ကမ္ဘာပေါ်တွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသဖြင့် ကာကွယ်ရေးနည်းလမ်းများ ပို၍တိကျစွာလိုက်နာကြရန် ဝန်ကြီးဌာနတိုက်တွန်း

ကမ္ဘာပေါ်တွင် ပိုမို လျင်မြန်စွာကူးစက်သည့် ဗီဇ ပြောင်းကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ သဖြင့် COVID-19 ကာကွယ်ရေး နည်းလမ်းများကို ယခုထက်ပို၍ တိကျစွာလိုက်နာကြရန် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က တိုက်တွန်းချက်ထုတ်ပြန် လိုက်သည်။

COVID-19 ကိုဖြစ်ပွားစေ သော SARS-CoV-2  ဗိုင်းရပ်စ် ပိုးသည်  ဗိုင်းရပ်စ်ပိုးတို့၏သ ဘောသဘာဝအရ ဗီဇပြောင်းလဲ မှုအသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံအ ရှေ့တောင်ပိုင်း၌ ကူးစက်ပြန့်ပွား နေကြောင်းကို ယင်းနိုင်ငံက ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၁၄ ရက် တွင်ကြေညာခဲ့သည်ဟု ဝန်ကြီး ဌာနထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

‘‘ဗိုင်းရပ်စ်ရဲ့ သဘောသ ဘာဝကတော့ ပြောင်းလဲတတ်တဲ့ ဗီဇရှိတာပါပဲ။ အင်္ဂလန်က သူတို့ ပြောတာကတော့ ကူးစက်မှုမြန် တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ခုန က ပြင်းထန်မှုတွေဘာတွေ  သူတို့ သေချာမသိသေးဘူးဆိုပြီးတော့  ဝန်ကြီးဌာနထုတ်ပြန်ချက်မှာပါ တဲ့အတိုင်းပဲ ကြေညာထားပါတယ်’’ ဟု ကိုဗစ်ကာကွယ်ထိန်းချုပ်ကု သရေးဆိုင်ရာ နည်းပညာအကြံ ပေးအဖွဲ့မှ  ပါမောက္ခဒေါက်တာစိုး လွင်ငြိမ်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဆေးသုတေသနဦးစီးဌာန၏ စမ်း သပ်စစ်ဆေးနိုင်မှုအရ ရခိုင်ပြည် နယ် စစ်တွေမြို့နယ်တွင် တွေ့ရှိ ခဲ့သော ပုံမှန်ထက် ၁၀ ဆမြန် သည့် G614 ခေါ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စမ်းသပ်စစ်ဆေးမှုများ  ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အင်္ဂလန်နိုင်ငံတွင် တွေ့ရှိ သော ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ် ထားပြီး SARS-CoV-2 ဗိုင်းရပ်စ် များထက် ပိုမိုကူးစက်ပျံ့နှံ့လွယ် သည်ကိုတွေ့ရှိထားသော်လည်း ရောဂါပြင်းထန်မှုပိုမိုလာသည် ဆိုခြင်းကို  အထောက်အထား မတွေ့ရှိရသေးကြောင်း ဝန်ကြီး ဌာနထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသနဦးစီး ဌာနက မြန်မာနိုင်ငံတွင်တွေ့ရှိ ရသော SAR-CoV-2 ဗိုင်းရပ်စ် ပိုး၏ မျိုးဗီဇတစ်ခုလုံး(whole genome sequence)ကို လေ့ လာသုတေသနပြုထားပြီး ဆက် လက်စစ်ဆေးလေ့လာသွားမည် ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရ သော ကိုရိုနာဗိုင်းရပ်စ်ပိုး၏ ဗီဇ ပြောင်းလဲခြင်းဖြစ်စဉ်ကို ရခိုင် ပြည်နယ် စစ်တွေမြို့နယ်တွင် တွေ့ရှိခဲ့သည့် ပိုးတွေ့လူနာအ မှတ်(၃၇၅)အား စစ်ဆေးတွေ့ရှိ ပြီးနောက်ပိုင်းမှသာ သိရှိခဲ့ခြင်း ဖြစ်သည်။

 

629  Views
Previous: အသက်တော် (၈၁) နှစ်ရှိပြီဖြစ်တော်မူသော မန်းဒလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုန်းဂရောင် ဘုရားသခင်ထံတော်သို့ ဘုန်းတော်ဝင်စားပျံလွန်တော်မူ
Next: ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးကွဲသစ် အကြောင်း ဘယ်လောက်ထိ သိထားလဲ။