တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေစုစုပေါင်းမှာ (၁.၃) ဘီလျံရောက်ရှိသွားပြီ

အာရှတိုက်နှင့်အာဖရိကတိုက်တို့နှစ်ခုတွင် ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် ၂၀၁၉ ခုနှစ်တွင် ပိုတိုးလာသည်ဟု ဗာတီကန်နိုင်ငံ၏သာသနာပြန့်ပွားရေးဌာနက စာရင်းထုတ်ပြန်လိုက်သည်။
၂၀၁၉ ခုနှစ်၏ ကမ္ဘာ့လူဦးရေသည် ၈၁.၃ သန်းအထိ တိုးလာပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည်လည်း ၁၅.၄ သန်းတိုးလာကာ တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေစုစုပေါင်းမှာ ၁.၃ (၁၃၄၄၄၀၃၀၀၀) ဘီလျံရောက်ရှိသွားပြီ ဖြစ်သည်ဟု ၎င်းစာရင်းအင်းဌာနက ဖော်ပြထားလေသည်။

 

Graduation Ceremony of Students from Joseph Education University in Yangon

တကမ္ဘာလုံးရှိ ကက်သလစ် ဆရာတော်ကြီးများဦးရေသည် (၅၃၆၄) ပါး ရှိပြီး၊ ကက်သလစ်ရဟန်းဦးရေမှာ (၄၁၄၃၃၆) ရှိသည်။ တကမ္ဘာလုံးရှိ သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်သာသနာပြုသူဦးရေမှာ (၄၁၄၄၄၀) ရှိပြီး ဓမဆရာဦးရေမှာ (၃) သန်း (၃၀၇၄၀၃၄) ရှိသည်ဟု သိရှိရပါသည်။
တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်သာသနာမှ ဖွင့်လှစ်ထားသော မူကြိုအရေအတွက်မှာ (၇၂၆၆၇) ရှိပြီး ၎င်းကျောင်းများတွင် (၇၅၃၂၉၉၉) ကျောင်းသူကျောင်းသားများက ပညာသင်ယူနေကြပါသည်။ မူလတန်းကျောင်းမှာ ၉၈၉၂၅ ခုရှိပြီး (၃၅၁၈၈၇၇၁) ကျောင်းသား၊ အထက်တန်းကျောင်း (၄၉၅၅၂) တွင် (၁၉၃၇၀၇၆၃) ကျောင်းသားဦးရေ၊ အထက်တန်းကျောင်းသားဦးရေ (၂၃၉၅၅၄၀ ) နှင့်တကသိုလ်ကျောင်းသားဦးရေ (၃၈၃၃၀၁၂) တို့ကို ထောက်ပံ့နေသည်ဟု သိရှိရပါသည်။

 

ဂျိုးဇက်ဝင်းလှိုင်ဦး

623  Views
Previous: သိကြား (ကောင်းကင်) တမန်ဆိုတာ
Next: VATICAN: CATHOLIC CHURCH STATISTICS – 2021