စစ်တွေမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ လေးဦး စတင်တွေ့ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ကိုဗစ်ပိုးတွေ့လူနာ လေးဦး စတင်တွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ရေးသွားလာနေတဲ့ ကုန်တင်သင်္ဘော လေးစီးက လူ ၄၀ ဦး ကို သီးသန့် စောင့်ကြည့်ပြီး စစ်ဆေးရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ အဲဒီပိုးတွေ့လူနာ လေးဦးကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို ကိုဗစ်ပိုးတွေ့လူနာ စတင်တွေ့လာတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလို အခြေအနေမျိုး ဖြစ်လာမှာကို ဒေသခံတွေကြားမှာ စိုးရိမ်းနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ခုနှစ်က သြဂုတ်လ ၁၆ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ ကိုဗစ်ပိုးတွေ့လူနာ ၄၂၆၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

671  Views
Previous: CDM ဆရာ၊ ဆရာမများနေရာတွင် အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း
Next: ပျူစောထီးဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်နေလဲ