ဦးလာဇရူးအား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmarအဖြစ် ကြေညာခြင်း

ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဦးလာဇရူးအား ဂုဏ်ယူစွာနှင့်ဝမ်းသာ စွာဖြင့် အယ်ဒီတာချုပ်မှ ရွေးချယ်ကြေညာ လိုက်ပါသည်။

ဦးလာဇရူးသည် သာသနာတော်အတွက် ကိုယ်ကျိုးစွန့်ဦးဆောင်လုပ်ဆောင်ခြင်းကြောင့် ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ် အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) ကို ပြန်ရတယ်၊ ပေါ်တူဂီဘုရားကျောင်းလို့နာမည်ကြီးတဲ့ သန်လျင်က ဘာသာရေးမြေကိုလည်း ပြန်ရတယ်၊ ညောင်လေးပင်က မြေကိုလည်း ပြန်ရတယ်ဟု သေဆုံးသော ဦးလာဇရူးကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုက ချီးကျူးဂုဏ်ပြုစကား မိန့်ကြားတော်မူသည်။ ဦးလာဇရူးသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့က ကင်ဆာရောဂါဖြင့် သေဆုံးသွားပြီး ဖြစ်သည်။

သူ၏သာသနာတော်အတွက် ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုအသိအမှတ်ပြုသောအားဖြင့် ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

၎င်းမြေများကို အစိုးရထံမှပြန်ရယူရန် လုပ်ဆောင်ရာတွင် ပါဝင်ခဲ့သော ရှေ့နေကြီးဦးစောဒေမီယမ်က၊ သာသနာမြေတွေကို ပြန်ရအောင် ဦးလာဇရူးက လူရော၊ စိတ်ရော၊ ငွေရော၊ အချိန်ရော ပေးဆပ်ပြီး လုပ်ခဲ့တာ၊ ငါတို့ကတော့ သူ့အဖွဲ့ဝင်တွေပါပဲ။ သူက အစိုးရလူကြီးတွေနဲ့လည်း ပေါက်တယ်လေ၊ ဟု မှတ်ချက်ပြုသည်။

1351  Views
Previous: ကချင်ပြည်နယ်မှ ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) အား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmar အဖြစ် ကြေညာခြင်း
Next: ကက်သလစ်ရဟန်းစောယူဂျင်းအား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmarအဖြစ် ကြေညာခြင်း