ဆရာတော်ကြီးများက မသင့်လျော်သူများကို ရဟန်းအဖြစ် ရွေးချယ်နေမှုကြောင့် ကက်သလစ်သာသနာတော်အတွင်း ပြသာနာ များပြနေခြင်း ဖြစ်ဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြ

06-b

ယနေ့ခေတ် ကက်သလစ်သာသနာတော်ထွဲတွင် ဖြစ်ပျက်ရင်ဆိုင်နေရသော ထောင်သောင်းမကသော ပြသနာများသည် ရဟန်းမဖြစ်သင့် သော အမျိုးသားများကို ရဟန်းဘောင်သို့ လက်ခံလိုက်ခြင်းမှ စတင်လာခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၃ ရက်နေ့က ရဟန်းမင်းကြီးလက်အောက်ရှိ ရဟန်းတော်များဆိုင်ရာဌာနမှ ပြုလုပ်သော အစည်းအဝေးတွင် ရဟန်းမင်းကြီးဖရန်စစ်က မီးမောင်းထိုးပြတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““ခေါ်တော်မူခြင်းဆိုင်ရာ ပြသာနာများနှင့် ရဟန်းတော်များ မရှိခြင်းသည် ကျွန်တော် တို့ဆရာတော်ကြီးများက မိမိတို့ထံ ရဟန်းဖြစ်လိုသည်ဟု လာရောက်ဆက်ကပ်ကြသော လူငယ်များကို သေချာမစစ်ဆေးမလေ့လာဘဲ လွယ်လွယ်ဆုံးဖြတ်လက်ခံကြသောကြောင့် ဖြစ်ပြီး ဒီလိုလွယ်လွယ် လက်ခံခြင်းသည် သာသနာတော်အတွက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည်”” ဟု မိန့်ကြားတော်မူလိုက်သည်။

““တကယ်တော့ ကျွန်တော်တို့ဆရာတော်တွေဟာ ဘုရားသခင်ရဲ့လူမျိုးတော် ခရစ်ယာန်များ ကောင်းကျိုးကိုစဉ်းစား ကြရမယ်။ ဆိုလိုတာ ကတော့ ရဟန်းဖြစ်လိုသူများအား သေချာလေ့လာခြင်းနဲ့စစ်ဆေးခြင်းတွေကို ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုလေ့လာစစ်ဆေး တယ်ဆိုတာက ဒီရဟန်းလောင်းက ခရစ်တော်ကို ပိုင်ဆိုင်ရဲလား၊ ဒီရဟန်းလောင်းက ကျန်းမာရဲလား၊ စိတ်ဓါတ်ရော မျှတရဲလား၊ သူများကို အစေခံ၊ အနစ်နာခံနိုင်ရဲလား၊ ဘုရားရဲ့နှုတ်ထွက်စကားတော်ကို တခြားသူတွေကို ဟောပြောချင်တဲ့စိတ် ရှိရဲလား၊ မိသားစုအသိုင်းအဝိုင်း ကို ဖွဲ့စည်းလိုတဲ့စိတ် ရှိရဲလား၊ ခရစ်တော် ရဲ့နောက်ကို တကယ်လိုက်ချင်ရဲ့လားဆိုတာတွေကို သေချာနီးနီးကပ်ကပ် စစ်ဆေးသင့်တယ်လို့”” ရဟန်းမင်းကြီးက အမှတ်တမဲ့မှတ်ချက်ပြုတော်မူ လိုက်သည်။ အရှင်သူမြတ်က ““ဒီနေ့ သာသနာတွေထဲမှာ ပြသာနာတွေက ထောင်သောင်း မကပဲ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်တွေ တချို့က မိမိတို့သာသနာမှာ ရဟန်းလိုအပ်လို့ ဆိုပြီး ရဟန်းလောင်းကျောင်းသား တွေ၊ တခြားအသင်းဂိုဏ်း၊ တခြားရဟန်းဖြစ်သင်ကျောင်း ကနေ ထုတ်ပယ်လိုက်တဲ့ ရဟန်းလောင်းတွေကို မှားယွင်းစွာ ဖြစ်စလွယ် ရဟန်းသိကာ တင်ပေးနေကြလို့ပဲ ဖြစ်ပါတယ်။ သာသနာတော်မှာ ရဟန်းတွေ လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကက်သလစ် ဘာသာဝင်ခရစ်ယာန်တွေကို ဖိနှိပ်အုပ်ချုပ်နေတဲ့ ရဟန်းမျိုးကိုတော့ မလိုအပ်ကြောင်း၊ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ဘဝကို ဆိုးဝါးတဲ့ရဟန်းတော်တွေနဲ့ အလဲအလှယ် မလုပ်နိုင်ကြောင်း”” ဖြင့် ရဟန်းမင်းကြီးက မီးမောင်း ထိုးပြတော်မူသည်။

ရဟန်းမင်းကြီးက ရဟန်းလောင်းများနှင့် ရဟန်းများအား သင့်လျှော်သော ပျိုးထောင်ခြင်းပေးခြင်းဆိုသည်မှာ ပတမြားကျောက်ရိုင်းကို ပတမြားအဆင့်သို့ ရရှိနိုင်ရန် တိုက်ယူရသလို လုပ်ယူရမှာဖြစ်ကြောင်း၊ ဒါမှပဲ ရဟန်းတွေဟာ ဘုရားရှင်ရဲ့လူမျိုးတော်အလယ်ထဲမှာ ဝင်းလက်တောက်ပနိုင်ကြ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရဟန်းလောင်းများနှင့်ရဟန်းများကို သင့်လျှော်စွာပျိုးထောင်ပေးခြင်းဆိုသည်မှာ အမြဲတမ်းလုပ်နေရသော လုပ်ငန်းဖြစ်ပြီး အချိန်ယူရသကဲ့သို့ သေချာ ပျိုးထောင်ရကြောင်း၊ စိတ်ရှည်မှု လိုအပ်သလို လူတစ်ဦး၏သြတပစိတ် ကိုလည်း လေးစားရန်လိုအပ်ကြောင်း၊ ဓမပညာများကို သင်ယူအောင်မြင်ရုံမျှဖြင့် မလုံလောက်ကြောင်း၊ အမြဲတမ်းမိုးရွာနေပူသည်ဖြစ်စေ အများကို အစေခံနိုင်ရန်နှင့် ခရစ်တော်ဘုရား ၏ နောက်လိုက်သား ဖြစ်နေရန်လိုအပ်ကြောင်းဖြင့် ပြင်ဆင်ရေးသားထားသော စာရွက်ကို ဖတ်ရှုမိန့်ကြားတော်မူသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ““ခရစ်တော်ဘုရားက ရဟန်းတွေကို လာခဲ့။ ငါဒါကို ရှင်းပြပေးမယ်၊ ငါ့နောက် ကိုလိုက်ခဲ့၊ ငါလမ်းညွန်ပေးမယ်”” ဟု မသွန်သင်ခဲ့ကြောင်း၊ ““လာခဲ့ပါ ငါလုပ်သလို လိုက်လုပ်ပါ”” ဟုသာ မိမိ၏နောက်လိုက်တပည့်များကို ဖိတ်ခေါ်မိန့်ကြားခဲ့ကြောင်းဖြင့် မီးမောင်းထိုးပြတော်မူသည်။ နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက အရေးကြီးသော အချက်သည် ရဟန်းလုပ်ရသော အလုပ်ထက် ရဟန်းဖြစ်ခြင်းက ပိုပြီးအရေးကြီးကြောင်း၊ ရဟန်းဖြစ်နေခြင်းသည် ဘာသာဝင်များအလယ်တွင် သိုးထိန်းများအဖြစ် ရပ်တည်ပေးရန်၊ ခရစ်တော်ဘုရားရှင်၏ သနားကြင်နာခြင်းကို လက်ဆင့်ကမ်းပေးရန်နှင့် ကိုယ်တော်မြတ်မှတဆင့် ယေဇူးဘုရားရှင်ကို မိမိတို့အလယ်တွင် တည်ရှိနေစေရန်၊ ခရစ်တော်ဘုရားနှင့်အဆက်အသွယ်လုပ်နေရန်နှင့် ဆုတောင်းမေ တာကို အမြဲတမ်း ရွတ်ဆိုနေခြင်းတို့သည် ရဟန်းဘဝကို ခွန်အားဖြစ်စေသည်ဟု ဆုံးမစကားကို မိန့်ကြားတော်မူလိုက်သည်။ ၀၀၆ ဂျိုးဇက်

1970  Views
Previous: မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်မှ လစဉ်သတင်းစာစောင်သစ်တစ်ခုကို ဗမာဘာသာစကားဖြင့် ထုတ်ဝေရန်ရှိ
Next: ဗာတီကန်အတွင်းရှိ အဏုမြူလက်နက်သည် အတင်းအဖျင်းပြောဆိုသော လက်နက်သာဖြစ်ကြောင်း ရဟန်းမင်းကြီး မိန့်ကြားတော်မူ