ချင်းပြည်နယ်ရှိ ၅၃.၃ ရာခိုင်နှုန်းသော ပြည်သူများသည် ဖျားနာလျှင် ဒေသရှိဒေါက်တာရမ်းကူးများကိုသာ အားထားနေရ

11091318_829144890456258_7846780393063251925_n
မြန်မာနိုင်ငံအတွင်းရှိ ပထမဆုံးသော ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော CAD (Community Agency for Rural Development) လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ ၂၀၁၅ ခုနှစ်၊ မေလအတွင်းက ချင်းပြည်နယ်တွင် ပြုလုပ်ခဲ့သော ကျန်းမာရေးစစ်တမ်းကောက်ယူချက်အရ၊ ဒေသခံပြည်သူများ၏ ၅၃.၃% သည် မကျန်းမမာဖြစ်လျှင် မိမိတို့ရွာတွင် အစိုးရအသိ အမှတ်ပြုသော လက်မှတ်မရရှိထားသည့် ရမ်းတမ်းပြီး ဆေးကုသသူများ (ဒေါက်တာရမ်းကူး) ကိုသာ အားကိုးနေရသည်ဟု သြဂုတ်လ ၂၅ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီအေဒီအဖွဲ့သည် ချင်းပြည်နယ် အလယ်ပိုင်းဒေသရှိ၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်များရှိ ကျေးရွာပေါင်း (၄၀) မှ ပြည်သူပေါင်း ၁၆၆၁ (ကျား- ၇၆၇၊ မ-၈၉၄) အား ““ကျန်းမာရေးဝန်ဆောင်မှုကို ရယူရာတွင် ရှိနေသော ယဉ်ကျေးမှုဆိုင်ရာ အဟန့်အတားများ”” အခြေအနေကို သိရှိပြီး ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ် သည်။

၎င်းအစီရင်ခံစာတွင်၊ အမျိုးသမီး (၈၆%) သည် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် (ဝါ) နှစ်ကြိမ်  ပြုလုပ်သည်ဟု ဖြေဆိုထားသည်။ မိမိတို့၏ ကျန်းမာရေးအတွက် အစိုးရဆေးရုံဆေးခန်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်း များကို အားကိုးသောရာခိုင်နှုန်းမှာ (၂၉.၄%) သာ ရှိပြီး လူမှုရေးအဖွဲ့အစည်းများကို အားကိုးသော ရာခိုင်နှုန်းသည် (၁၂.၈%) ရှိနေသည်။ (၆%) သော အမျိုးသမီးများက မိမိတို့၏ ယောင်္ကျားများအား မိမိတို့၏လိင်ဆက်ဆံမှုအကြောင်းကို ပြောပြကြပြီး (၁၁%) သော မိခင်များက လိင်ပိုင်းဆိုင်ရာအသိတရားများကို သားသမီးများအား သင်ပေးသည်ဟု ဖြေဆိုထားသည်။

အမျိုးသား များသည် မိမိတို့၏ အချိန် (၉၀%) ကို တောင်ယာလုပ်ငန်းတွင် အသုံးပြုကြသည်။ (၈၅%) သော အမျိုးသမီးများသည် အိမ်မှုလုပ်ငန်းများနှင့်သားသမီးများကို ပြုစုစောင့်ရှောက်ရေးကိုသာ ဦးစားပေးလုပ်ဆောင်ကြသည်။ စစ်တမ်းကောက်ယူထားသော အမျိုးသမီးများထဲမှ (၉၆.၅%) သည် ကျေးရွာရှိကလေးမွေးပေးသည့်လက်သည်းများကိုသာ ပိုပြီး ယုံကြည်အားကိုးကြသည်ဟု ဖြေဆို ထားကြသည်။  သောမတ်

1414  Views
Previous: 53.3% of Chin people are relying for their health on untrained village health practioners
Next: ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး စင်ကာပူသို့ ရောက်ရှိ