ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအားလုံးသည် အကျဉ်းသားများနှင့် ထောင်မှလွတ်လာသူများကို ဝိုင်းဝန်းကူညီကျရန် အင်္ဂလန်နိုင်ငံကာဒီနယ် နီကော်လပ်(စ်) က တိုက်တွန်းတော်မူ

14680589_1870721066496562_4231997279710221183_n

အင်္ဂလန်၊ စက်တင်ဘာ ၇ ၂၀၁၆ CNA

အင်္ဂလန်နိုင်ငံ၊ ဝဲ (စ်) မီနီ စတာ ကက်သလစ်ဂိုဏ်းချုပ် သာသနာမှ ရဟန်းမင်းအမတ် ဆရာတော်ကြီး ဗင်းဆင့် နီကော်လပ် (စ်) က အကျဉ်းသားများနှင့် ထောင်မှလွတ်လာသူများကို ဝိုင်းဝန်းကူညီကျရန် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို စက်တင်ဘာလ (၆) ရက်နေ့က တိုက်တွန်းတော်မူလိုက်သည်။  ဆရာတော်ကြီး ဗင်းဆင့်က “ထောင်ထဲတွင် ထောင်ကျနေသူများနှင့် ထောင်မှလွတ်မြောက်လာကြသော အကျဉ်းသားများ အားလုံးက လူ့အဖွဲ့အစည်းထဲတွင် ပြန်လည်ကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် ယုံကြည်ခြင်းတွင် ဆက်လက်ကြီးထွားနိုင်ကြရန် အတွက် ကက်သလစ်ခရစ်ယာန်များတွင် တာဝန်ရှိကြောင်း၊ သူတို့ကို ဘေးဖယ်မထားကြရသင့် ကြောင်း” ဖြင့် မီးမောင်းထိုးပြ တော်မူလိုက်သည်။

ဆရာတော်ကြီးဗင်းဆင့်သည် အကျဉ်းထောင်သို့ သွားရောက်ပြီး ကက်သလစ်ခရစ် ယာန်ဘာသာဝင် အကျဉ်းသူ/ သားများအတွက် မစ္ဆားပူဇော်ဝတ်ပြုခြင်းကို ကျင်းပပြုလုပ်ပေးရာတွင် ဆရာတော်ကြီးက “အကျဉ်းထောင်များတွင် တာဝန်ကျနေသော ကက်သလစ်ရဟန်းများသည် အကျဉ်းသားများ၏ ဝိညာဉ်ရေးနှင့် လူမှုရေးဆိုင်ရာ ကြီးထွားခြင်းအတွက် တာဝန်ယူနေကြရသောကြောင့် အထူး ကျေးဇူးတင်ရှိ ပါကြောင်း” ဖြင့်ထုတ် ဖော်ပြောကြားတော်မူသည်။

ဆက်လက်ပြီး ဆရာတော်ကြီးက ကက်သလစ်ခရစ်ယာန် ဘာသာဝင်အကျဉ်းသားများနှင့် မွတ်ဆလင်ဘာသာဝင် အကျဉ်းသားများကို အကျဉ်းထောင်တွင် တာဝန်ယူကြည့်ရှုပေးနေကြသော ရဟန်းများနှင့် ဆရာများအကြားရှိ အတူတကွလက်တွဲ လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမတူညီသော လူ့အဖွဲ့အစည်းကြားက မိတ်ဖွဲ့ခြင်းကို အားပေးသော လုပ်ဆောင်ချက်တွေထဲက အရေးကြီးသော လုပ်ဆောင်ချက်ဖြစ် သကဲ့သို့ အကျဉ်းသားများ၏ ဘဝကို ပြန်လည်ထူထောင်ရာတွင်လည်း အကျဉ်းသားများတွင်လည်း တာဝန်ရှိသည်” ဟု အားပေးတိုက် တွန်းတော်မူသည်။

ဆက်လက်ပြီး ဆရာတော် ဗင်းဆင့်က “ထောင်ကျသော လူငယ်တစ်ဦးသည် ထောင်မကျခင်တွင်မူ စာမရေးတတ်သော်လည်း ထောင်ကျပြီးနောက် စာရေးတတ်လာကြောင်း၊ ဒါကြောင့်မို့ အကျဉ်းထောင်တွင် တာဝန်ရှိသူများက အကျဉ်းသားများကို ပြုပြင်ပျိုး ထောင်ပေးရာတွင် အကျဉ်းသားများ ကိုယ်တိုင်လည်း ကြိုးစား ပြုပြင်ကြရန်လိုအပ်ကြောင်း၊ အကျဉ်းထောင်များသည်လည်း အကျဉ်းသားများ၏ အခွင့်အရေး ကို လေးစားပေးကြရပြီး ကောင်းမွန်သော အကျဉ်းထောင်ဖြစ်ရေးကိုလည်း သက်ဆိုင်ရာအာဏာပိုင်များက ပြုလုပ်ကြ ရန်လိုအပ်သည်” ဟု မီးမောင်း ထိုးပြတော်မူ ခဲ့သည်။

“အင်္ဂလန်နိုင်ငံမှာ အကျဉ်းထောင်တွေက အကျဉ်းသားများအတွက် အထူးကောင်းမွန်ကြပါတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တချို့ အကျဉ်းထောင်တွေမှာဆိုရင် အနံ့ဆိုးတွေ၊ အမိုက်သရိုက်တွေ၊ မသန်ရှင်းသော အသုံးအဆောင်တွေ၊ ကြမ်းပိုးတွေ၊ အဆိပ်သင့်စေသော အခိုး အငွေ့တွေနဲ့ ပြည့်နှက်နေကြတယ် ဆိုတာကြားရတော့ ဒီခေတ်ကြီး၊ ယဉ်ကျေးတိုးတက်တဲ့ခေတ်ကြီးမှာ ဒီလိုမျိုးအကျဉ်းသားများအတွက် ဆိုးဝါးသောဝန်းကျင်များသည် မရှိသင့်တော့ကြောင်း၊ ထိုသို့သော ညစ်ပတ်သည့် ဝန်းကျင်များသည် အကျဉ်းသားများ၏ ဘဝပြန်လည် ထူထောင်လိုခြင်း စိတ်ဆန္ဒကို ချိုးနှိမ်ခြင်းဖြစ်ကြောင်း” ဖြင့် ကာဒီနယ်ဗင်းဆင့်က အင်္ဂလန်အစိုးရအား ေ၀ ဖန်တော်မူလိုက်သည်။

“လွတ်မြောက်ပြီးသော အကျဉ်းသား ဟောင်းများက ရာဇဝတ်မှုများကို ပြန် လည်ကျူးလွန်ခြင်းပြုလုပ်လျှင်မူ အကျဉ်းထောင်များ၏ အကျဉ်းသားများ အပေါ် ပြန်လည်ထူထောင်ခြင်း ပြလုပ်သောစနစ်သည် ပြန်လည်ပြုပြင်ရန် လိုအပ်သည်ကို ပြသခြင်းဖြစ်သည်” ဟု ဆရာတော်ကြီး ဗင်းဆင့်က အင်္ဂလန်အစိုးရအား မိန့်ကြား တော်မူသည်။

ဆရာတော်ကြီးက ၂၀၁၆ ခုနှစ်တွင် သနားကြင်နာခြင်းနှစ် ဖြစ်သောကြောင့်၊ ခရစ်ယာန်များသည် အကျဉ်းထောင်များသို့ သွားရောက်ပြီး အကျဉ်းသား များကို ကူညီဖေးမ စောင့်ရှောက်ပေးခြင်းသည် ခရစ်တော်ဘုရားက ခရစ်ယာန်များကို ပေးအပ်ခဲ့သော ဘာသာတရားလုပ်ငန်း ဖြစ်သည် (မာတေဦး ၂၅) ဟု မီးမောင်းထိုး ပြတော်မူလိုက်သည်။

ဂျိုးဇက်

1183  Views
Previous: အကျင့်ပျက်ခြစားခြင်းသည် အဆိုးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟုရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗာတီကန်လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးတော်မူ
Next: တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရက ရဟန်းမင်းကြီးခန့်အပ်ထားသော ဝဲန်ယူးမြို့၏ လက်ထောက်ဆရာတော် ပီတာရှိုဇူမင်းကို ဖမ်းဆီးထောင်ချ