စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် NLD သဘောထားထုတ်ပြန်

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ်  NLD သဘောထားထုတ်ပြန်
~~~~
လွှတ်တော်အစည်းအဝေးမခေါ်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအာဏာကို သိမ်းလိုက်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်လိုက်တာဖြစ်ပြီး နိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူနိုင်ဖို့နဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့၊ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့ အလေးနက်တောင်းဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
631  Views
Previous: Daw Aung San Suu Kyi and Her Senior Members were Detained by Myanmar Military
Next: ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော