ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ရန်ကုန်) ကို သြဂုတ်လ (၃) ရက်နေ့မှစတင်ဖွင့်လှစ်ရန် စီစဉ်နေ

ရန်ကုန်၊ ဇွန်လ ၂၉၊ ၂၀၂၀

ရန်ကုန်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်ကို လာမည့် သြဂုတ်လ (၃) ရက်နေ့မှစတင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အမှုဆောင်အတွင်း ရေးမှူးဖြစ်တော်မူသော ဆရာတော်ကြီးဂျွန်စောယောဟန်က ဇွန်လ (၂၉) ရက်နေ့က ဂျိုးဇက်ကုန်ဇမှုန်းအား မိန့်ကြားတော်မူလိုက်သည်။

ဆရာတော်ကြီးက ““ရန်ကုန်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်ကို ကိုဗစ်-၁၉ စောင့်ကြည့် လူနာများအား ယာယီနေထိုင်စခန်းအဖြစ် အစိုးရအား အသုံးပြုခွင့် ပေးထားပြီး ပထမအသုတ်က မိမိတို့အိမ်ကို ပြန်သွားကြပြီ။ အခု ဒုတိယအသုတ်ကို ဇူလိုင်လ (၂၀) ရက်နေ့အထိ ဆက်လက် လက်ခံပေးဖို့ အစိုးရဖက်က တောင်းဆိုလာတာကြောင့် ကာဒီနယ်ချားလ်စ်ဘိုက အခွင့်ပြုလိုက်ပါပြီ။ ဒါကြောင့် ရဟန်းဖြစ်တက်္ကသိုလ်ကို လာမည့် သြဂုတ်လ (၃) ရက်နေ့မှစတင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ပါတယ်”” ဟု ဂျိုးဇက်ကုန်ဇမှုန်းအား ဖြေကြားပေးတော်မူသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အမှုဆောင်အတွင်း ရေးမှူးဖြစ်တော်မူသော ဆရာတော်ကြီးဂျွန်စောယောဟန်သည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဆရာတော်ကြီး လည်း ဖြစ်တော်မူသည်။ ဂျိုးဇက်ကုန်ဇမှုန်း

1134  Views
Previous: ဆရာတော်လူကားစ် ဒေါင်ဇေက လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်အဖြစ် တာဝန်ယူပြီ
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဘုန်းတော်ကြီး ဂျွန်စောဂေါ်ဒီအား တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ဆက်ခံဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူ