ကိုဗစ် တတိယလှိုင်းကာလအတွင်း ကိုယ်ကျိုးစွန့်ဆက်ကပ်ခဲ့သော ပရဟိတ အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း

အောက်တိုဘာလ (2) ရက်နေ့ နံနက်ပိုင်းက မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်းသည် ကိုဗစ်တတိယလှိုင်းကာလအတွင်းဆက်ကပ်ခဲ့ကြသောပရဟိတအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည့်အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ နံနက် (9:00) နာရီအချိန်တွင် ဆရာတော်ကြီးကျောင်းတိုက်၌ MCYC မှ ဆက်ကပ်လူငယ်များ၊ နံနက် (10:00) နာရီ အချိန်တွင် စိန့်မိုက်ကယ်(သံဝင်း) သာသနာအုပ်စုမှ နာရေးကူညီမှုအသင်းနှင့်ဆက်ကပ်လူငယ်များ၊ နံနက် (11:00) နာရီအချိန်တွင် စိန့်ဂျွန်းရှိ စိန့်ဂျွန်းနာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်များ ထံသို့ သွားရောက်ကာ ချီးမွမ်း ဂုဏ်ပြုအားပေးစကားများကို ပြောကြားရင်း ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
လူမှုကူညီရေး လုပ်ဆောင်ပေးခဲ့ကြသော သူများကလည်း ၎င်းတို့၏ လုပ်ဆောင်ခဲ့သော လုပ်ငန်းဆောင်တာများကို ဆရာတော်ကြီးထံ တင်ပြခဲ့ကြပါသည်။
ဆရာတော်ကြီးမာကုတင်ဝင်းမှ ယခုလို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရခြင်းသည် “ ကိုဗစ် တတိယလှိုင်းကာလအတွင်း လူတိုင်း ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ကြောင့်ကြနေချိန် ပရဟိတ အဖွဲ့များက မိမိတို့၏ အသက်ကိုပင် ပဓာနမထားပဲ (ကိုဗစ် ရောဂါ ခံစားနေရသောလူနာများ (လူမျိုး/ ဘာသာမရွေး) အတွက် လိုအပ်သည့် ဆေးဝါးနှင့် စားစရာများ ဝယ်ယူပေးခြင်း၊ အိမ်များကို ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ လိုအပ်နေသော လူနာများ အတွက် အောက်ဆီဂျင် ကူညီရှာဖွေကူညီခြင်း၊ ကွယ်လွန်သွားသည့်သူများအား မြုပ်နှံသင်္ဂြုလ်ပေးခြင်း၊ နယ်ဝေးမှလူများအား လိုက်လံပို့ဆောင်ပေးခြင်း၊ စသည့် ကရုဏာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် ဆရာတော် တစ်ပါးအနေဖြင့် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာတစ်ခုလုံးကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုလက်ဆောင်ပေးအပ်သည့်အခမ်းအနားကို လုပ်ဆောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
Photos News – Pinky
419  Views
Previous: ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို
Next: တရားလိုပြသက်သေများ၏ထွက်ဆိုချက်များသည် အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား