ။သိုးများရှိရာ သိုးထိန်းအရောက်လှမ်းမယ်ပေါ့။ ရေနက်ရာမှာ ပိုက်ချမည့်သူပီပီ သိုးများနှင့်အတူတူ ရှင်စဉ်မှာရော တမလွန်မှာပါ သူနေချင်တယ်။ ငါသေတဲ့အခါ ငါ့ချက်မြှပ်ရာ ဇာတိမြေသို့ ပို့ဆောင်ပါလို့ သူမတောင်းဆိုပါ။ ငါ့သိုးများ အနားယူရာ အများပိုင် သင်းချိုင်းမှာပဲ အနားယူပါရစေလို့ သူ့သေတမ်းစာမှာ နူးညံ့စွာဖြင့် သူတောင်းဆိုခဲ့တယ်။
သူအသက်ရှင်စဉ်အခါမှာလည်း နှယ်ဘယ်လောက်ဝေးဝေး၊ ခရီးလမ်း ဘယ်မျှ ကြမ်းကြမ်း သိုးများကျက်စားရာ နေရာတွေတိုင်းမှာ သူအရောက်လှမ်းခဲ့တာ။ ယခုမှာတော့ နူးညံ့နှလုံးပိုင်ရှင် ဖြေးညှင်း ငြိမ်သာစွာဖြင့် စကားပြောဆိုတတ်သူ သိုးထိန်းဆရာတော်ကြီးဟာ တိုးတိုးတိတ်တိတ်နှင့်ပဲ ဒီလောကမှ ထွက်ခွါသွားပါပြီ။ တမလွန်မှာ ထာဝရ အနားယူနေသော သိုးစုများဆီသို့ သူခြေလှမ်းလိုက်ပြီ။
ကျန်ရစ်သူ သိုးစုများနှင့် သာသနာတော်ကြီးအတွက် ဆက်လက်ဆုတောင်းပေးပါနောလို့။ ရင်ထဲမှ ထာဝရ ဂါရဝ ပြုလျက်ပါ။ အာမင်။
454  Views
Previous: မယ်တော်သခင်မဟာ ငှက်ပိတုန်းလိုပဲ ခက်ခဲတဲ့အချိန်တွေ ကြုံရပေမယ့်၊ အဆင်မပြေတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေရပေမယ့် ဘုရားကို အမြဲ ချီးမွမ်းတယ်
Next: Mary is like the hummingbird, always praising and thanking God and others in spite of hard times and trying circumstances