ခရစ်တော်ဘုရားကို ငြင်းပယ်သူများ မဖြစ်ကြရန်အတွက် သတိရှိရှိ နေထိုင်ကြရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တိုက်တွန်းတော်မူ

38-b

Mount of Olive

မေလ (၂၆)၊ ဂျေရုစလင်မြို့

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ခရစ်တော်ဘုရားသည် ကျွန်တော်တို့လူသားများကို ဘယ်တော့မှ မပစ်ထားကြောင်း၊ မိမိတို့ဘေးတွင် အမြဲရှိနေကြောင်းဖြင့် ဂျေရုစလင်မြို့ရှိ ဂျေစမနီဥယျာဉ်နားက ဘုရားကျောင်းတစ်ခုထဲတွင် မိမိကို လာရောက်ဖူးမျှော်ကြသော ရဟန်းသူတော်စင်များနှင့်ရဟန်းလောင်း များအား မေလ ၂၆ ရက်နေ့တွင် မိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““မိမိတို့၏အားနည်း ချက်များနှင့်မြတ်စွာဘုရားသခင်၏ ခေါ်တော်မူခြင်းတို့သည် လုံးဝမထိုက်တန်ကြောင်းကို သတိရှိလျက်၊ ခရစ်တော်၏သာသနာပြုအမှုတော် ၏ မြင့်မြတ်ခြင်းနှင့် ပုထုဇဉ်လူသားတို့၏အားနည်းချက်အဖြစ်မှန် အကြားတွင် လုံးဝကွာဟနေသည်ကို သတိရှိကြသော်လည်း ခရစ်တော်ဘုရား၏မိမိတို့နှင့်ခင်မင်ရင်းနှီးမှု၊ ခရစ်တော်ဘုရား၏သစ္စာရှိမှုနှင့်သနာကြင်နာခြင်းတို့သည် အရှင်မြတ်ကို ယုံကြည်စိတ်ချစွာြ ဖင့် နောက်တော်သို့လိုက်ကြရန် ခွန်အားပေးတော်မူသော အဖိုးမဖြတ်နိုင်သည့်ကျေး ဇူးတော် ဖြစ်ကြောင်းဖြင့် မိန့်မှာတော်မူခဲ့သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက ခရစ်တော်ဘုရား၏ကောင်းမြတ်တော်မူခြင်းသည် မိမိတို့ကို မကောင်းမှုများ၊ ဖြားယောင်းသွေးဆောင်ခြင်း များနှင့် နတ်ဆိုးများမှ ကင်းဝေးစေခြင်း မဟုတ်ကြောင်း၊ ထို့ကြောင်း မိမိတို့သည် ဖြားယောင်းသွေးဆောင်ခြင်း အန္တရာယ်ကို အမြဲတမ်းသတိမူနေကြရန်လို အပ်ကြောင်းဖြင့် ရဟန်းသီလရှင်သူတော်စင်များအား မိန့်မှာတော်မူသည်။ ရဟန်းမင်းကြီးက မိမိကို လာရောက်ဖူးမျှော်သူများအား၊ ““အခုကျွန်တော်တို့ရှိနေကြသော ဂျေစမနီဥယှာဉ်သည် ခရစ်တော်ဒုက္ခခံ ထမ်းရာနေရာ ဖြစ်ရာ မိမိသည် ခရစ်တော်ဘုရား၏ဝေဒနာများရှေ့တွင် မည်သူဖြစ်နေသနည်း ဟူသော မေးခွန်း၊ မိမိသည် အကြောက်တရားမှ ထွက်ပြေးသူဖြစ်မဖြစ်၊ အခက်အခဲကို တွေ့ကြုံစဉ် ခရစ်တော်ဘုရားကို စွန့်ပစ်သူဖြစ်မဖြစ် စသောမေးခွန်းများကို မိမိကိုယ်ကို မေးမြန်းကြရန်တရားနာ ပရိသတ် များအား မေးမြန်းတော်မူလိုက်သည်။

““တပည့်တော်တစ်ပါးက ခရစ်တော်ကို အသာပြားသုံးဆယ်ဖြင့် ရောင်းစားသကဲ့သို့ မိမိတို့သည် ခရစ်တော်ကို ရောင်းစားသူများ ဟုတ်မဟုတ် မေးမြန်ကြရန် သို့မဟုတ်ပါက မိမိတို့သည် မယ်တော်မာရီ ယားနှင့် တမန်တော်ယောဟန်ကဲ့သို့ ခရစ်တော်ဘုရားအပေါ်တွင် အဆုံးထိ တိုင် သစ္စာတည်ကြည် သူများ ဖြစ်မဖြစ်ကို မေးမြန်းကြရန်လိုအပ်ကြောင်း၊ ခရစ်တော်ဘုရား၏ ဒုက္ခစရိယာခံထမ်းချိန်တွင်မူ အရာအားလုံးသည် ဖရိုဖရဲဖြစ်နေပြီး ချစ်ခြင်းမေတာသည်သာ သေခြင်းကို အောင်မြင်ကြောင်းကို သက်သေထူခဲ့ကြောင်း၊ ထို့ကြောင့် ရဟန်းသူတော်စင်များသည်လည်း မိမိတို့ဘဝထဲတွင် မည်ကဲ့သို့သော အခက်အခဲများ ရှိနေစေကာမူ ခရစ်တော်ဘုရား၏ချစ်ခြင်းမေတ္တာ တော်၌ သစ္စာရှိရှိ အသက်ရှင်ကြရန်လို အပ်ကြောင်း”” ဖြင့် ရဟန်းမင်းကြီးက မိမိကိုဖူးမျှော်သူများအား မိန့်ကြားတော်မူသည်။ ဂျိုးဇက် (၀၀၃)

1512  Views
Previous: ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)နှင့်ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်) တို့နှင့်အတူ ဗာတီကန်နန်းတော်တွင်အတူတူဆုတောင်းခြင်း ပြုလုပ်တော်မူ
Next: အိန္ဒိယနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်က အိန္ဒိယနိုင်ငံ၏ဝန်ကြီးချုပ်အသစ်ပေါ် အကောင်းဖက် မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြောကြား