မြန်မာနိုင်ငံတွင် ခိုင်းနွားအကောင်ရေ (၉၅) သိန်းရှိဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ


နေပြည်တော်၊ ဇန်နဝါရီလ ၁၀၊ ၂၀၁၉

မြန်မာနိုင်ငံတွင် ခိုင်းနွားအကောင်ရေ (၉၅) သိန်းရှိဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ဇန်နဝါရီလ ၁၀နေ့၌ ကြေငြာလိုက်သည်။
၎င်းတိရစ်္ဆာန် ကောင်ရေကြေငြာခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ဟိုတယ်ဇုံ ုနာစငညျုင ံသအနူ ၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်အစိုးရက နိုင်ငံတော်၏ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံ၏ တိရစ်္ဆာန် ကောင်ရေနှင့် တိရစ်္ဆာန်ထွက် ပစ်္စည်းထုတ်လုပ်မှု စာရင်းဇယားများ အတည်ပြုထုတ်ပြန် နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ အတွက် လိုအပ်သောမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံချက်များ ကို အတည်ပြုထုတ်ပြန်နိုင်ရေး အပါအဝင် မွေးမြူရေး ကဏ္ဍတွင် ပြည်သူပိုင်နှင့် ပုဂ်္ဂလိကပိုင် ကဏ္ဍတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေး တို့အတွက် မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ တိကျစွာရရှိ စေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့သော တိရစ်္ဆာန်ကောင်ရေ စာရင်းအား အတည်ပြုထုတ်ပြန် ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ဟိုတယ်ဇုံ ုနာစငညျုင ံသအနူ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ကုလသမဂ်္ဂ စားနပ်ရိက်္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ၤဗဥ ၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက်္ခာဖူလုံရေးရံပုံငွေအဖွဲ့ ူငလနူင့သသိ ညေိ ၤသသိ ှနခကမငအပ ွှမကျအ(ူှုၤွှ ၤကညိ) နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
တိရစ်္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိရစ်္ဆာန်ကောင်ရေနှင့် တိရစ်္ဆာန် ထွက်ပစ်္စည်းထုတ်လုပ်မှု စာရင်း ဇယားများအား အတည်ပြုထုတ်ပြန်ရန်နှင့် မွေးမြူရေး ကဏ္ဍအတွက် လိုအပ်သောမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံချက်များကို ရေးဆွဲ အတည်ပြု နိုင်ရန်တို့ကို ရည်ရွယ်ပြီး အဆင့်ဆင့် စီမံချက်ချကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီတွင် မြို့နယ်များရှိ ရပ်ကွက် ။ကျေးရွာများ၏ ၂၀ ရာခိုင်နှုန်းတွင်လည်းကောင်း၊ စီးပွားဖြစ်ခြံများ စာရင်းကို ၂၀၁၈ ခုနှစ်၊ မေလတွင်လည်းကောင်း ကောက်ယူခဲ့ပြီး ယနေ့ထုတ်ပြန်သောစာရင်းမှာ မြို့နယ်ပေါင်း(၂၇၅)မြို့ နယ်ရှိ ကျေးရွာ (၁၂၂၀၃) ကျေးရွာနှင့် ရပ်ကွက်(၅၃၀) ရပ်ကွက်မှ အိမ်ထောင်စု စုစုပေါင်း (၁၅၆၇၀၇၀) တွင် ကောက်ယူခဲ့သော စာရင်းကို အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်သည်။
ထိုစာရင်းများအရ စာရင်းကောက်ယူခဲ့သော ကာလအတွင်း မွေးမြူထားသော တိရစ်္ဆာန်ကောင်ရေများမှာ ခိုင်းနွားကောင်ရေ (၉.၅ သန်း)၊ နို့စားနွား (ဝ.၁၁)သန်း၊ ကျွဲကောင်ရေ (၁.၈) သန်း၊ သိုးဆိတ်ကောင်ရေ (၂.၁)သန်း၊ ဝက်ကောင်ရေ (၅.၈)သန်း၊ ကြက်ကောင်ရေ သန်း(၇၀)၊ ဘဲ၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီ (၈.၉)သန်းနှင့် ခွေးကောင်ရေ (၃.၈)သန်း ရှိကြောင်း သိရသည်။ မွေးမြူရေးနှင့်ကုသရေး

718  Views
Previous: သန်လျင် ပေါ်တူဂီဘုရားကျောင်း ပထမဆုံး မြေသန့်မင်္ဂလာ ပူဇော်ပွဲ ပြုလုပ်
Next: ယခင် အစိုးရ၏ စီမံကိန်းများ ဖျက်ချင်တိုင်း ဖျက်မရဟု အတိုင်ပင်ခံ ပြော ကလေးမြို့တွင် ဒေသခံ လူထုနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်