ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး စင်ကာပူသို့ ရောက်ရှိ

02

သြဂုတ်လ (၁၇) စင်ကာပူ

ဗာတီကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ကာဒီနယ်ဆရာတော်ကြီး ပါရိုလင်းသည် စင်ကာပူနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သြဂုတ်လ (၁၅) ရက်မှ (၁၇) ရက်နေ့အထိရောက်ရှိလာခဲ့သည်။ သူ၏ ခရီးစဉ်တွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီ (အပေါ်ပုံ) နှင့် သူ၏ဝန်ကြီးများ အဖွဲ့ကို တွေ့ဆုံခဲ့ကြောင်း၊ သူ၏နှစ်ရက်တာ ခရီးစဉ် အတွင်း မိမိအနေဖြင့် စင်ကာပူနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ ကက်သလစ်သာသနာတော်တို့၏ ရှင်သန်ကြီးထွားနေမှုတို့ကို နားလည် နိုင်ရန်နှင့်တန်ဖိုးထားနိုင်ရန် လေ့လာ ခွင့်ရရှိခဲ့သည်ဟု ကာဒီနယ်က မှတ်ချက်ပြုတော်မူလိုက်သည်။ ကာဒီနယ် ပါရိုလင်း က “ ဒီလိုလှပလှတဲ့ ကျွန်းငယ် နိုင်ငံ စင်ကာပူသည် ဒေသရှိနိုင်ငံများ၏ ပြရုပ်သဖွယ်တည်ရှိ နေ ကြောင်း၊ စင်ကာပူ နိုင်ငံသည် မတူညီ သော ယဉ်ကျေးမှု များစွာဖြင့် ဖွဲ့စည်းထားပြီးကွဲပြားသော ဘာသာတရားများဖြင့် ဖွဲ့ စည်းထားသော လူ့အဖွဲ့အစည်းများအလယ် တွင် စည်းလုံးပြီး ရိုသေခြင်းကို အချင်းချင်း ပြကြ သောနိုင်ငံအဖြစ် ကမ်္ဘာ့နိုင်ငံများအလယ်တွင် ဆက်လက်ထွန်းတောက်နေအုံးမည်ကိုလည်း ယုံကြည်ကြောင်း ” ဖြင့် စင်ကာပူ အစိုးရမင်းများ အား မိန့်ကြားတော်မူခဲ့ သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ကေရှန်မူကမ်က ဧည့်ခံကျွေးမွေးသော နေ့လည်စားပွဲတွင်လည်း ဗာတီကန်နိုင်ငံခြားရေး ဝန်ကြီးက “ အသေးလေး သည် လှသည်ဟု ဆိုရိုစကားအတိုင်း စင်ကာပူနိုင်ငံနှင့် ဗာတီကန်နိုင်ငံတို့ သည် ကမ်္ဘာ့ အသေး ဆုံးသော နိုင်ငံများဖြစ်ကြ ကြောင်း၊ စင်ကာပူနိုင်ငံ ၏အလံတွင် အနီရောင် က စိုးမိုးထားသကဲ့သို့ ဗာတီကန် နိုင်ငံ၏ အလံတွင်လည်း အဝါရောင်က စိုးမိုးထားပါကြောင်း၊ စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှ၏ ဗဟို ဆက်ဆံ ကူးလူးသောနိုင်ငံအဖြစ် ရပ်တည်နေသည်ကို ဂုဏ်ယူပါကြောင်း၊ ယနေ့ ကျွန်ုပ်၏ ခရီးစဉ်သည် ဗာတီကန်နှင့် စင်ကာပူနိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၃၄) နှစ်မြောက် လည်းဖြစ်နေကြောင်း၊ စင်ကာပူနိုင်ငံသည် ကမ်္ဘာ့ အတိုးတက်ဆုံးသော နိုင်ငံ များနှင့် ပခုံးယှဉ် တန်း တူရပ်တည်နိုင်ပြီး အထူးသဖြင့် တဖက်စွန်းရောက် ဘာသာရေး အကြမ်းဖက်မှုများ ကြီးစိုးဖြစ်ပျက် နေချိန်တွင် ကမ်္ဘာ ငြိမ်းချမ်းရေးနှင့် သာယာ၀ ပြောရေးတို့တွင်လည်း ပူးပေါင်းပါ ဝင်နေခြင်း အတွက် ဂုဏ်ယူပါကြောင်း၊ စည်းလုံး ညီညွတ် သော ဘာသာပေါင်းစုံ ထွန်းကားသည့် စင်ကာပူ နိုင်ငံတွင် ဆက်လက်ပြီး ဘာသာရေးအချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်းနှင့် ဘာသာရေးလွတ်လပ် ခွင့်များကို ဆက်လက်ဖြစ် ထွန်းနေရန် တိုက် တွန်းလိုပါကြောင်း” ဖြင့် မိန့်ကြားတော်မူခဲ့သည် ဟု သတင်းရရှိသည်။ ကုန်ဇမှုန်း

1468  Views
Previous: ချင်းပြည်နယ်ရှိ ၅၃.၃ ရာခိုင်နှုန်းသော ပြည်သူများသည် ဖျားနာလျှင် ဒေသရှိဒေါက်တာရမ်းကူးများကိုသာ အားထားနေရ
Next: သားသမီးများအား မေတ္တာဆိုဆုတောင်းနည်းကို သင်ကြားပေးရန် ရဟန်းမင်းကြီးက မိဘများအား ဆော်သြတော်မူ