အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂ဝကြာ စစ်ပွဲအဆုံးသတ်ပြီး အမေရိကန်တပ်များအားလုံး အာဖဂန်မှ ထွက်ခွာပြီးစီး

ကဘူးလ်၊ သြဂုတ် ၃၁
အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်များအားလုံး တနင်္လာနေ့က ထွက်ခွာပြီးစီးခဲ့ပြီဖြစ်ကာ၊ အာဖဂန်တွင် နှစ်ပေါင်း ၂၀ မျှကြာသည်အထိဖြစ်ပွားခဲ့သော စစ်ပွဲဆုံးသတ်ပြီဖြစ်သလို၊ တာလီဘန်တို့လက်သို့လည်း နိုင်ငံအာဏာပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
အမေရိကန်တပ်မတော်လေ၏ နောက်ဆုံးလေယာဉ်သည်လည်း နံနက်အာရုံမတက်မီနာရီအနည်းငယ်အလိုတွင် ကဘူးလ်မြို့ ဟာမစ်ကာဇိုင်းလေဆိပ်မှ အောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း ပင်တဂွန်မှ တာဝန်ရှိသူတို့ကပြောသည်။

The Kabul evacuation mission

မကြာမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖေါက်ခွဲမှုကြောင့် ကျဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် စုစုပေါင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော် အာဖဂန်မြေတွင် ကျဆုံးခဲ့ရသလို၊ ထောင်သောင်းချီသော အာဖဂန်များလည်း စစ်ပွဲကာလအတွင်းသေဆုံးခဲ့ကြကြောင်းသိရသည်။

The Kabul evacuation mission

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ကဏ္ဍသစ်တစ်ရပ်ဖွင့်သည့်သဖွယ် ဆက်လက်ဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ လက်ရှိတွင်မူ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးကို ပိတ်လိုက်ပြီဖြစ်ကာ၊ သံရုံးအသစ်ကို ကာတာနိုင်ငံတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းသံရုံးကောင်စစ်ဝန်မှတဆင့် အာဖဂန်နစ္စတန်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သူကပြောသည်။

The Kabul evacuation mission

 

The Kabul evacuation mission

372  Views
Previous: စစ်ကောင်စီက လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေပုဒ်မ ဖြည့်စွက်ပြဋ္ဌာန်း
Next: ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေထဲမှာ တပ်စွဲပြီး ဘာသာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုဖျက်ဆီး