ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လားဒီ ပြန်လည်လွတ်မြောက်လာပြီ

စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသော ဗန်းမော်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လားဒီသည် မေလ (၁၇) ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

သူ၏လွတ်မြောက်လာခြင်းကို ဘုန်းတော်ကြီးလုကားစ်ခါးလီက ဂလိုရီယာသတင်းဂျာနယ်သို့ အတည်ပြုပေးတော်မူသည်။

ဘုန်းတော်ကြီးခါးလီက၊ လူမှုကွန်ယက်မှာ ရေးသလို၊ ဘုန်းတော်ကြီးလားဒီဟာ ဘာမှဒါဏ်ရာ မရှိပါဘူး။ သူ့ကိုကြည့်ရတာ၊ စစ်ကောင်စီက ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီး ရိုက်နှက်ခြင်းမရှိပုံ ပေါ်ပါတယ်။ သူ့မှာ ဘာအနာ၊ ဒါဏ်ရာတစ်ခုမှ မရှိပါဘူးဟု အတည်ပြုပါသည်။

ဘုန်းတော်ကြီးလားဒီသည် မေလ (၁၃) ရက်နေ့က မြစ်ကြီးနားသို့ ကားဖြင့်ခရီးသွားနေချိန်တွင် လမ်းခရီးတွင် သူ၏လက်ကိုင်ဖုန်းများနှင့်မှတ်ပုံတင်များကို စစ်ဆေးခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ထို့နောက် ဗန်းမော်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး ရေမွန်ဆွန်လုကမ်က သက်ဆိုင်ရာစစ်ကောင်စီသို့ ၎င်းရဟန်းတော်၏ခရီးစဉ်နှင့်ပတ်သက်သောအကြောင်းအရာများကို တင်ပြအသနားခံပြီးနောက် စစ်ကောင်စီနှင့်ဒေသခံအာဏာပိုင်များက သူ့ကို မေလ (၁၇) ရက်နေ့တွင် ဆရာတော်ကြီးကျောင်းတိုက်သို့ လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

ရဟန်းတော်ကြီးဖုန်းထဲတွင် တွေ့ရသောပုံနှင့်စာရွက်စာတမ်းများမှာ၊ ကချင်ဘာသာဖြင့်ရိုက်နှိပ်ထားသော ကျမ်းစာ၊ စစ်ရှောင်ပြည်သူများဓါတ်ပုံနှင့်ကက်သလစ်သာသနာတော်၏လူမှုရေးလုပ်ငန်းဆိုင်ရာဓါတ်ပုံများ ဖြစ်သည်ဟု သိရှိရပါသည်။

ထို့ကြောင့်ဆရာတော်ရေမွန်က ၎င်းစာရွက်စာတမ်းများ၏ အကြောင်းရင်းများကို စစ်ကောင်စီအား ရှင်းပြသည့်စာတစ်စောင်ကို ပေးပို့လိုက်ရခြင်းဖြစ်သည်။
ဆရာတော်ရေမွန်၊ သူက ပုံမှန်အခြေအနေနဲ့ပြန်လာပါပြီ။ သူ့မှာ ဘာဒါဏ်ရာမှ မတွေ့ရဘူးဟု ယူကန်သတင်းဌာနသို့ ရှင်းပြသည်။

ဘုန်းတော်ကြီးလားဒီသည် လိုင်ဇာမြို့တွင် လက်ထောက်ကက်သလစ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသောရဟန်းဖြစ်ပါသည်။

633  Views
Previous: Fr. Columban Lar Di, a priest from the diocese of Banmaw was released by the army
Next: မြန်မာနိုင်ငံကို အန္တရာယ်ရှိမှု အမြင့်ဆုံးအဆင့် ၄ အဖြစ် အမေရိကန်သတ်မှတ်