UN, INGO နှင့်ပတ်သက်၍ ECC တွင် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းကပြော

Big-ec

ရခိုင်ပြည်နယ်တွင်ရှိသော UN, INGO နှင့်ပတ်သက်၍ ကျေနပ်မှုများမရှိပါက  ECC သိုမည်သူမဆိုလာရောက် မေးမြန်းနိုင် ကြောင်း ပြည်ထောင်စုအဆင့်အရေးပေါ်ပေါင်းစပ်ညှိနိုင်းရေးစင်တာမှ ဒုတိယဥက္ကဌ  နယ်စပ် ရေးရာဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောသည်။

မေလ(၁၇)ရက်နေ့က စစ်တွေမြို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံး ၌ဖွင့်လှစ်ထား သည့် ပြည်ထောင်စု အဆင့်အရေးပေါ် ပေါင်းစပ်ညှိနိုင်ရေးစင်တာ(ECC – Emergency Coordination Center)၌ ပြုလုပ်သော ရခိုင်လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

 “ကျနော်တို့ရဲ့ရုံးကို ၂၄နာရီဖွင့်ထားတယ် အချိန်မရွေးလာပြောလို့ရတယ်၊  သိချင်တာ လာမေးလို့ရတယ်၊ အချိန်မရွေး ဆန္ဒလာ ဖော်ထုတ်လို့ ရတယ်၊ အချိန် မရွှေးလာပါ၊ မလာရင် ဖုန်းဆက်လို့ရတယ်၊  မကျေနပ်ချက်တွေ ဖော်ထုတ်လို့ရတယ်။ ယူအမ်နဲ့ ပတ်သက်လို့ မကြိုက်ဘူး  သတင်းတစ်ခုရရင်ပြောပါ ချက်ချင်းပြောပါ ယနေ့ ကျနော်တို့ ECC ဟာ ပြည်ထောင်စု အဆင့်ဖြစ်ပါ တယ်၊ သမ္မတကြီးဆီတောင် တိုက်ရိုက် သတင်းပို့လို့ရ တယ်။  ဒီထက်ကြီးတဲ့ အဖွဲ့လဲမရှိတော့ဘူး ရခိုင်ဒေသကြီးအတွက်ကို ကျနော်တို့က  ပြည်နယ်အစိုးရကို အထောက် အကူပြုဖို့အတွက် ။ ဒီရုံးဟာပြည်သူ့ အတွက် people center  ပြည်သူဗဟိုပြု ပြည်သူတွေ စုဝေးအောင်လုပ် တဲ့နေရာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ယူအမ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအားလည်း စည်းကမ်းချက်များချ မှတ်ထားပြီး ရခိုင်ဒေသခံများအတွက်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နေ သည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

“ယူအင်တွေကို ရခိုင်တိုင်းရင်းသားတွေ  အတွက်ပါလုပ်ပေးရမယ်ဆိုပြီးပြောထား တာတွေရှိပါတယ်။ အမ်ဂျီအို တွေဟာ ကျနော် တို့ရဲ့ ဆွေးနွေးချက်တွေအပေါ် လူထုရဲ့ ဆွေးနွေးချက်တွေ အပေါ် နားလည်လာပြီးတော့မှ သူတို့  Development Plan ကိုသွား နေပါပြီ”ဟု ၎င်းက ဆက်ပြောသည်။

ယူအမ်နှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ၏လုပ်ဆောင်ချက်များနှင့် အနာဂါတ် လမ်းစဉ် များအပေါ် ECC အဖွဲ့၏ ပထမဆုံးအကြိမ် ရခိုင်လူမှုအဖွဲ့အစည်းပေါင်း စုံနှင်းတွေ့ ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မောင်မောင်အုန်းမှ ထိုကဲ့သို့တုန့် ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ECC သည် အစိုးရနှင့်အရပ်ဖက်၊ နိုင်ငံတကာအဖွဲ့အစည်းတို့မှ ဖွဲ့စည်းထားသည့် အဖွဲ့လည်းဖြစ်သည်။

“ECC က ဘယ်အတိုင်းအတာထိလုပ်နိုင်မလဲ ဆိုတာကိုကျမတို့က စောင့်ကြည့်ရမယ်၊ ဗိုလ်ချုပ်ပြောထား တာတွေတော့ လက်ခံ စရာပါ၊ တစ်ချို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လုံးဝလက်မခံဘူးဆိုတာ၊ ဒါပေမယ့်  ECC ဆိုတာ ရခိုင်လူထုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြား နောက်ဆုံးဖြေရှင်းချက်ဆိုပေမယ့်  နိုင်ငံတကာ အဖွဲ့အစည်းတွေ က ဘယ်လောက်ထိ သူတို့အပေါ် အလေးထားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ”ဟု အဆိုပါ အစည်းအဝေးသို့တက်ရောက်လာသည့် လူမှုကွန်ယက် အဖွဲ့ဝင် တစ်ဦးကပြော သည်။

မတ်လအတွင်းကဖြစ်ပွားခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ရုံးခန်းများဖျက်ဆီးခံရ သည့်နောက်ပိုင်း ကယ်ဆယ်ရေး လုပ်ငန်းအချို့ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ယင်း လုပ်ငန်းများပြန်လည် လည်ပတ်နေပြီဖြစ်သည်။

1731  Views
Previous: ကက်သလစ်အသင်းတော်၏ ကာနွန်ဥပဒေသစ်
Next: ၉။ မိုးမောက် နီသောကာရာမကျောင်းရှိ ဒုက္ခသည်စခန်းများအတွက် စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်